Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

ကျေးသီးမြို့နယ်တွင် SSPP ကရွာသားများကို ကင်းစောင့်ခိုင်းဟုဆို

ခမ်းသားငေါဝ်း ဩဂုတ် ၁၂၊ ၂၀၂၄ ကျေးသီးမြို့နယ် ဝမ်စိမ်းနှင့်၊ မိုင်းယန်းအုပ်စုရှိ ရွာသားများကို SSPP/SSA တပ်ဖွဲ့များက ကင်းစောင့်ရန် ပြောကြောင်း ဩဂုတ် ၁၂ ရက်တွင် ဒေသခံထံက စုံစမ်းသိရသည်။ ကျေးသီးမြို့နယ် ဝမ်စိမ်းနှင့် မိုင်းယန်းအုပ်စု ကျေးရွာရှိ ရွာသားများကို တစ်ရက်လျှင် တစ်ယောက် SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီတပ်စွဲထားသည့်နေရာတွင် ကင်းစောင့်ရန် ပြောကြောင်း ရွာသားများထံမှ သတင်းရရှိသည်။…

တောင်ကြီးမြောက်ဘက်နှင့် ရပ်စောက်မြို့နယ်ရှိ ကျေးရွာတစ်ချို့တွင် RCSS/SSA မှဆန်တစ်အိတ်အတွက်ဟုဆိုကာ ဆက်ကြေး ကောက်ခံနေ

ခမ်းသားငေါဝ်း ဩဂုတ် ၁၁၊ ၂၀၂၄ တောင်ကြီးမြောက်ဘက်နှင့် ရပ်စောက်မြို့နယ်ရှိကျေးရွာတစ်ချို့တွင် RCSS/SSA က ဆန်တစ်အိတ်အတွက်ဟုဆိုကာ ဆက်ကြေး တစ်အိမ်တစ်သိန်းကောက်ခံမှုရှိနေကြောင်း ဩဂုတ် ၁၁ ရက်နေ့တွင်ဒေသခံထံက သိရသည်။ တောင်ကြီးမြောက်ဘက် ညောင်းစဲဉ်းရွာ၊ ရေပုတ်ရွာနှင့် ရပ်စောက်မြို့နယ်ရှိ လဲလောင်းရွာ၊ မုဲင်းတွိုင်တမွူးရွာတို့တွင် ဆန်တအိတ်အတွက်ဟုဆိုကာ ရှမ်းပြည်ပြန်လှည်ထူထောင်ရေးကောင်စီ RCSS/SSA တစ်အိမ်လျှင်တစ်သိန်းကျပ် ကောက်ခံနေသည်။ “ကြားကောင်းအောင်လို့ ဆန်တောင်းတာပေါ့ တအိတ်ဆိုပြီး ငွေတစ်သိန်းကျပ်နဲ့ဖြတ်ပြီး…

စစ်ကောင်မှ လက်နက်ကြီးများ နှင့် ဒရုန်းများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း သြဂုတ် ၁၀၊ ၂၀၂၄ စစ်ကောင်စီက လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်မှုကြောင့် ခလယ်ထွီခရိုင်၊ မူးမြို့နယ်တွင် အပြစ်မဲ့ ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူ ဗဟို မှ သြဂုတ်လ ၁၀ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ ခလရ ၇၃ မှ ဩဂုတ်လ ၅ ရက်နေ့…

ဆီဆိုင်မြို့ ဇဝနာရာမ ကျောင်းတိုက် ဦးဇင်းအား Democracy Page မှ “ဆီဆိုင်မြို့ကို ဝင်လာဖျက်ဆီးဖို့ ပဒက်တွေကို ခွင့်ပေးတဲ့ ထောက်ပို့အကြီးစား” ဟု မဟုတ်မမှန်စွပ်စွဲ

ခမ်းသားငေါဝ်း ဩဂုတ်၉၊ ၂၀၂၄ ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ဆရာတော်ဦးကောဝိဒ၏ ယုံကြည်အားထားရသူ ဦးဇင်းဦးသုဝဏ္ဏ(ခ) ဦးဇင်းဖွားအား Democracy Page မှမဟုတ်မမှန်စွပ်စွဲခြင်းကြောင့် ဆီဆိုင်ဒေသခံအပြင် တကာများက ဆရာတော်နှင့်ဦးဇင်းအတွက် စိုးရိမ်နေကြကြောင်း သိရသည်။ ဦးဇင်း ဦးသုဝဏ္ဏသည် ဆီဆိုင်ဇဝနာရာမစာသင်တိုက်ဆရာတော် လမ်းညွန်မှုဖြင့် ကိုဗစ်ကာလတွင် အောက်စီဂျင်မပျက်လပ်ရေး အောက်စီဂျင်စက်ရုံထူထောင်ခြင်း၊ ဆီဆိုင်မြို့အတွက်လိုအပ်သည့် မီးသင်းဂျိုလ်စက်တည်ထောင်ခြင်း၊ သင်္ချိုင်းသွားသည့်လမ်းဖောက်လုပ်ပေးခြင်း၊ ရေရရှိရန်ဆောင်ရွက်ပေးခြင်း၊ လူမျိုးဘာသာခွဲခြားခြင်းမရှိဘဲ ထောင်နှင့်ချီစစ်ဘေးရှောင်များအား ကူညီစောင့်ရှောက်ပေးခြင်းအပြင်…

သံတွဲအကျဉ်းထောင်မှ နိုင်ငံရေးအကျဥ်းသား ၄၁ ဦးကို နေရပ်ပြန်ပို့ပြီဖြစ်ကြောင်း AA ဆို

ခမ်းသားငေါဝ်း သြဂုတ် ၉၊ ၂၀၂၄ ရခိုင်ပြည်နယ် သံတွဲအကျဥ်းထောင် မှ အကျဥ်းသား ၃၇၂ ဦးကို ဘေးလွတ်ရာသို့ကယ်ထုတ်နိုင်ခဲ့ပြီး နိုင်ငံရေးအကျဥ်းသား ၄၃ ဦးအား မိသားစုနေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း AA ကသြဂုတ်လ ၈ ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။ သိမ်းပိုက်ရန်ကျန်ရှိနေသေးသည့် သံတွဲမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ရရှိပြီးနောက် သံတွဲမြို့အကျဉ်းထောင်တွင် ပိတ်မိနေသော အကျဉ်းသားများအားလုံး (၃၇၂) ဦးကို…

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ပေါက်ကွဲမှုကြောင့် ထီးရီရွာနေအိမ် လေးလုံး မီးလောင်ဆုံးရှုံးခဲ့ရ

ခမ်းသားငေါဝ်း သြဂုတ် ၉၊ ၂၀၂၄ ဆီဆိုင်မြို့အရှေ့ဘက် ထီရီးရွာတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ရမ်းသမ်းပစ်ခတ်လာခြင်းကြောင့် ရွာတွင်းကျရောက်ပေါက်ကွဲပြီး နေအိမ် လေးလုံးမီးလောင်ပျက်စီးခဲ့ရ ကြောင်းဒေသခံထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထီရီးရွာထဲသို့ သြဂုတ် ၈ ရက်နေ့ခင်း ၂ နာရီအချိန်တွင် လွယ်ပွတ်ရွာအထိုင်ချသည့် စစ်ကောင်စီတပ် ၄၂၃ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်လာခြင်းဖြစ်သည်။ ‘’ရွာထဲကိုဘယ်သူမှမဝင်ရဲဘူး၊ လက်နက်ကြီးတွေအချိန်မရွေးကျနိုင်တဲ့အခြေအနေရှိတယ်၊…

MNDAA က စစ်သုံ့ပန်းစစ်ကောင်စီမိသားစုဝင် ၃၈၀ ကျော်အား အိမ်ထောင်တစ်စု ၅ သောင်းကျပ်ပေးပြီးပြန်လွတ်

ခမ်းသားငေါဝ်း ဩဂုတ် ၈၊ ၂၀၂၄ လားရှိုးမြို့တွင် (MNDAA)က စစ်သုံ့ပန်းမိသားစုဝင်တွင်ကိုအိမ်ထောင်စုတစ်စုလျှင်ငွေ ၅ သောင်းကျပ်ပေးပြီးပြန်လွတ်ပေးခဲ့ကြောင်းသြဂုတ် ၇ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ကိုးကန့်တပ်မတော် MNDAA ရှေ့တန်းမြေပြင်တပ်ဖွဲ့ဝင်များက စစ်သုံ့ပန်းအယောက် ၃၈၀ ကျော်ကိုအိမ်ထောင်စုတစ်စုလျှင် ၅ သောင်းကျပ်နှင့်စုစုပေါင်း ၉၆ သိန်းကျပ်ပေးဝေခဲ့ပြီး နောက်ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဆိုထားသည်။ သြဂုတ်လ ၆ ရက်နေ့တွင် စစ်သုံ့ပန်းကမိမိတို့နေအိမ်သို့ရောက်ရှိရန်…

ပင်လောင်းတွင် လစဉ် PNO ပြည်သူ့စစ်က ဆက်ကြေးကောက်နေသဖြင့် ဒေသခံများ အခက်ခဲတွေ့

ခမ်းသားငေါဝ်း သြဂုတ် ၇၊ ၂၀၂၄ ပင်လောင်းတောင်ဖက် ကျေးရွာများတွင် လစဉ် PNO ပြည်သူ့စစ်က ဆက်ကြေးကောက်နေသဖြင့် ဒေသခံများ အခက်ခဲတွေ့နေရကြောင်း ဒေသခံထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့တောင်ဖက် ကျေးရွာများတွင် လစဉ် PNO ပြည်သူ့စစ်က ဆက်ကြေးကောက်နေသဖြင့် ဒေသခံများ အခက်ခဲတွေ့နေရသည်။ “သူတို့ကလစဉ် ကောက်တယ်။အချိန်မှန်မှန်လည်းထည့်ပေးရတယ်။မထည့်ပေးရင် ရွာသူကြီးတွေ ရွာလူကြီးတွေက လာပြောတယ်။အကုန်လုံးထည့်ရတယ်။”ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ ယခုတွင် ကုန်စျေးနှုန်းအမျိုးမျိုး တက်နေသည့်အပြင်…

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်ပေါက်ကွဲမှုကြောင့် မီးရယ်ရွာနှင့် ထီရီးရွာမှ ဒေသခံ ၃ ဦးထိခိုက်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း သြဂုတ် ၇၊ ၂၀၂၄ စစ်ကောင်စီက ညဘက်လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မီးရယ်ရွာနှင့် ထီရီးရွာတွင် ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်အရှေ့ဘက် ထီရီးရွာတွင် မနေ့ည ၈ နာရီဝန်းကျင်က စစ်ကောင်စီလက် နက်ကြီးပစ်ခတ်ကျရောက်ပေါက်ကွဲမှုကြောင့် မြေးအဖွား နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအလားတူ ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု မီးရယ်ရွာတွင် မနေ့ည ၁၀ နာရီကျော်အချိန်က…

ကျောင်းဆက် မတက်သည့်ကလေးနှင့်အသက် ၄၅ နှစ်အထက် ၅၅ အောက်ကျေးရွာသားမသားကို PNO ပြည်သူ့စစ်ကရွာတွင် ကင်းစောင့်ခိုင်း

ခမ်းသားငေါဝ်း သြဂုတ် ၆၊ ၂၀၂၄ ပင်လောင်းတောင်ဘက်ကျေးရွာများတွင် ကျောင်းဆက် မတက်သည့်ကလေးနှင့်အသက် ၄၅ နှစ်အထက် ၅၅ အောက်ကျေးရွာသား များကို PNO ပြည်သူ့စစ်ကရွာတွင် ကင်းစောင့်ခိုင်းနေကြောင်းသြဂုတ်လ ၆ ရက်နေ့တွင် ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ဖက်ရှိ ကျေးရွာများတွင်ကျောင်းဆက်မတက်သည့် ၁၄/၁၅ နှစ်အရွယ် ကလေးများနှင့်အသက် ၄၅ နှစ်အထက် ၅၅ အောက်ကျေးရွာသား များကို…

You missed