Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် သံဃာတော် ၂ ပါးအပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရ ၁ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇွန် ၂၇၊ ၂၀၂၄ ကေအဲန်ယူ-အုပ်ချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇွန်လအတွင်း သံဃာတော် ၂ ပါးအပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရခဲ့ပြီး ၁ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ-ဗဟို က ဇွန်လ ၂၆ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဇွန်လ ၂၁ ရက်နေ့တွင် ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်…

ပင်ညိုးရွာအရှေ့ဘက်စာသင်ကျောင်းအနီး PNO ပြည်သူ့စစ်က ခရီးသွားသူများထံ ငွေးကြေးကောက်ခံနေ

ခမ်းသားငေါဝ်း ဇွန် ၂၇ ၊ ၂၀၂၄ ဆီဆိုင်မြို့နယ် ပင်ညိုးရွာအရှေ့ဘက် စာသင်ကျောင်းအနီး PNO ပြည်သူ့စစ်က ခရီးသွားသည့် သူများထံ ငွေကြေးကောက်ခံမှုပြုလုပ်နေကြောင်း ခရီးသွားပြည်သူတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်၊၊ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု ပင်ညိုးရွာနားတွင် ခွန်ထွိုက်အောင်း ဦးဆောင်သည့် PNO ပြည်သူ့စစ်အဖွဲက ကားကြီးတစ်စီး ၂ သောင်း၊ ကားငယ်တစ်စီး ၁ သောင်း၊ ဆိုင်ကယ်တစ်စီးလျှင်…

စစ်ကောင်စီနှင့်လက်အောက်ခံ PNO ပြည်သူ့စစ်က ပြည်သူ ၂ ဦးကိုအကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်

ခမ်းသားငေါဝ်း ဇွန် ၂၆ ၊ ၂၀၂၄ စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်ကပြည်သူ ၂ ဦးအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း PNLA ကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် လယ်ထွဲကျေးရွာတွင် ပုံမှန်စျေးလာရောင်းနေသည့် ညောင်ရွှေမြို့နယ် ကျားတွန်ကျေးရွာနေ လူငယ် ၃ ဦးကို ဇွန်လ ၂၀ ရက်နေ့၌ စစ်ကောင်စီနှင့် PNO ကဖမ်းဆီးခဲ့ရာ…

စစ်တပ်နှင့် PNO ပြည်သူ့စစ်က ဒရုန်းနှင့်ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် ရွာသား ၃ ဦးဒဏ်ရာရှိ

ခမ်းသားငေါဝ်း ဇွန် ၂၆၊ ၂၀၂၄ ပင်လောင်းမြို့နယ် ညောင်မွူးကျေးရွာတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဒရုန်းနှင့်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရွာသား ၃ ဦးဒဏ်ရရှိခဲ့ကြောင်း ရွာခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် ညောင်မွူးကျေးရွာတွင် ဇွန်လ၂၂ ရက်နေ့ညနေပိုင်းအချိန်၌ ဦးကျော်လွင်ဦး ၃၀ နှစ်၏ နေအိမ်တွင် ဦးအောင်သန်း ၃၇ နှစ်၊ ခွန်အောင်မြင့်၂၀ နှစ် ၄င်းတို့သုံးဦး…

ကျောက်မဲတွင် တိုက်ပွဲအတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံ၂ ဦးသေဆုံး ၃ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ၂၆၊၆၊၂၀၂၄ ကျောက်မဲတွင် တိုက်ပွဲအတွင်း စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇွန်လ၂၅ ရက် တအာင်းတပ်မတော် TNLA ထုတ်ပြန်ချက်အရ သိရသည်။ တအာင်းဒေသ တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် ဇွန်လ ၂၅ ရက်နေ့ နံနက် (၅း၃၀)အချိန်မှစတင်ကာ စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် (PSLF/TNLA) တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ…

ချိန်ကိုက်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ဆက်သေရွာသား၂ ဦးသေဆုံး ၄ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဇွန် ၂၅ ၊ ၂၀၂၄ ချိန်ကိုက်ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ဆက်သေရွာသားလူငယ်၂ ဦးသေဆုံးကာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇွန်လ၂၅ ရက်နေ့တွင် ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ဆက်သေရွာအမျိုးသားလူငယ် ၆ ဦးသည်ဇွန်လ၂၄ ရက်ညနေ ၆ နာရီအချိန်တွင် ဘောလုံးကန်ပြီးအပြန် ဘုရားကုန်းရွာ မြောက်ဘက် တံတားပေါ်တွင် ချိန်ပိုက်ဗုံးဖြင့်တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးကာ ၄…

ဆီဆိုင်မြို့နယ်ထီရီးရွာတွင် PNO ပြည်သူ့စစ်အတွက်နေ့စဥ်ထမင်းထုတ်ပို့ပေးနေရသဖြင့် အခက်အခဲရှိလာ

ခမ်းသားငေါဝ်း ဇွန် ၂၃၊ ၂၀၂၄ ဆီဆိုင်မြို့နယ်ထီရီးကျေးရွာတွင် PNO ပြည်သူ့စစ်အတွက်နေ့စဥ်တစ်အိမ်လျှင်ထမင်း၂ ထုပ်ဆီပို့ပေးနေရသဖြင့် အခက်အခဲရှိလာနေကြာင်း ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထီရီးကျေးရွာတွင် ပြည်သူ့စစ်အတွက်အိမ်တစ်အိမ်လျှင်ထမင်း၂ ထုပ်ဆီနေ့စဥ် ပို့ပေးနေရသည်မှာ တစ်လကျော်ခန့်ရှိခဲ့ပြီဖြစ်သည်၊၊ “ရွာကလူတွေက အဆင်ပြေတဲ့ဟင်းကိုပဲပို့လို့မရဘူး သူတို့ PNA ဖက်ကသတ်မှတ်တဲ့ဟင်းကိုပဲပို့ပေးနေရတော့ ကုန်ကျစရိတ်လည်းများတာပေါ့နော် ဟင်းကလည်းအသားဟင်းတွေပဲစားတယ် ထမင်းကိုလဲနေ့တိုင်း၂ နပ်စာပို့ပေးနေရတယ် ထမင်းထုပ်မပို့ပေးနိုင်တဲ့သူတွေဆိုခြိမ်းခြောက်တယ်”ဟုဒေသခံတစ်ဦးက ပြောသည်၊၊ ထို့သို့နေ့စဥ်ထမင်းထုပ်ပို့ပေးနိုင်ရန် တချို့အဆင်မပြေသူများက အဆင်ပြေသူများထံ…

နောင်ကားရွာတွင် PNO ပြည်သူ့စစ်က ပြည်ပရောက်သူများထံ ငွေ ၄ သိန်းကောက်

ခမ်းသားငေါဝ်း ဇွန် ၂၃၊ ၂၀၂၄ နောင်ကားရွာတွင် PNO ပြည်သူ့စစ်က ပြည်ပရောက်သူများထံ ငွေ ၄ သိန်းကောက်ကောက်ခံပြီး မထည့်ပါက ရွာထဲတွင်ကျန်ခဲ့သည့် မိသားစုများအား ခြိမ်းခြောက်နေကြောင်းဇွန်လ၂၃ ရက်နေ့တွင် ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ နောင်ကားရွာတွင် PNOပြည်သူ့စစ်က ပြည်ပရောက်သူများထံ ငွေ ၄ သိန်းကောက်ကောက်ခံပြီး မထည့်သည့်သူများအား PNOပြည်သူ့စစ်က ရွာထဲတွင်ကျန်ခဲ့သည့် မိသားစုများကို ခြိမ်းခြောက်နေသည်။…

စစ်အကြွင်းအကျန်တစ်ခုပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇွန်လ ၂၂၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက် ပိုင်း၊ လားရှိုးမြို့ ရပ်ကွက် ( ၇ )နယ်မြေ( ၆ )ရှိ ရပ်ကွက်ရုံးရှေ့တွင် စစ်လက်နက်ကြွင်းကျန်တစ်ခုပေါက်ကွဲမှုကြောင့် အသက် ၁၂ အရွယ်ကလေး လက်နှစ်ဖက်ပြတ်ဒဏ်ရာရပြီး ၃ ဦးအပြင်းထန်ဒဏ်ရာရသွားကြောင်း TNLA က ဇွန်လ ၂၁ ရက်နေ့တွင်ထုတ်ပြန်ထား သည်။ အဆိုပါကလေးငယ်များသည် ရပ်ကွက်ရုံးအနီးတွင် လက်နက်အမျိုးအစားမသိသည့်…

အပြစ်မဲ့ ကုန်းဆွတ်ရွာသား ၄ ဦး ကို စစ်ကောင်စီ ပစ်သတ်

ခမ်းသားငေါဝ်း ဇွန်လ၂၁၊၂၀၂၄ အပြစ်မဲ့ ကုန်းဆွတ်ရွာအမျိုးသား လူငယ် ၄ ဦးကိုစစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဇွန်လ ၂၁ ရက်နေ့တွင်မျက်မြင်သူများထံမှ သိရသည်။ ကယား(ကရင်နီ)ပြည် ၊လွိုင်ကော်မြို့နယ်၊ကုန်းဆွတ်ကျေးရွာနေ လူငယ်အမျိုးသားလေးဦးကို ဇွန်လပထမပတ်အတွင်းတွင် စစ်ကောင်စီကလှမ်းခေါ်ပြီး ထွက်ပြေးသွားသဖြင့် စစ်ကောင်စီက လိုက်ဖမ်းပြီးနောက် ဖမ်းမိသည့်အချိန်တွင် စစ်ကောင်စီကသေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ဒေသခံက ပြောသည်။ “ဗမာစစ်သားကပစ်သတ်တာဖြစ်တယ်။သူတို့ လူပျိုအရွယ်တွေ စစ်သားခေါ်တာ သူတို့ကကြောက်ပြီးထွက်ပြေးသွားတာ။စစ်ကောင်စီကလည်း PDFလို့စွပ်စွဲပြီးလိုက်ဖမ်းတာ…