Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံနှစ်ဦးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင် ၄ ၊ ၂၀၂၄ လားရှိုးမြို့တွင် လက်နက်ကြီးကျ‌ရောက်မှုကြောင့် သားအမိနှစ်ဦး သေဆုံးသွားသည်ဟု ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဇူလိုင်လ ၄ ရက်နေ့ မနက်ပိုင်းအချိန်တွင် နေအိမ်တစ်အိမ်ပေါ် လက်နက်ကြီးကျရောက်ခဲ့သည့်အတွက် သားအမိနှစ်ဦး သေဆုံးသွားသည်။ “လက်နက်ကြီးကနေ့တိုင်းပစ်နေကြတယ် နေ့တိုင်းလည်းကြားနေရတယ် မနေ့ကလည်းသေတယ် ဒီမနက်လည်း ထပ်ကျတော့ထပ်သေတယ် မြို့ကနေလည်းထွက်လို့မရဘူး ကြောက်ကလည်းကြောက်တယ် အိပ်လို့လည်းမရ စားလည်းမဝင်ဘူး…

လာရှိုးတွင် တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများပိတ်မိနေ

ခမ်းသားငေါဝ်း ဇူလိုင် ၄ ၊ ၂၀၂၄ လားရှိုးတွင် တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံပြည်သူအမြောက်အများပိတ်မိနေကြကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ဇွန်လ ၂ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများပြင်းထန်နေပြီးလက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်နေကြပြီးပြည်သူများ ပိတ်မိနေသည်။ ”ဒီဘက်ကလည်းလက်နက်ကြီးတွေလှမ်းပစ်၊ ဟိုဘက်ကလည်း လှမ်းပစ်နေကြတာ တစ်နေ့လုံးပဲ၊ မြို့ထဲလက်နက်ကြီးတွေကျပြီး လူတွေထိခိုက်သေဆုံးတာတွေလည်းရှိတယ်၊ လမ်းတွေကလည်းပိတ်ထားတော့ ထွက်လို့မရသေးဘူး” လို့ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ ကြိုမသိဘဲ…

PNO ပြည်သူစစ်က ထမ်းယံတိုင်ရွာ ဒေသခံတစ်ဦးကိုပစ်သတ်ပြီး တစ်ဦးကိုဖမ်းဆီးသွား

ခမ်းသားငေါဝ်း ဇူလိုင် ၄ ၊ ၂၀၂၄ PNOပြည်သူစစ်က ထမ်းယံတိုင်ရွာသားတစ်ဦးကို ရွာလယ်ခေါင်တွင်ပစ်သတ်ပြီး တစ်ဦးအား ဖမ်းဆီးသွားခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော်PNLAထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထမ်းယံ တိုင်ရွာ၌ဇွန်လ ၃ ရက်နေ့တွင် PNO ပြည်သူစစ်က ခွန်တငွေကို ရွာလယ်ခေါင်တွင်ပစ်သတ်ပြီး ခွန်မောင်ပေကိုလည်း ဖမ်းဆီးသွားခဲ့ပြီး ယခုထိ အဆက်သွယ်များ မရသေးကြောင်း သိရသည်။ “ပြည်သူ့စစ်က လူမျိုးစုကို…

မဲနယ်တောင်ဒေသတွင် PNO ပြည်သူ့စစ်အပြင် စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူနေခြင်းကြောင့် ဒေသခံများအခက်အခဲဖြစ်

ခမ်းသားငေါဝ်း ဇူလိုင် ၃၊ ၂၀၂၄ မဲနယ်တောင်ဒေဒတွင် PNO ပြည်သူ့စစ်အပြင် စစ်ကောင်စီလည်း စစ်မှုထမ်းရန် ခေါ်ယူနေခြင်းကြောင့် ဒေသခံများအခက်အခဲကြုံတွေ့နေရကြောင်း ဇူလိူင် ၃ ရက်နေ့တွင် ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသတွင် ဇွန်လအတွင်း PNO ပြည်သူ့စစ်အပြင် ၊စစ်ကောင်စီလည်း စစ်မှုထမ်းခေါ်ယူနေသည့်အတွက် ဒေသခံများအခက်အခဲကြုံနေရသည်။ “စစ်မူထမ်းတာတော့ စာရောက်လာပြီ သတင်းတော့ ထပ်မထူးသေးဘူး။ PNOပြည်သူ့စစ်ခေါ်တာကျတော့…

ဆောင်းပြောင်းကျေးရွာအထွက်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်လာခြင်းကြောင့် စစ်ရှောင်တစ်ဦး ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇူလိုင် ၃ ၊ ၂၀၂၄ ဆောင်းပြောင်းကျေးရွာအထွက်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်လာခြင်းကြောင့် စစ်ရှောင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဇူလိူင်လ ၃ ရက်နေ့တွင် သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း(အနောက်) ကျေးရွာတွင် တိုက်ပွဲရှောင်အဖြစ် ရောက်ရှိနေထိုင်လျှက်ရှိသည့် ခွန်အောင်ကျော်မိုးသည် ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်စဥ် လက်နက်ကြီးထိမှန်ခြင်းကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ “ခုဒဏ်ရသူက ပင်လောင်းမြို့ဆေးရုံမှာ ဆေးကုသနေတယ်။ စိုးရိမ်ရတာတော့မရှိဘူး”ဟု…

စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ပွဲချင်းပြီးသေဆုံးသည့် မိသားစုဝင် ၆ ဦးအပါအဝင် ၇ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင် ၃ ၊ ၂၀၂၄ လားရှိုးမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ပွဲချင်းသေဆုံးသည့် မိသားစုဝင် ၆ ဦးအပါဝင် အရပ်သား(၇)ဦးသေဆုံးကာနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်၊၊ ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းတပ်မတော်(၆)စစ်ဒေသ လားရှိုးမြို့နယ်၌ ဇူလိုင်လ(၃)ရက် နံနက် (၈:၃၀)အချိန်တွင် စစ်ကောင်စီလက်နက် ကြီးပစ်ခတ်မှုကြောင့် မိသားစုဝင်(၆)ဦးပွဲချင်းသေဆုံးခဲ့ကြောင်း ဆိုထားသည်၊၊ အလားတူလားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာတွင်လည်း နေအိမ်တစ်အိမ်ပေါ်သို့ လက်နက် ကြီးကျရောက်ပေါက်ကွဲမှုကြောင့်…

ရှမ်းမြောက်တွင် စစ်ကောင်စီမှလေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၁၁)ဦးသေဆုံးပြီး (၄)ဉီးထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း ဇွန်လ ၂၉၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲအတွင်း စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် မှု ကြောင့် အရပ်သား ၁၁ ဦးသေဆုံးခဲ့ရပြီး ၄ ဉီးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ ‌မိုးမိတ်မြိုနယ်တိုတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီမှ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ ဇွန်လ (၂၈) ရက်နေ့က…

ရှမ်းမြောက်တိုက်ပွဲအတွင်းစစ်ကောင်စီကလက်နက်ကြီး နှင့်တိုက်လေယာဥ် တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇွန်လ ၂၈၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ မိုးကုတ်နှင့် ကျောက်မဲ မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရသွားကြောင်း TNLA ကထုတ်ပြန်ထားသည်။ ကျောက်မဲ မြို့တွင် ဇွန်လ ၂၇ ရက်နေ့၌ နေအိမ်ပေါ်လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရပ်ကွက် ၂ ရှိ အသက်…

ဆီဆိုင်တွင် စစ်ဘေးရှောင်ရာမှ ပြန်လာသူများကို PNO ပြည်သူ့စစ်က စစ်မှုထမ်းရန်ခေါ်ယူနေပြီး ငွေကြေးကောက်ခံနေ

ခမ်းသားငေါဝ်း ဇွန် ၂၇ ၊ ၂၀၂၄ ဆီဆိုင်မြို့နယ်တွင် စစ်ဘေးရှောင်ရာမှ ပြန်လာသူများကို PNO ပြည်သူ့စစ်က စစ်မှုထမ်းရန်ခေါ်ယူနေပြီး ငွေကောက်ခံနေကြောင်း ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ကျေးရွာဖက်တို့တွင် ယခုဇွန်လအတွင်းတွင် စစ်ဘေးရှောင်ရာကနေမှ ပြန်လာကြသည့် ဒေသခံများကို တစ်အိမ်တစ်ယောက်စစ်မှုထမ်းသွားရန် PNO ပြည်သူ့စစ်က ခေါ်နေပြီး ငွေကြေးကောက်ခံနေသည်။ “မြို့ပေါ်တော့မကြားသေးဘူး ရွာဖက်တွေတော့ ခေါ်နေပြီ။ စိတ်ညစ်စရာအရမ်းအကောင်းတယ်”ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။…

စစ်ပွဲ​ဖြစ်ပွားသည့်အတွက် တရွတ်မွူးရွာသားများဘေးလွှတ်ရာသို့ တိမ်းရှောင်နေရ

ခမ်းသားငေါဝ်း ဇွန် ၂၇ ၊ ၂၀၂၄ ကျေးရွာအတွင်း စစ်ပွဲဖြစ်ပွားသည့်အတွက် ပင်လောင်းမြို့နယ် တရွတ်မွူးရွာသားများဘေးလွတ်ရာသို့ ရွာလုံးကျွတ် တိမ်းရှောင်နေရ ကြောင်းဒေသခံထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း မြို့နယ် တရွတ်မွူးရွာထဲတွင် ဇွန်လ၂၄ ရက်နေ့မနက်ပိုင်းက စစ်ပွဲရုတ်တရက် ဖြစ်ပွားသည့်အတွက် ရွာသားများသည် အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့် ဘေး လွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။ ”ပစ္စည်းဆိုအကုန်မသယ်ရဘူး။တစ်ချို့ဆိုသယ်တောင်မသယ်ရဘူး။စစ်ပွဲကရေရှည်ဖြစ်မယ်ဆိုရင် စားနပ်ရိက္ခာ တွက်စိုးရိမ်ရမယ်”ဟုဒေသခံစစ်ဘေးရှောင်တစ်ဦးက…