Category: လူမူရေး

ဖယ်ခုံအနောက်ဖက်ခြမ်းရှိစစ်ရှောင်များအတွက် မိုးကာ၊ စောင်နှင့် အနွေးထည်များလိုအပ်နေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊ ၂၀၂၄ ဖယ်ခုံအနောက်ဖက်ခြမ်းတွင် စစ်ဘေးရှောင်များအတွက် မိုးကာ၊ စောင် နှင့် အနွေးထည်များလိုအပ်နေကြောင်းစစ်ရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။ ရှမ်း-ကရင်နီ(ကယား) နယ်စပ်၊ ဖယ်ခုံမြို့ အနောက်ဖက်ခြမ်း တွင် ဆောင်းတွင်းအတွက် စစ်ဘေးရှောင်များ မိုးကာ၊ စောင် နှင့် အနွေးထည် များလိုအပ်နေသည်။ ” တဲတွေကလည်း နှစ်ချို့နေပြီဆိုတော့မိုးကာတွေလည်းဆွေးပြီးပေါက်ပြဲကုန်ပြီ၊ ဆောင်းတွင်းဆို ဆီးနှင်းတွေ ကျရင် ရေယိုမှာပဲ၊ ပြီးတော့…

မော်တော်ယာဉ်များအားလုံး ယာဉ်စစ်ဆေးပြီးမှသာ ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးတော့ မည်ဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊ ၂၀၂၄ မော်တော်ယာဉ်များအားလုံး လာမည့်၂၀၂၅ခုနှစ် ဇန်နဝါရီလကစပြီး ယာဉ်စစ်ဆေးပြီးမှသာ ယာဉ်သက်တမ်းတိုးခြင်းအပါအဝင် ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်။ အများပြည်သူဆိုင်ရာ လမ်းများပေါ်တွင် အန္တရာယ် ကင်းစွာသွားလာနိုင်ရေးအတွက် ထိုသို့ လုပ်ငန်းစဉ် ဆောင်ရွက် ရခြင်း ဖြစ်ကြောင်းကိုလည်း ရှင်းပြထားသည်။ “ အခု ဆိုရင် အခိုင်အမာ အထောက်အထား လိုအပ်ပြီပေါ့။…

တောင်ကြီးမြို့တွင် လိုင်စင်မဲ့ယာဥ်ဖမ်းပြီး သိန်း ၅၀ အထက်ဖြင့်ပြန်ရွေးနေရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၅၊ ၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီးမြို့တွင် လိုက်စင်မဲ့ ယာဉ်များကို ဖမ်းဆီး အရေးယူနေပြီး အဖမ်းခံရပါက သိန်း ၅၀ အထက်ဖြင့်ပြန်ရွေးနေရကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ လကုန်ပိုင်းမှ စတင် ၍ စည်းကမ်းမဲ့ မော်တော်ယာဉ်များ၊ လိုင်စင်မဲ့ မော်တော် ယာဉ် များနှင့်ဆိုင်ကယ်ဦးထုပ်မဆောင်းသည့်သူများကို ဖမ်းဆီးအရေးယူဆောင်ရွက်နေ သည်။ “…

ရွှေဘုန်းပွင့် တောင်ပေါ် တက်လမ်းကို ငွေကျပ် ၂ ဒဿမ ၆ ဘီလီယံပြင်ဆင်ပြီးစီး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၃၊၂၀၂၄ တောင်ကြီးမြို့ ရွှေဘုန်းပွင့် ၂၄ ပေ အကျယ် နိုင်လွန်ကတ္တရာ တောင်ပေါ် တက်လမ်း ကို ကုမ္ပဏီများနှင့် စည်ပင်ဌာန ပူးပေါင်းဆောင်ရွက်ရာ ငွေကျပ် ၂ ဒဿမ ၆ ဘီလီယံ ကျော် ဖြင့် ပြုပြင်ထားကြောင်း သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီးမြို့ ရွှေဘုန်းပွင့် ဘုရားအတက်လမ်း (ဆေးတက္ကသိုလ်ဘက်မှ စ၍…

ဖယ်ခုံအနောက်ဖက်ခြမ်းသို့ ထပ်မံရောက်ရှိလာသည့် စစ်ရှောင်များအတွက် အရေးပေါ်အကူအညီလိုအပ်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊ ၂၀၂၄ ပင်လောင်း-ဖယ်ခုံ နယ်စပ်တိုက်ပွဲကြောင့် ဖယ်ခုံအနောက်ဘက်သို့ တိမ်းရှောင်လာနေရသော ပြည်သူများအတွက် အရေးပေါ် အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီနေသူတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း- ဖယ်ခုံ နယ်စပ်တိုက်ပွဲ များကြောင့် ဒေသခံအမြောက်အများ စစ်ဘေးတိမ်းရှောင်နေရကာ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေသည်။ ” ဒီရက်ပိုင်းမှ ထပ်ရောက်လာတဲ့သူတွေရှိတယ်၊ နေရာလွတ်တွေမှာပဲ တဲထိုးပြီးနေရတာပေါ့၊ အဲ့မှာ…

သီပေါမြို့ရှိ စစ်ဘေးရှောင် စခန်းများအတွက် ဆောင်းရာသီ ခြုံစောင်နှင့် အနွေးထည် များလိုအပ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၉၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ စစ်ဘေးရှောင် စခန်းများအတွက် ဆောင်းရာသီ ခြုံစောင်နှင့် အနွေးထည် များလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ သီပေါမြို့ ရှိ စခန်း(၃) ခု တို့တွင် စစ်ဘေးရှောင်ပေါင်း တစ်ထောင်ကျော် ကျန်ရှိနေသေးပြီး ဘုန်းတော်ကြီး ကျောင်းများတွင် ခိုလှုံနေကြရကြောင်း သိရသည်။ “တိုက်ပွဲတွေ မရှိတော့ပေမယ့် အိမ်မပြန်နိုင်သေးတဲ့စစ်ရှောင် ပြည်သူအတွက်…

နောင်ပိန်ကျေးရွာတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ငါးရာကျော် ကျန်သေးပြီး၊ စားနပ်ရိက္ခာ ရှားပါးခက်ခဲလာ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၅၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နောင်ပိန် ကျေးရွာတွင် ခိုလှုံနေသော စစ်ဘေးရှောင် ဦးရေ ငါးရာကျော် ကျန်သေးပြီး၊ စားနပ်ရိက္ခာ ရှားပါးခက်ခဲလာနေကြောင်း တာဝန်ခံထံမှ ကြားသိရသည်။ လက်ရှိ အချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း သို့ ကုန်စည် သယ်ယူပို့ဆောင်ရေး ပိတ်ပင်ထားပြီး ဆန်အိတ် များ သယ်ဆောင်၍ မရသဖြင့်…

အင်းလေးကန်ရှိကျေးရွာပေါင်း ၅၂ ရွာတွင် ရေကောင်းရေကြည်ရရှိရေး ဆောင်ရွက်နိုင်ပြီဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ကျေးရွာပေါင်း၅၂ ရွာတွင် ရေကောင်းရေကြည် ရရှိရေး ဆောင်ရွက်နိုင်ခဲ့ကြောင်း ရေကောင်းရေကြည် ရှာဖွေဆောင်ရွက်သော အဖွဲ့ထံမှ သိရသည်။ အောက်တိုဘာလ အစောပိုင်းမှ စတင်ဆောင်ရွက်ခဲ့သော ရေကောင်းရေကြည် ရှာဖွေရေး အဖွဲ့သည် အောက်တိုဘာလ ၂၄ ရက် အထိ အင်းလေးကန် ရှိ ကျေးရွာပေါင်း ၅၂…

ရေဘေးသင့်အင်း​လေး ရွာသာကျေးရွာအုပ်စု ရှိ ကျေးရွာများတွင် စားနပ်ရိက္ခာ နှင့် သောက်ရေသန့်များ လိုအပ်နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊ ၂၀၂၄ ရေဘေးသင့် အင်းလေးကန် မြောက်ဘက် ရွာသာကျေးရွာအုပ်စုရှိ ကျေးရွာများတွင် စားနပ်ရိက္ခာ နှင့် သောက်ရေသန့်များ လိုအပ်နေကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်းညောင်ရွှေမြို့နယ် အင်းလေးဒေသရွာသာကျေးရွာအုပ်စုရှိ ရွာသာ ၊ ကနု ၊ ကန်လှ နှင့် ဝမ်းဘဲအင်း စသောကျေးရွာ ၄ ရွာက စားနပ်ရိက္ခာနှင့်…

စစ်ကောင်စီ၏ ရလခ တိုင်းမှူးက ရေဘေးသင့်ပြည်သူ အတွက်မြေယာစီစဥ်ပေးမည်ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၀၊ ၂၀၂၄ လွိုင်လင်မြို့နယ် ရေဘေးသင့်ပြည်သူများကို မြေယာပေးအပ်မည်ဟု စစ်ကောင်စီ၏အလယ်ပိုင်းတိုင်း တိုင်းမှူးကတိပေး ထားကြောင်း ဒေသခံများထံသိရသည်။ ရှမ်းပြည်တောင်ပိုင်းလွိုင်လင်မြို့နယ်တွင် အောက်တို ဘာလ ၁၄ ရက်၌ စစ်ကောင်စီတပ် အရှေ့အလယ်ပိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူးက ရေဘေးသင့်သည့် ခေါင်းနွဲ့၊ အေင်ခေတ်နှင့် နောင်နေင်းကျေးရွာဒေသခံလူထုနှင့်တွေ့ဆုံပြီး ထိုသို့ကတိပေးလိုက်ကြောင်းဒေသခံထံ သိရသည်၊၊ “ဟိုနေ့က တိုင်းမှူးလာသွားတယ်ပေါ့နော် အခက်အခဲရှိတာတွေကို တောင်းဆိုလို့ရတယ်ပြောကြတယ်ပေါ့နော်၊ ကျနော်တို့ကလည်းလိုအပ်မယ့်အရာတွေကို တောင်းဆိုကြတယ်ပေါ့၊…