စစ်ကောင်စီက နေ့တစ်ပိုင်းသာခြံသွားခွင့်ပြုသောကြောင့် စိုက်ပျိုးရေးအတွက်အခက်အခဲကြုံနေရ
ခမ်းသားငေါဝ်း သြဂုတ် ၆၊ ၂၀၂၄ စံကားဒေသတွင် စစ်ကောင်စီက ဒေသခံများကို နေ့တစ်ပိုင်းသာ ခြံသွားခွင့်ပြုထားသောကြောင့် အခက်အခဲကြုံတွေ့နေရသည်ဟု ဩဂုတ်လ(၆)ရက်နေ့တွင် ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားဒေသတွင် စစ်ကောင်စီက ဒေသခံများအား နေ့တစ်ပိုင်းသာခြံသွားခွင့်ပြုထားသောကြောင့် ဒေသခံများကစိုက်ပျိုးရေးအတွက် အခက်အခဲကြုံတွေ့နေရသည်။ “ဒီဘက်ကနေ့ပိုင်းပဲသူတို့ခြံပေးသွားတော့ အလုပ်ကတစ်ရက်နဲ့ပြီးမဲ့ဟာကို နှစ်ရက်လုပ်လိုက်ရတော့ အဆင်မပြေဘူး၊ ပြောင်းပင်တွေဆိုလည်းအခုကအပင်တွေရှည်နေပြီ မြေဩဇာထည့်ပေးဖို့လိုသလို ပေါင်းပင်တွေလည်းရှင်းပေးရတယ်လေ၊ အရေးထဲခြံသွားရင်သူတို့ဆီခွင့်တောင်းပြီးမှပဲသွားရတယ်” ဟုစံကားအင်းဒေသခံတစ်ဦးက…