Category: လူ့အခွင့်အရေး/အမျိုးသမီးရေး

စစ်ရှောင်စခန်းဗုံးကြဲခံရပြီး နေရာထပ်မံပြောင်း‌ရွေ့နေရသဖြင့် စားနပ်ရိက္ခာနှင့်နေရာထိုင်ခင်း အရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၉၊ ၂၀၂၄ စစ်ရှောင်စခန်းဗုံးကြဲခံရပြီး စစ်ဘေးရှောင်များနေရာထပ်မံပြောင်း‌ရွေ့နေရသဖြင့် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းများအတွက် အရေးပေါ်လိုအပ်နေကြောင်း နိုဝင်ဘာလ(၁၉)ရက်နေ့တွင် စစ်ဘေးရှောင်အ‌ရေးကူညီပေးသူထံမှ သိရသည်။ ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်း၊ လအိတိုက်နယ်ကျေးရွာအနီးရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ဗုံးကြဲချတိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင်များ နေရာအသစ်သို့ ထပ်မံပြောင်းရွေ့နေရပြီး စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းအတွက်အရေးပေါ်လိုအပ်နေသည်။ “အခုတော့စစ်ရှောင်တွေနေရာထပ်ပြောင်းကြပြီ လောလောဆယ်တော့ နီးစပ်ရာပေါ့ အတည်တကျတော့ မရှိလောက်သေးပါဘူး အခုကနေဖို့ထိုင်ဖို့…

နောင်ချို အင်းဝိုင်းသကြားစက်ရုံကို စစ်ကောင်စီ လေကြောင်း ဗုံးကျဲတိုက်ခိုက်၊ အမျိုးသား(၁)ဦးသေဆုံး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၉၊ ၂၀၂၄ ရှမ်းမြောက် TNLA ပူးပေါင်းတပ် ထိန်းချုပ်ထားသော နောင်ချိုမြို့နယ် အင်းဝိုင်းသကြားစက်ရုံကို စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုကြောင့်အမျိုးသား (၁)ဦး သေဆုံးသွားကြောင်း နိုဝင်ဘာလ(၁၉)ရက်တွင် သိရသည်။ စစ်ကောင်စီသည် နောင်ချိုမြို့ကို မကြာခဏ လေကြောင်း တိုက်ခိုက်မှုလုပ်နေပြီး နိုင်ဝင်ဘာ(၁၈) ရက်မှာလည်း ဆမ္မဆယ်ရွာရှိ သကြားစက်ရုံကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ရာ အမျိုးသား(၁)ဦး ‌သေဆုံးသည့်အပြင် အဆောက်အဦးပါ…

ဖယ်ခုံမြို့အနောက်ဘက် ဘန်ကောက်စစ်ရှောင်စခန်းဗုံးကြဲခံရမှုကြောင့် တစ်ဦးသေဆုံး၊ နှစ်ဦးထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၉၊ ၂၀၂၄ ဖယ်ခုံမြို့အနောက်ဘက် ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦးသေဆုံးပြီး (၂)ဦးထိခိုက်ဒဏ်ရာရသွားကြောင်း နိုဝင်ဘာလ(၁၉)ရက်နေ့တွင် မြေပြင်သတင်းရင်းမြစ်ထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လအိတိုက်နယ်ကျေးရွာအနီးရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က နိုဝင်ဘာလ(၁၈)ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် လေယာဥ်နှစ်စီးဖြင့် ပေါင်(၅၀၀)ဗုံး (၄)လုံးလာကြဲချခဲ့ကြောင်း သိရသည်။ “ဗုံးကြဲချမှုမှာ အမျိုးသမီးတစ်ဦးသေသွားတယ်၊ နှစ်ဦးကတော့ဒဏ်ရာရတယ်၊ ထိခိုက်သေဆုံးမှုအခြေနေက နောက်ကျမှသိရတာ အထဲမှာပိတ်မိနေတော့ အလောင်းကမနေ့ညမှတွေ့တာ”ဟု…

ဖယ်ခုံမြို့အနောက်ဘက်ရှိ ဘန်ကောက် စစ်ရှောင်စခန်းကို စစ်ကောင်စီလေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၈၊ ၂၀၂၄ ဖယ်ခုံမြို့အနောက်ဘက် လအိတိုက်နယ်ကျေးရွာအနီးရှိ ဘန်ကောက် စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းဖြင့်ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှု မရှိကြောင်းမြေပြင်သတင်းရင်းမြစ်ထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လအိတိုက်နယ် ကျေးရွာအနီးရှိ ဘန်ကောက်စစ်ရှောင်စခန်းကို နိုဝင် ဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်၌စစ်ကောင်စီက လေယာဥ် (၂) စီးဖြင့် ပေါင် ၅၀၀ ဗုံး…

မိုင်းငေါ့မြို့တွင် စစ်ကောင်စီ ဂျက်ဖိုက်တာနှင့်ဗုံး လာရောက်ကြဲချသဖြင့် ဒေသခံ (၅) ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၇၊ ၂၀၂၄ မိုင်းငေါ့မြို့၊ မန်လုံရပ်ကွက်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းငေါ့တွင် ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် (၁၁း၃၅)အချိန်၌ တစ်ကြိမ်၊ (၁၁း၃၈)အချိန်တွင် တစ်ကြိမ်…

စစ်ကောင်စီတပ်က လေကြောင်းဖြင့် နောင်ချိုမြို့ကို ဗုံးကြဲတိုက်ခိုက်၍ အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၅၊၂၀၂၄ စစ်ကောင်စီတပ်က နောင်ချိုမြို့ကို လေကြောင်းဖြင့် ပေါင် (၃၀၀) ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသား (၄)ဦး ထိခိုက်ဒဏ်ရာရကြောင်း နိုဝင်ဘာ (၁၄)ရက်က (TNLA) ထုတ်ပြန်ထားသည်။ နိုဝင်ဘာလ (၁၃) ရက်နေ့ ည‌နေ (၆)နာရီကျော် အချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် တရားရုံးနှင့် ရဲစခန်းအနောက်တွင် ပေါင်(၃၀၀)ဗုံး (၂)လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။…

မိုးဗြဲမြို့တွင် စစ်ကောင်စီက လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်သဖြင့် စပါးရိတ်ရန်ကျန်နေသောပြည်သူများအခက်တွေ့

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၅၊၂၀၂၄ မိုးဗြဲမြို့တွင် စစ်ကောင်စီက လက်နက်ကြီးများဆက်တိုက်ပစ်ခတ်နေသောကြောင့် စပါးရိတ်ရန်ကျန်ရှိနေသောပြည်သူများအခက်အခဲ ဖြစ်နေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ ကို စစ်ကောင်စီကလက်နက်ကြီးဖြင့်အဆက်မပြတ်ပစ်ခတ်နေပြီး ဝါရီဆူးပလိုင် နှင့် ဝါရီကောခူကျေးရွာများအတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲနေသောကြောင့် စပါးရိတ်ရန်ကျန်ရှိနေသည့်ပြည်သူများ အခက်အခဲ ဖြစ်နေသည်။ ” လက်နက်ကြီးဆက်တိုက်ပစ်နေတာသုံးလေးရက်ရှိပြီ၊ ဒီမနက်လည်း လက်နက်ကြီးသံနဲ့ ဒရုန်းဗုံးကြဲတဲ့ အသံတွေကြားနေတုန်းပဲ၊ ဒီလိုဆို လယ်ထဲဘယ်လိုဆင်းရဲမလဲ၊ စပါးကရိတ်ရတော့မယ်လေ”…

စစ်အာဏာသိမ်းမှုအလွန် လက်နက်ကိုင် ပဋိပက္ခကြောင့် စစ်‌ပြေးဒုက္ခသည်(၆.၆) သန်းကျော်ထိရှိလာ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၄၊ ၂၀၂၄ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသည့် စစ်‌ပြေး ဒုက္ခသည် စုစုပေါင်း (၆.၆) သန်းကျော်ထိရှိလာကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ‌လေ့လာရေး အင်စတီကျု ISP-Myanmar (Institute for strategy and policy Myanmar) ကနိုင်ဝင်ဘာ(၁၂)ရက်နေ့မှာ ဖော်ပြထားသည်။ ထိုပမာဏ၏ (၄၂) ရာခိုင်နှုန်းကျော်သည် စစ်ကိုင်းတိုင်းကဖြစ်ပြီး…

ဖယ်ခုံမြို့နယ်တွင် ပြည်သူ ၂၀၀ ကျော်ကို စစ်ကောင်စီဖမ်းဆီးသွား

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၄၊ ၂၀၂၄ ဖယ်ခုံမြို့၊ ပူချယ်ကျေးရွာတွင် ရွာသားနှင့် စစ်ဘေးရှောင် ၂၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်းရှေ့တန်း မြေပြင်သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာတွင် စိုက်ထားသောစပါးများရိတ်သိမ်းရန် အလုပ်ဆင်းနေကြသော ကသဲ၊ ဗန်းမောက်၊ မိုင်းဖြတ်ဘက်က ရွာသားနှင့်စစ်ရှောင် ၂၀၀ ကျော်ကို စစ်ကောင်စီက နိုင်ဝင်ဘာလ ၁၁ ရက်နေ့တွင် ပင်လောင်းဖက်သို့…

နောင်ချိုနှင့် မိုးကုတ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၂၀)ဦး သေဆုံး၊ (၂၄)ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၃၊ ၂၀၂၄ နောင်ချို နှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၀ ဦးသေဆုံးပြီး ၂၄ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက် နောင်ချိုနှင့် မိုးကုတ်မြို့နယ်တွင် နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လယ် (၂း၄၃)နာရီအချိန်၌ စစ်ကောင်စီတပ်မှ နောင်ချိုမြို့မစျေးရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀)ဗုံး…