Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

PNO ကသေနတ်နှင့် ပစ်ခတ်သဖြင့် တောင်ယာခြံ တွင် အလုပ်လုပ်နေသည့် တောင်သူနှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇူလိုင် ၁၈ ၊ ၂၀၂၄ သစ်ပင်ကောက်ရွာ၌ တောင်ယာခြံထဲတွင် အလုပ်လုပ်နေသည့် တောင်သူနှစ်ဦးကို PNO ပြည်သူ့စစ်ကသေနတ်ဖြင့်ပစ်ခတ်သဖြင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် သစ်ပင်ကောက်ရွာတွင် ဇူလိူင်လ ၁၈ ရက် နေ့လယ်ပိုင်းတွင် တောင်ယာခြံထဲတွင် အလုပ်လုပ်နေသော တောင်သူနှစ်ဦးကို PNO ပြည်သူ့စစ်ကသေနတ်နှင့်ပစ်ခတ်သဖြင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ “PNO ကရွာနားလာပြီး သေနတ်လာဖောက်တယ်။တောင်ယာခြံထဲဆေးဖြန်းနေတဲ့…

ကျိုက်မရောထောင်တွင် နိုင်ငံရေးအကျဉ်းသား ၅ ဦးရိုက်နှက်ခံရ၊ တိုက်ပိတ်ခံရပြီး ထောင်တွင်းပုဒ်မများဖြင့် အမှုရင်ဆိုင်နေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၇ ၊ ၂၀၂၄ မွန်ပြည်နယ် ကျိုက်မရောဗဟိုအကျဉ်းထောင်တွင်နိုင်ငံရေးအကျဉ်းသား ၅ ဦး ရိုက်နှက်ခံရ၊ တိုက်ပိတ်ခံထားရပြီး ထောင်တွင်းပုဒ်များစွာဖြင့် အမှုရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကဇူလိုင်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့ ညနေ တန်းပိတ်ချိန်တွင် ထောင်ဦးစီးမှူး ကျော်ဇင်အောင် ဦးဆောင်သည့် ဝန်ထမ်း…

စစ်ကောင်စီမှ အတွဲလိုက်ဒုံးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါဝင် ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဇူလိုင် ၁၇ ၊ ၂၀၂၄ မန္တလေးတိုင်း မိုးကုတ်မြို့၌ ဇူလိုင်လ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် အတွဲလိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် (၁)ဦးအပါအဝင် (၂)ဦးသေဆုံးပြီး (၅)ဦး ဒဏ်ရာပြင်းထန်ရရှိသည်ဟု TNLA ထံမှ သိရသည်။ မိုးကုတ်မြို့ အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စွဲထားသည့် ဗျူဟာကုန်းမှနေ၍ မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်အုပ်စု ပန်မချယ်ရီရပ်ကွက်ဘက်သို့ အတွဲလိုက်ဒုံးများဖြင့်…

ရှမ်းတောင် တိုက်ပွဲဖြစ်ပွားသည့် ၅ လကျော်အတွင်း ကလေးနှင့်အမျိုးသမီးအပါအဝင် အရပ်သား ၉၆ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင် ၁၆၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်းတိုက်ပွဲဖြစ်ပွားသည့် ၅ လကျော်အတွင်းတွင် ကလေးနှင့်အမျိုးသမီးအပါအဝင်အရပ်သား ၉၆ ဦးသေဆုံးသွားခဲ့ရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံး၊ ရပ်စောက်၊ ညောင်ရွှေမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားသည့် ၁၅၆ ရက်အတွင်း ကလေးနှင့်အမျိုးသမီးအပါအဝင် အရပ်သား ၉၆ ဦးသေဆုံးပြီး ၁၄၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း…

တောင်ကြီးမြို့ ကိုးကန့်လူမှုရေးခန်းမရောက် စစ်ဘေးရှောင်များနှင့် မိဘမဲ့ကလေးများ စားဝတ်နေရေးအတွက်လိုအပ်နေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၆၊ ၂၀၂၄ ကိုးကန့်လူမှုရေးခန်းမရောက် လားရှိုးမှစစ်ဘေးရှောင်များနှင့် မိဘမဲ့ကလေးများအတွက် စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေကြောင်းဇူလိုင်လ(၁၆)ရက်နေ့တွင် ကိုးကန့်လူမှုရေးခန်းမတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ကိုးကန့်လူမှုရေးခန်းမ၌ လားရှိုးမြို့တွင်တိုက်ပွဲကြောင့် စစ်ဘေးရှောင်မိဘမဲ့ကလေး(၆၁)ဦးအပါအဝင် စစ်ဘေးရှောင်ဦးရေ(၅၀၀)ဝန်းကျင်ရောက်ရှိလာပြီး ၎င်းတို့အတွက်စားဝတ်နေရေးအတွက် အကူအညီလိုအပ်နေသည်၊၊ “လက်ရှိလိုအပ်ချက်ဆိုရင် အဓိကကတော့အလှူရှင်တွေပါပဲ နောက်ပြီးတော့မနေ့ကမှရောက်လာတဲ့ မိဘမဲ့ကလေးတွေက တစ်ချို့ကလေးတွေက လေးငါးခြောက်နှစ် ဆယ်နှစ်ကျော်ကျော်လောက်တွေပဲ ရောက်လာတဲ့ချိန်ဆိုတစ်ချို့က ဖိနပ်လည်းမပါ ဘောင်းဘီတွေကလည်းပေါက်ပြဲ၊…

TNLA ကတဖက်သတ်အပစ်ရပ်ညွန်ကြားသော်လည်းစစ်ကောင်စီကလက်နက်ကြီးနှင့် လေကြောင်းစပ်ခတ်မှုကြောင့်ပြည်သူတစ်ဦးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင် ၁၅၊ ၂၀၂၄ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ ဇူလိုင်လ (၁၄)ရက်မှစပြီး လေးရက်တာ တစ်ဖက်သတ်အပစ်ရပ်ထားသော်လည်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးဆက်တိုက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား (၁)ဦးသေဆုံးပြီး (၃) ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။ ကျောက်မဲမြို့တွင်ဇူလိုင်၁၅ ရက်ညနေ ၃ နာရီအချိန်က စစ်ကောင်စီမှ လက်နက်ကြီး အလုံး(၃၀)ခန့်ပစ်ခတ်ခဲ့ရာ နမ့်ဟူးတောင်အထက်ကျေးရွာနေ အဖွားအို (၁)ဦးထိမှန်သေဆုံးသွားသည်။…

ဆောင်းပြောင်းဒေသခံများ၏ ပစ္စည်းများအား စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ခိုးယူသယ်ထုတ်နေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၅၊ ၂၀၂၄ ဆောင်းပြောင်းနှင့်ကောင်ဗာရွာထဲရှိ ကုန်စုံဆိုင်များနှင့်ပြည်သူနေအိမ်များတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ပစ္စည်းများအား ခိုးယူသယ်ထုတ်နေကြောင်း ဒေသခံထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းနှင့်ကောင်ဗာရွာရှိ ဒေသခံနေအိမ်များနှင့် ကုန်စုံဆိုင်များအား စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ကဖောက်ပြီး စားစရာနှင့်အခြားသောပစ္စည်းများ ခိုးယူသယ်ထုတ်နေကြောင်းသိရသည်၊၊ “အိမ်ကပစ္စည်းတွေ မွှေနှောက်ခံရတယ်၊ ဘုရားရုပ်ထုတွေ ဗီရိုတွေ လမ်းလယ်ခေါင်မှာလည်း ပြန့်ကျဲနေတာ”ဟု ဒေသခံတစ်ဦးကပြောသည်၊၊…

နမ်းဗွန်ကျေးရွာအနီးတွင် PNO ပြည်သူ့စစ် နှစ်ဦးပစ်သတ်ခံရ

ခမ်းသားငေါဝ်း ဇူလိုင် ၁၅၊ ၂၀၂၄ နမ်းဗွန်ကျေးရွာအနီးတွင် PNO ပြည်သူ့စစ် နှစ်ဦးပစ်သတ်ခံရကြောင်း ဇူလိူင်လ ၁၅ ရက်နေ့တွင် ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် နမ်းဗွန်ရွာအနီးတွင် ဇူလိူင်လ ၁၄ ရက် မနက် ၁၁ နာရီအချိန်တွင် PNO ပြည်သူ့စစ် တပ်သားနှစ်ဦး ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်းသိရသည်။ “ဆိုင်ကယ်မောင်းရင်း ပစ်ခတ်ခံရပြီး သေသွားတာ။နှစ်ဦးစလုံးက…

ပင်လောင်းတိုက်ပွဲအတွင်း ဆောင်းပြောင်းဘုန်းကြီးကျောင်း ပျက်စီးသွား

ခမ်းသားငေေါဝ်း ဇူလိုင် ၁၄၊ ၂၀၂၄ ပင်လောင်းတိုက်ပွဲအတွင်း ဆောင်းပြောင်းဘုန်းကြီးကျောင်း ပျက်စီးသွားခဲ့ကြောင်း ဇူလိူင်လ ၁၄ ရက်နေ့တွင် သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ဆောင်းပြောင်း ကျေးရွာရှိ ဘုန်ကြီးကျောင်းကို ဇူလိူင်လပထမပတ်အတွင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ပျက်စီးခဲ့ရကြောင်း သိရသည်။ “ဇူလိူင်လ ၇၊ ၈၊ ၉ ရက်ကတစ်ရက်ရက်ဖြစ်တယ်။ စစ်ကောင်စီလက်နက်ကြီးနဲ့လား လေကြောင်းနဲ့လားဆိုတာတော့သေချာမသိရဘူး။ အဲသုံးရက်က လေကြောင်းယော ၊လက်နက်ကြီးယော…

စစ်မှုထမ်းစာရင်းကောက်ယူရာ ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအကျပ်စာရင်းမသွင်းရန် စစ်ကောင်စီစစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌပြောဆို

ခမ်းသားငေါဝ်း ဇူလိုင် ၁၃၊ ၂၀၂၄ စစ်မှုထမ်းစာရင်းကောက်ရာတွင် ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအကျပ်စာရင်းမသွင်းရန်စစ်ကောင်စီ၏ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌပြောဆိုလိုက်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် မီဒီယာကဖော်ပြထားသည်။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ လုပ်ငန်းညှိနှိင်းအစည်းအဝေးအမှတ်စဉ်(၅/၂၀၂၄)ကို ဇူလိုင်၁၂ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ထိုသို့ပြောဆိုလိုက်သည်။ ထို့အ​ပြင် အသက်မပြည့်သေးသူများ၊ အသက်ကျော်လွန်သူများ မပါရန်ကိုလည်း တိတိကျကျထိထိရောက်ရောက်လုပ်ဆောင်ရန် စစ်ကောင်စီ ၏…