Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

ရွာသားပို့ထားသည့် အသားဟင်းအားသုံးရက်ကြာမှ PNO ပြည်သူ့စစ်ကဖွင့်ကြည့်သည့်အခါ လောက်ကောင်တွေ့သည်ဟုဆိုပြီး ဒဏ်ကြေး သိန်း ၂၀၀ ပေးဆောင်ရ

ခမ်းသားငေါဝ်း ဩဂုတ် ၁ ၊ ၂၀၂၄ ဝိန်းလုံရွာသားများပို့ထားသည့် ထမင်းထုပ်နှင့်အသားဟင်းများကို PNO ပြည်သူ့စစ်က သုံးရက်ကြာမှ ဖွင့်စားသောကြောင့် လောက်ကောင်တွေ့သည့်အခါ မကောင်းကြံသည်ဟုဆိုပြီး ရွာသားများ ကသိန်း ၂၀၀ ဒဏ်ကြေးဆောင်လိုက်ရကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု ဝိန်းလုံရွာသားများပို့ထားသည့် ထမင်းထုပ်နှင့်အသားဟင်းများကို PNO ပြည်သူ့စစ်က သုံးရက်ကြာမှ ဖွင့်စားသောကြောင့် လောက်ကောင်တွေ့သည့်အတွက် မကောင်းကြံသည်ဟုစွပ်စွဲပြီး သိန်း ၂၀၀ ဒဏ်ကြေးဆောင်စေခဲ့သည်။…

တောင်ကြီး ကိုးကန့်လူမှုရေးခန်းမတွင် smart card (စမတ်ကဒ်)ပြုလုပ်ပေးရာတွင်အသက် ၅၀ ကျော်များ မရရှိ

ခမ်းသားငေါဝ်း ဩဂုတ် ၁၊ ၂၀၂၄ တောင်ကြီးမြို့ ရှိ ကိုးကန့်လူမှူရေးခန်းမတွင် smart card (စမတ်ကဒ်)ပြုလုပ်ပေးရာတွင် အသက် ၅၀ ကျော်လူကြီးများက အချိန် ကြာမြင့်စွာစောင့်ခဲ့သော်လည်း smart card (စမတ်ကဒ်) မရရှိခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့သူထံသိရသည်။ ရှမ်းပြည်နယ်တောင်ပ်ိုင်း၊ တောင်ကြီးမြို့ဘုရားဖြူ နယ်မြေ (၁) (၂) (၃) ရှိ နေထိုင်သူများအား ဇူလိုင် ၂၉…

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၈၀ ကျော်သေဆုံးဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၁၊ ၂၀၂၄ တစ်လအတွင်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား(၈၀)ကျော်သေဆုံးခဲ့ရသည်ဟု ဇူလိုင်လ(၃၁)ရက်နေ့တွင် နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ထုတ်ပြန်ချက်အရသိရသည်။ မြန်မာနိုင်ငံတစ်ဝန်း (၂၀၂၄)ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှ (၃၁)ရက်နေ့အထိတစ်လအတွင်း စစ်ကောင်စီတပ်တိုက်ခိုက်မှုများကြောင့် အမျိုးသမီး(၂၄)ဦးသေဆုံးခဲ့ရပြီး အမျိုးသား(၆၀)ဦး စုပေါင်း(၈၄)ဦး သေဆုံးခဲ့ရကြောင်းသိရသည်။ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် အရပ်သား(၄၀)ဦးအများဆုံးသေဆုံးခဲ့ရပြီး ဒုတိယအများဆုံးသေဆုံးမှုမှာ လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် (၁၆)ဦးသေဆုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင်ဆိုထားသည်။ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသတွင် အရပ်သား(၁၅)ဦးစီပထမအများဆုံးသေဆုံးမှုဒေသဖြစ်ပြီး မကွေးတိုင်းတွင်…

ဝမ်စိမ်းရွာအနီးတွင် RCSS နှင့် SSPP စစ်ရေးတင်းမာမှုကြောင့် ဒေသခံများတောင်ယာလုပ်ကိုင်ခွင့်မရ

ခမ်းသားငေါဝ်း ဩဂုတ် ၁၊ ၂၀၂၄ ကျေးသီးမြို့နယ် ဝမ်စိမ်းရွာအနီးတွင် RCSS နှင့် SSPP တို့ကြား စစ်ရေးတင်းမာမှု ကြောင့် အချို့ဒေသခံများ တောင်ယာလုပ်ငန်း လုပ်ကိုင်ခွင့်မရကြောင်း ဩဂုတ်လ ၁ ရက်နေ့တွင် ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်စိမ်းဒေသအနီးတွင် ရှမ်းပြည်ပြန်လှည်ထူထောင်ရေးကောင်စီ RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPPတို့ကြား မကြာခဏတိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့်…

စစ်ကောင်စီ လက်နက်ကြီးနှင့်လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီးနေအိမ် ၁၅ လုံးပျက်စီး

ခမ်းသားငေါဝ်း ဩဂုတ် ၁၊ ၂၀၂၄ လားရှိုးမြို့တွင် စစ်ကောင်စီ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သား(၅)ဦးသေဆုံးပြီး နေအိမ်(၁၅)လုံးထိခိုက်ပျက်စီး ခဲ့ရကြောင်း တအာင်းတပ်မတော် (TNLA)က ဇူလိုင်လ(၃၁)ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းမှတိုက်ခိုက်မှုများကြောင့် အရပ်သား(၅)ဦးသေဆုံးခဲ့ရပြီး နေအိမ်(၁၅)လုံးထိခိုက်ပျက်စီးခဲ့သည်။ လာရှိုးမြို့ရပ်ကွက်(၉)ကုန်စုံဆိုင်တစ်ဆိုင်သည် ဇူလိုင်လ(၃၁)ရက်နေ့ စစ်ကောင်စီတပ်လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင်း မီးလောင်ပြာကျခဲ့ရပြီး၊ ဇူလိုင်လာ(၂၉)ရက်နေ့တွင်လည်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့တွင်းအမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၃)ဦး…

သရက်အကျဥ်းထောင်တွင် ဆေးကုသခွင့်မရသဖြင့် နိုင်ငံရေးအကျဉ်းသား ၁ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင် ၃၀၊ ၂၀၂၄ မကွေးတိုင်း သရက်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသား တစ်ဦး အချိန်နှင့်တပြေးညီဆေးကုသခွင့်မရသဖြင့် သေဆုံးသွားကြောင်း နိုင်ငံရေးအကျဥ်းသားများကွန်ယက် PPNM မှ ထုတ်ပြန်ထားသည်။ သရက်အကျဥ်းထောင်တွင် ထောင်ဒဏ်(၁၁) နှစ်ဖြင့် မတရားအပြစ်ပေးခြင်းခံထားရသည့် အသက်(၃၉)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုညီညီသည် သွေးတိုးရောဂါခံစားနေရပြီး အချိန်မှီကုသမှုမရရှိခြင်းကြောင့် ဇူလိုင်လ ၂၇ ရက်နေ့တွင် သေဆုံးသွားသည်။ ဇူလှိုင်လ(၂၆)ရက် ညခင်းအချိန်တွင် အရေးပေါ်ဆေးဝါးကုသပေးရန်…

ထမင်းထုတ်မပို့ပေးဟုဆိုကာ ရွာသူကြီးနှင့် ကျေးရွာတာဝန်ရှိသူအပါအဝင် ရွာသားတစ်ချို့အား PNO ပြည်သူစစ်ကဖမ်းဆီးရိုက်နက် လာတောင်းပန်သည့်သံဃာတော်များအားဆဲဆို

ခမ်းသားငေါဝ်း ဇူလိုင် ၂၉၊ ၂၀၂၄ ဆီဆိုင်မြို့နယ် ထီလုံးဆူ(သူ)ရွာတွင် ထမင်းထုတ်မပို့ပေးဟုဆိုကာ ရွာသူကြီးနှင့် ကျေးရွာတာဝန်ရှိသူများအပါအဝင် ရွာသားတစ်ချို့အား PNO ပြည်သူစစ်ကဖမ်းဆီးရိုက်နက်ပြီး လာတောင်းပန်သည့်သံဃာတော်များအား ဆဲဆိုခဲ့ကြောင်းဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း လွယ်ပွတ်ကျေးရွာအုပ်စု ထီလုံးဆူ(သူ)ရွာတွင် ထမင်းထုတ်မပို့ပေးဟုဆိုကာ ရွာသူကြီးနှင့် ကျေးရွာတာဝန်ရှိသူများနှင့်ရွာသားအပါအဝင် ၇ ဦးအား PNO ပြည်သူ့စစ်အဖွဲ့ဝင် ခွန်ထွိုက်အောင်းနှင့်အဖွဲ့က ဖမ်းဆီးပြီး ခြောက်ပေါက်ထဲထည့်ကာ ရိုက်နက်ခဲ့သည့်အတွက် ပြင်းထန်စွာဒဏ်ရာများရရှိခဲ့သည်။…

ဝမ်စိမ်းရွာရောက် မိဘမဲ့ကလေးအပါအဝင် စစ်ရှောင်လေးရာနီးပါး အခြေခံစားသောက်ကုန်နှင့် စာရေးကိရိယာများအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း ဇူလိုင် ၂၉၊ ၂၀၂၄ ကျေးသီးမြို့နယ် ဝမ်စိမ်းကျေးရွာတွင် ရောက်ရှိသည့် မိဘမဲ့ကလေးအပါအဝင် စစ်ရှောင်လေးရာနီးပါးအတွက် အခြေခံစားသောက်ကုန်နှင့် စာရေးကိရိယာများအရေးပေါ်လိုအပ်နေကြောင်း ဇူလိုင် ၂၉ ရက်နေ့က စစ်ရှောင်ကူညီသူထံမှ သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ်စိမ်းခရစ်ယာန်သင်တန်းကျောင်းတွင် လားရှိုးမှ မိဘမဲ့ဂေဟာက ကလေးအပါအဝင် စစ်ရှောင် ၃၈၁ ဦးရောက်ရှိလာပြီး ဆန်ဆီဆားအခြေခံစားသောက် ကုန်နှင့် ကျောင်းသုံး ပစ္စည်းများ…

လွိုင်ကော်မြို့တွင်စစ်ကောင်စီက ပြည်သူလူထုနေအိမ်ကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် တစ်လအတွင်း နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီး

ခမ်းသားငေါဝ်း ဇူလိုင် ၂၈၊ ၂၀၂၄ လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်က ပြည်သူလူ ထုနေအိမ်ကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးမှုကြောင့် တစ်လအတွင်း ပြည်သူလူထုနေအိမ်(၆၀) မီးလောင်ပျက်စီးသွားကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးထံသိရသည်။ ဇူလိုင် ၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ လွိုင်ကော်မြို့တွင်း မိုင်းလုံး၊ ရွာတန်းရှည်ရပ်ကွက်ထဲရှိ ပြည်သူလူ ထုနေအိမ် ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့များက…

မိုးဗြဲရေကာတာ ရေဖွင့်ချမှုကြောင့် ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင် ၁၀၀၀ ခန့်ရေဘေးသင့်

ခမ်းသားငေါဝ်း ဇူလိုင် ၂၇၊၂၀၂၄ မိုးဗြဲရေကာတာရေဖွင့်ချမှုကြောင့် ဘီလူးချောင်းရေဆက်လက်မြင့်တက်လာ၍ ရေကြီးရေလျှံမှု ဖြစ်ပွားပြီး စစ်ဘေးရှောင် ၁၀၀၀ ခန့်ရေဘေးသင့်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။ စစ်ကောင်စီ ခမရ ၄၂၂ တပ်က မိုးဗြဲရေကာတာမှ ရေတံခါးကို ဇူလိုင်လ ၂၄ ရက်နေ့မှစတင်ဖွင့်ချခဲ့ရာ ၂၄ နာရီအတွင်းဘီလူးချောင်းရေ ၈ ပေအထိမြင့်တက်သွားပြီး ယနေ့အချိန်ထိ ရေများဖွင့်ချနေဆဲဖြစ်သည်။ ”ရေကဆက်ပြီးတက်နေတုန်းပဲ၊ မိုးဗြဲမှာဆို ဘီလူးချောင်းနားကအိမ်တွေ မြုပ်နေပြီ၊…