Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

လားရှိုးမြို့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင် ၃ ဦး သေဆုံး ၃ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဇူလိုင် ၂၇၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင်ဇူလိုင် (၂၅)ရက်နေ့က စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားစုဝင် (၃)ဦး သေဆုံးကာ (၃)ဦး ဒဏ်ရာရကြောင်း TNLA ထံမှသိရသည်။ ထို့အပြင် လားရှိုးမြို့ ရပ်ကွက်(၇)၊ ရပ်ကွက်(၁)နှင့် ရပ်ကွက်(၁၂)တို့တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား(၃)ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်တချို့ ထိခိုက်ပျက်စီးသည်ဟု သိရသည်။ တိုက်ပွဲကာလ (၁)လအတွင်း…

PNO ပြည်သူ့စစ်က အတင်းအဓမ္မစစ်သားစုဆောင်းခံရပြီး တာဝန်မပြီးဆုံးခင် ထွက်ပြေးလာသူ ထပ်မံခေါ်ဆောင်ခြင်းခံရသဖြင့် မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်

ခမ်းသားငေါဝ်း ဇူလိုင် ၂၆ ၊ ၂၀၂၄ ကောင်ပန်တင်း (ကံ့ကော်)ရွာမှ အမျိုးသားတစ်ဦး PNO ပြည်သူ့စစ်၏ အတင်းအဓမ္မစစ်စုဆောင်းခံရပြီး တာဝန်မပြီးဆုံးခင်ထွက်ပြေးလာသဖြင့် ထပ်မံခေါ်ဆောင်ခြင်းခံရခြင်းကြောင့် မိမိကိုယ်ကိုကြိုးဆွဲချအဆုံးစီရင်လိုက်ကြောင်း ဒေသခံထံက သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ကောင်ပန်တင်း(ကံ့ကော်)ရွာမှ အသက် ၃၉ နှစ်အရွယ် ခွန်ကြော့သည် PNO ပြည်သူ့စစ်၏ အတင်းအဓမ္မစစ်စုဆောင်းခံရပြီး တာဝန်မပြီးဆုံးခင်ထွက်ပြေးလာသဖြင့် ထပ်မံခေါ်ဆောင်ခြင်းကြောင့် ဇူလိုင် ၂၅…

ဖာမွန်းပန်း ခြံတွင်ရောက်ရှိလာသည့် လားရှိုးမှမိဘမဲ့ကလေးများအတွက် စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်ရန် အကူအညီလိုအပ်နေ

ခမ်းသားငေါဝ်း ဇယလိုင် ၂၅၊ ၂၀၂၄ ဖာမွန်းပန်းခြံတွင် ရောက်ရှိလာသည့် လားရိူးမှ မိဘမဲ့ကလေးများအတွက် စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်ရန် အကူအညီလိုအပ်နေ ကြောင်း ဇူလိုင်လ၂၅ ရက်နေ့တွင် သိရသည်၊၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ တောင်ကြီးမြို့ ဖာမွန်းပန်း ခြံတွင် စစ်ဘေးရှောင်လာသည့်လားရှိုးမှမိဘမဲ့ကလေးများအတွက် စားဝတ်နေရေးနှင့် ကျန်းမာရေးစောင်ရှောက်ရန် အကူအညီလိုအပ်နေ သည်၊၊ “အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပြေးလာရတော့ အဝတ်အစားနဲ့ အဓိကကုန် ကြမ်းဖြစ်တဲ့…

PNOပြည်သူ့စစ်က အောက်လက်ငယ်သားများကို ရှေ့တန်းတက်ခိုင်းပြီး အကြီးပိုင်းများက နောက်တန်းတွင် ဖဲရိုက်၊ ဘီယာ၊ အရက် သောက်ပျော်ပွဲလုပ်နေ

ခမ်းသားငေါဝ်း ဇူလိုင် ၂၅ ၊ ၂၀၂၄ PNO ပြည်သူ့စစ်ကအောက်လက်ငယ်သားများကို ရှေ့တန်းတက်ခိုင်းပြီး အကြီးပိုင်းများက နောက်တန်းတွင် ဖဲရိုက်၊ ဘီယာ၊ အရက်သောက်ပြီးပျော်ပွဲလုပ်နေကြကြောင်း မျတ်မြင်တွေ့သူ ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ ဆီဆိုင်၊ညောင်ရွှေ မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားချိန်၌ PNO ပြည်သူ့စစ်က ရှေ့တန်းကိုလက်အောက်ငယ်သားများအားပို့ပြီး အကြီးပိုင်းများက နောက်တန်းတွင် ဖဲရိုက်၊ ဘီယာ၊ အရက်သောက်ပြီးပျော်ပွဲလုပ်နေကြသည်။ “အငယ်ကလူတွေ…

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း အရပ်သားနေအိမ် ကိုးသောင်းခွဲကျော် ပျက်စီးဆုံးရှုံးခဲ့

ခမ်းသားငေါဝ်း ဇူလိုင် ၂၅၊ ၂၀၂၄ စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သားနေအိမ် ၉ သောင်း ၅ ထောင် ၄၅၀ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar ၏ အချက်အလက်အရသိရသည်။ အာဏာသိမ်းသည့်အချိန်မှ စတင်၍ ၂၀၂၄၊ ဇွန်လ ၃၀ ရက်နေ့အထိ အရပ်သားနေအိမ် ၉…

ဘုရားဖြူရွာတွင် PNO ပြည်သူ့စစ်က ငွေကျပ်သိန်းဆယ်ချီကောက်ခံမှုရှိနေ

ခမ်းသားငေါဝ်း ဇူလိုင် ၂၄ ၊ ၂၀၂၄ ဆီဆိုင်မြို့ ဘုရားဖြူကျေးရွာတွင် PNO ပြည်သူ့စစ်က ကျေးရွာလှုံခြုံရေးအတွက်ဟုဆိုကာ ငွေကျပ်သိန်းဆယ်ချီကောက်ခံမှုရှိနေကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဘုရားဖြူကျေးရွာတွင် PNO ပြည်သူ့စစ်က အစည်းအဝေးခေါ်ပြီး အမျိုးသားများရှိသည့်အိမ် နိုင်ငံခြားတွင်အလုပ်သွားလုပ်သူရှိသည့်အိမ်ဆိုလျှင် ၁၀ သိန်း၊ အမျိုးသားအသက်ရွယ်လွန်ပြီး သမီးများသာရှိသည့် အိမ်များကို ၅ သိန်း၊တစ်ဦးတည်နေထိုင်သည့်အမျိုးသမီးအိမ် မုဆိုးမ၊တစ်ခုလပ်၊ အပျိုကြီး…

ပအိုဝ်းဒေသအတွင်းမှာ အမျိုးသမီးအကြမ်းဖက်ခံရမှု ယခင်ထက်ပိုများလာ

ခမ်းသားငေါဝ်း ဇူလိုင် ၂၀၊ ၂၀၂၄ ရေသားသူ-ခွန်ပေ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပအိုဝ်းဒေသမှာ ကျားမအခြေပြု အကြမ်းဖက်မှုများ ယခင်ထက်ပိုများ လာတယ်လို့ ပအိုဝ်းအမျိုးသမီးသမဂ္ဂ ကောက်ခံတဲ့ စစ်တမ်းအရသိရပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေကို ရိုးရာယဉ်ကျေးမှုအရ၊ ဓလေ့ထုံးတမ်းတွေအရ ပိုပြီးဖိနှိပ်ကြသလို အမျိုးသမီး များဟာ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း နည်းပါးပြီး ဝင်ငွေနည်းကြတဲ့ အတွက် ကျားမအခြေ ပြု အကြမ်းဖက်မှုကို ပိုမိုခံစားနေကြရတယ်လို့…

စစ်ကောင်စီ ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့်အရပ်သား ၁၈ ဦးသေဆုံး ၁၉ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဇူလိုင် ၁၉၊ ၂၀၂၄ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) အပစ်ရပ်ထားသည့် (၄)ရက်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ် သား (၁၈)ဦး သေဆုံးပြီး (၁၉)ဦး ဒဏ်ရာရရှိသည်ဟု TNLA ကထုတ်ပြန်ထားသည်။ မိုးကုတ်မြို့အရှေ့ပိုင်း ကုန်းမြင့်သာယာ၊ မင်းတံတားရပ်၊ ဖောင်တော်ဦးဘုရား၊ ဟက်ဖလားရပ်နှင့် မြို့မရပ်ကွက်တို့တွင် ဇူလိုင်လ ၁၈ ရက်နေ့၌…

စမ်းရေကြည်အနီးတဝိုက်ရှိစစ်ရှောင်များ စားနပ်ရိက္ခာလိုအပ်

ခမ်းသားငေါဝ်း ဇူလိုင် ၁၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ စမ်းရေကြည်အနီးတဝိုက်ရှိ စစ်ရှောင်များ အရေးပေါ် စားနပ်ရိက္ခာ လိုအပ်နေကြောင်းဇူလိုင်၁၉ ရက်က စစ်ဘေးရှောင်ကူညီသူတစ်ဦးထံမှ သိရှိရပါသည်။ ပင်လောင်းတောင်ဖက်တိုက်ပွဲကြောင့် စမ်းရေကြည်အနီးတဝိုက်ရှိ သရက်အုပ်၊ တအိုမုတ်၊ လုံကန်၊ ထီးကာ၊ နန်းဟူး ၊ယပ်စပ်ကျေးရွာတွင် ရှိသည့် စစ်ဘေး‌ရှောင်ပြည်သူတစ်ထောင်ခန့် အခြေခံစားနပ် ရိက္ခာများနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်းသိရှိရသည်။ “အလှူရှင်တွေလည်း မလာတော့လေ…

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦး ပွဲချင်းပြီးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင် ၁၈၊ ၂၀၂၄ စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ(၆)ဦးပွဲချင်းပြီး သေဆုံးပြီး (၁)ဦး ဒဏ်ရာရရှိကာ နေအိမ်(၄)လုံး မီးလောင်ပျက်စီးသွားကြောင်း TNLA က ဇူလိုင်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ လားရှိုးနှင့် မန္တလေးတိုင်း မိုးကုတ်မြို့တို့တွင် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် သေဆုံးသူ၊ ဒဏ်ရာရရှိသူနှင့် နေအိမ်ပျက်စီးမှုရှိနေသည်၊၊ ကျောက်မဲမြို့…