Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

စစ်မှုထမ်းစာရင်းကောက်ယူရာ ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအကျပ်စာရင်းမသွင်းရန် စစ်ကောင်စီစစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌပြောဆို

ခမ်းသားငေါဝ်း ဇူလိုင် ၁၃၊ ၂၀၂၄ စစ်မှုထမ်းစာရင်းကောက်ရာတွင် ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအကျပ်စာရင်းမသွင်းရန်စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌပြောဆိုလိုက်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် မီဒီယာကဖော်ပြထားသည်။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ လုပ်ငန်းညှိနှိင်းအစည်းအဝေးအမှတ်စဉ်(၅/၂၀၂၄)ကို ဇူလိုင်၁၂ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ထိုသို့ပြောဆိုလိုက်သည်။ ထို့အ​ပြင် အသက်မပြည့်သေးသူများ၊ အသက်ကျော်လွန်သူများ မပါရန်ကိုလည်း တိတိကျကျထိထိရောက်ရောက်လုပ်ဆောင်ရန် စစ်ကောင်စီ ၏…

KNU ထိန်းချုပ်နယ်မြေတွင် ၆ လတာအတွင်း တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၁၉၀၃ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၈၁ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင် ၁၃၊ ၂၀၂၄ KNU ထိန်းချုပ် နယ်မြေတွင် ၆ လတာအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၁၉၀၃ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်လိုက်သည်။ ၂၀၂၄ ခုနှစ် ပထမ ၆ လတာ တိုက်ပွဲများအတွင်း ဖြစစ်ကောင်စီတပ်သား ၁၉၀၃ ဦး သေဆုံးပြီး ၁၂၇၅ ဦးခန့် ထိခိုက်…

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) တိုက်ပွဲ ၁၈ ရက်အတွင်း အရပ်သားပြည်သူ ၅၈ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင်၁၃၊၂၀၂၄ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) တိုက်ပွဲ ၁၈ ရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှကြောင့် အရပ်သားပြည်သူ ၅၈ ဦးအထိသေဆုံးခဲ့ရပြီဖြစ်ကြောင်း TNLA သတင်းထုတ်ပြန်ချက်အရသိရသည်။ စစ်ကောင်စီက အရပ်သားများကို ဦးတည်ကာ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် (၁၀၀) နီးပါးထိခိုက်ပျက်စီးပြီး ပြည်သူ ၈၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဆိုသည်။ ဇူလိုင် ၁၂ ရက်နေ့က လားရှိုးမြို့…

စစ်ကောင်စီကြောင့် နိုင်ငံတစ်ဝန်းတွင် ၁၈ နှစ်အောက်ကလေး ၁၄၇ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင် ၁၃၊ ၂၀၂၄ နိုင်ငံတစ်ဝန်းတွင် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ စစ်ကောင်စီကြောင့် အသက် ၁၈ နှစ်အောက်ကလေး ၁၄၇ ဦးသေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီရေးအသင်း AAPP က ဇူလိုင်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ သေဆုံးသူများထဲမှ မိန်းကလေး ၅၃ ဦး နှင့် ယောက်ျားလေး…

ပင်လောင်းတွင် ဒေသခံကားများကို PNO ပြည်သူ့စစ်ကချောဆွဲပြီး စစ်မြေပြင်အထိ အကြိုအပို့လုပ်ခိုင်းနေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၁ ၊ ၂၀၂၄ ပင်လောင်းတွင် ဒေသခံကားများကို PNO ပြည်သူ့စစ်က ချောဆွဲပြီး စစ်မြေပြင်အထိ ခေါ်သွားကာ အကြိုအပို့ လုပ်ခိုင်းကြောင်း ဇူလိူင်လ ၁၁ ရက်နေ့တွင် ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊တောင်လေး၊ ဝါးလီး၊ လိန်းညား ၊ ပင်ခွန်ရွာမှ ကားရှိသောသူများကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ခေါ်ယူပြီး…

တောင်ထီဗွာကျေးရွာအုပ်စုအတွင်း PNO ပြည်သူ့စစ်က ကားခွန်၊စက်ခွန်များအပြင် လစဥ်ငွေကြေးကောက်ခံနေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၀ ၊ ၂၀၂၄ တောင်ထီဗွာကျေးရွာအုပ်စုအတွင်း PNO ပြည်သူ့စစ်က ကားခွန်၊ စက်ခွန်များကောက်ခံနေသည့်အပြင် လစဥ်ငွေကြေး ကောက်ခံနေသည့်အတွက် အခက်အခဲများကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တောင်ထီဗွာကျေးရွာအုပ်စုအတွင်းတွင် ဇွန်လကစပြီး PNO ပြည်သူ့စစ်က ကားခွန်၊စက်ခွန်များကောက်ခံနေသည့်အပြင် လစဥ်တစ်အိမ် ၃ သောင်း ၅ သောင်းစသည်ဖြင့်ကောက်ခံနေသည်။ “ခုက အလုပ်တွေလည်း မရှိဘူးလေ…

တခါးယဉ်ရွာတွင် PNOပြည့်သူ့စစ်အတွက် ထမင်းထုပ်ပို့ပေးနေရ

ခမ်းသားငေါဝ်း ဇူလိုင် ၉ ၊ ၂၀၂၄ ပင်လောင်းမြို့နယ် တခါးယဉ်ရွာတွင် PNO ပြည်သူ့စစ်အတွက် ထမင်းထုပ်ပို့ပေးနေရကြောင်း ဒေသခံထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဘက် တခါးယဉ်ကျေးရွာတွင် ကင်းစောင်နေ့သည့် PNO ပြည်သူ့စစ်များအတွက် ဇူလိုင် ၄ ရက်မှစပြီး ထမင်း၊ဟင်း တစ်အိမ်(၂)ထုပ် ပို့ပေးနေရသည်၊၊ “အလှည့်ကျပို့ပေးရတာပေါ့ ထမင်းထုပ်ကို အိမ်တစ်အိမ်မှာစုပြီးသွားပို့ရတယ် သူကနေတဆင့်ကင်းစောင့်တဲ့လူကိုသွားပေးရတယ် “ဟု ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်၊၊…

ဘုရားဆင်းတုတော်အပြင် ငွေသိန်း ၃၄၀ နှင့် ပြည်သူပိုင်ပစ္စည်းများကို PNO ပြည်သူ့စစ်ယူဆောင်သွား

ခမ်းသားငေါဝ်း ဇူလိုင် ၉၊ ၂၀၂၄ နားခိုက်ရွာတွင် ရွာသားအိမ်ရှိ ဘုရားဆင်းတုတော် အပြင် ငွေကျပ်သိန်းပေါင်း ၃၄၀ ကျော်နှင့် ပြည်သူပိုင် ပစ္စည်းများကို PNO ပြည်သူ့စစ်က အတင်းအဓမ္မယူဆောင်သွားကြောင်း ဒေသခံများထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင် ၆ ရက်က PNO ပြည်သူ့စစ် တပ်သားများက ပြည်သူလူထုနေအိမ်ကို ဖောက်ဖျက်ပြီး ပြည်သူ့အိုးအိမ်ပိုင်ပစ္စည်းများကို…

လွယ်မောတောင်ဒေသတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်အတွက် ဆန်နှင့်ငွေကြေးအပြင် နေစဉ် ထမင်း၊ ဟင်းထုပ်ပေးနေရ

ခမ်းသားငေါဝ်း ဇူလိုင် ၉ ၏ ၂၀၂၄ လွယ်မောတောင်ဒေသတွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်အတွက် ဆန်နှင့်ငွေကြေးပေးနေရသလို နေ့စဉ် ထမင်း၊ ဟင်းထုပ်လည်းပေးနေရကြောင်း ဇူလိူင်လ ၉ ရက်နေ့တွင်ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသ ထမ်းယမ်၊ ထီတမ်ရွာနှင့် နားခိုက်ရွာတို့တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ငွေ၊ဆန်ကောက်ခံနေသည့်အပြင် နေ့စဉ်လည်း ထမင်း၊ ဟင်းထုပ်ပေးနေရသည်။ “ဆေးလိပ်ဖိုး၊ ဘီယာဖိုး၊…

ခမ်းသားငေါဝ်းသတင်း Share သူတစ်ဦး၏ မိသားစုကို PNO ပြည်သူ့စစ်က ခေါ်ယူခြိမ်းခြောက်

ခမ်းသားငေါဝ်း ဇူလိုင် ၈၊ ၂၀၂၄ The People ‘s Voice ခမ်းသားငေါဝ်းသတင်း Share သူတစ်ဦး၏မိသားစုကို PNO ပြည်သူ့စစ်က ယနေ့မနက်တွင် ခေါ်ယူစစ်ဆေးပြီး ခြိမ်းခြောက်မှုပြုလုပ်ခဲ့ကြောင်း သတင်း Share သူကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မြှောက်ဖက်ကျေးရွာ တစ်ရွာတွင် The People ‘s Voice ခမ်းသားငေါဝ်းသတင်းငှာနမှ ရေးသားတင်ထားသည့် သတင်းကို…