Category: လူငယ်/ပညာရေး

အနိမ်ခံ အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ

ခမ်းသားငေါဝ်း၊ ဆောင်းပါး ဇူလိုင်လ ၃၁၊၂၀၂၃ “အလုပ် လာလုပ်တာ မဟုတ်တော့ဘူး ကျွန်လာခံနေသလိုဖြစ်နေပြီ ကျွန်လိုမျိုးအနိမ်ခံနေရတယ် မြန်မာကဆိုတာနဲ့ နိမ်တော့တာပဲ” လို့ ခံစားချက်ကို ရင်နာနာနဲ့ပြောလာသူ ကတူးကြီးဒေသကနေ ထိုင်းနိုင်ငံကိုသွားရောက် အလုပ်လုပ်ကိုင်နေတဲ့ ခွန်ထွက်ကုဲင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ လူငယ်များဟာ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံထဲကို တရားဝင်ဝင် တရားမဝင်ဝင် သွားရောက်အလုပ်လုပ်ကိုင်ကြတယ်။ အခုခွန်ထွက်ကုဲင်တစ်‌ယောက် ထိုင်းနိုင်ငံထဲကို သွားရောက်ဖြစ်ရတဲ့ အကြောင်းအရင်းကတော့…

စစ်ကောင်စီလက်အောက် ပညာရေးကျောင်းများတွင် ကျောင်းသားကျောင်းသူများ ဖတ်စာအုပ်ပြန်ဝယ်ယူနေရ

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၀၊၂၀၂၃ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက် ပညာရေးကျောင်းများတွင် ကျောင်းဆရာ၊ဆရာမများ နှင့် ပညာရေးဆိုင်ရာ ကျောင်းသုံးစာအုပ်များ အလုံအလောက်ထောက်ပံ့ပေးနိုင်ခြင်းမရှိသဖြင့် သင်ကြားရေးတွင် ထိရောက်မှုမရှိတော့ကြောင်း ပြည်သူလူထုများက ဝေဖန်သုံးသပ်ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အ.ထ.က စံကားကျောင်းတွင် ယနေ့အထိ ကျောင်းသား‌ ကျောင်းသူများ ကျောင်းဖတ်စာအုပ်အစုံအလင်မရရှိကြသေးဘဲ ဖတ်စာအုပ်ရရန်ပိုက်ဆံပေးပြီး ပြန်ဝယ်နေရ‌ကြောင်း ယနေ့ဇူလိုင်လ (၂၀) ရက်နေ့တွင် သိရသည်။ ကျောင်းဖွင့်ချိန်…

တောင်ရိုးစာ ယူနီကုဒ်ဖြစ်မြောက်ရေး သံဃာ တော်နှင့်လူငယ်များကြိုးပမ်း

ခမ်းသားငေါဝ် ဇူလိုင်လ ၈၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်းတွင် အများစုနေထိုင်သော တောင်ရိုးလူမျိုးများသည် တောင်ရိုးစာယူနီကုဒ် ကီးဘုတ်အသုံးပြုနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ကီးဘုတ်ဖြစ် မြောက်ရေး အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။ ကီးဘုတ်ဖြစ်မြောက်ရေး ကြိုးပမ်းရခြင်းမှာ တောင်ရိုးတစ်မျိုးသားလုံး မိမိဘာသာစကားကို တွင်ကျယ်စွာအသုံးပြုလာရန်နှင့် တောင်ရိုးစာပေပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ လုပ်ဆောင်ရခြင်းဖြစ်ကြောင်းသိရသည်။ ” အခုမှ စလုပ်တာပေါ့နော်၊ ခုခေတ်က ဖုန်းလည်းကိုယ်စီသုံးနေကြပြီ၊ အဲတော့မိမိဘာသာစကားကို ဖုန်းထဲထည့်ပြီး အသုံးပြုလာကြဖို့ရည်ရွယ်ထားတယ်၊…

အာဏာသိမ်းကာလအတွင်း CDM ပြုလုပ်ထားသည့် ကျောင်းသား/သူများအတွက် တအောင်းမြေတက္ကသိုလ် ဖွင့်လှစ်သွားမည်

ခမ်းသားငေါဝ်း၊ ဇွန်လ ၂၀၊၂၀၂၃ စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး CDM ပြုလုပ်ထားသည့် ကျောင်းသား‌ ကျောင်းသူများအတွက် ရည်ရွယ်ကာ တအောင်းမြေတက္ကသိုလ် ပထမနှစ်သင်တန်းကို ၂၀၂၄ တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တအောင်းအမျိုးသားပညာရေးကော်မတီ TNEC ကထုတ်ပြန်ထားသည်။ တအောင်းမြေတက္ကသိုလ်တက်ရောက်မည့်ကျောင်းသားများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်စာမေးပွဲ (BECA) အောင်မြင်ပြီးသူများနှင့် ၂၀၂၁ခုနှစ်စစ်အာဏာမသိမ်းမှီ ကာလတွင် အခြေခံပညာပြီးမြောက်သူများ တက်ရောက်နိုင်မည်ဟု ပါရှိသည်။ တအောင်းဒေသ၏ အဆင့်မြင့်ပညာရေးကို…

ပင်လောင်းမြို့နယ်နှင့် နောင်တရားဒေသရှိ လူငယ်များ ယခင်နှစ်ထက် နိုင်ငံခြားသွားသူပိုများလာ

ခမ်းသားငေါဝ်း။ မေလ ၃၁၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ လူငယ်အများစုသည် နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုမှ ရင်ဆိုကြုံတွေ့ရသည့် စားဝတ်နေရေးအခက်အခဲများကြောင့် ယခင်နှစ်များထက် နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်သူပိုများလာကြောင်း ဒေသခံသတင်းအမြစ်ထံမှ သိရသည်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ကုန်စျေးနှုန်းများ အဆမတန် မြှင့်တက်ပြီး စားဝတ်နေရေးရုန်းကန်းရသည့်အတွက် လူလတ်ပိုင်းနှင့်လူငယ်များက နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကိုင်သူ ပိုများလာရကြောင်း သိရသည်။ “အခုဆိုရင် အလုပ်အကိုင်လည်း ကျပ်တည်းလာတယ် လူငယ်အချို့လည်း လမ်းပျောက်လာကြတယ် ပတ်စပို့လုပ်လာတာတို့…

အောင်ကလာပ်ပေါ်ရွာတွင် ကျောင်းဖွင့်ရာသီ ကလေးများစာသင် ကျောင်းဆောင်ဆောက်ရန်အကူညီလိုအပ်

ခမ်းသားငေါဝ်း၊ မေလ ၂၃၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ကျောအုပ်စု အောင်ကလာပ်ပေါ်ရွာတွင် ရွာခံကလေးများ နှင့် စစ်ရှောင်ကလေးများ ကျောင်းဖွင့်ရာသီ စာသင်နိုင်ရေး စာသင်ကျောင်းဆောက်လုပ်ရန် အကူညီလိုအပ်လျက်ရှိကြောင်း တာဝန်ရှိကောမတီများထံမှ သိရသည်။ ၎င်းနေရာတွင် အောင်ကလာပ်ပေါ်ရွာအတွက် ဟုဆိုကာ သက်ဆိုင်ရာလူကြီးများက စာသင်ကျောင်းဆောက်လုပ်နိုင်ရန် မြေနေရာထားရှိပေးခဲ့ကြောင်းသိရသည်။ “ခုကကျောင်းဖွင့်ခါနီးပြီ၊ ကလေး(၆၀)ကျော်လောက်စာသင်နိုင်ဖို့က စာသင်ကျောင်းလိုအပ်တယ်၊ခုကအောင်ကလာပ်ဆိုပြီးကျောင်းနေရာမြေကွက် ရှိတယ် ကျောင်းကဆောက်နိုင်သေးဘူး၊ကလေးတွေအတွက်တော့ ခြံထဲမှာ တဲထိုးပြီးစာဖတ်ဝိုင်းပုံစံလုပ်ပေးထားတယ်၊…

ကရင်နီပြည် စစ်ရှောင်စခန်းကလေးပညာသင်ကြားနိုင်ရန် လိုအပ်ချက်များရှိနေ

ခမ်းသားငေါဝ်း၊ မေလ၂၃၊ ၂၀၂၃ ကယား(ကရင်နီ)ဒေသ ၊စစ်ဘေးရှောင်စခန်း ၁၆ ခုမှ ကလေးငယ်များ ပညာသင်ကြားနိုင်ရန် စာသင်အဆောင်၊ သင်ထောက်ကူပစ္စည်းများအပါအဝင် ဆရာ/မများ အကူအညီအထောက်အပံ့များစွာလိုအပ်နေကြောင်း မေလ ၂၃ ရက်နေ့တွင်သိရှိရပါသည်။ ကျောင်းသား/သူ များသည် လက်ရှိစစ်ဘေးရှောင်ကလေးသူငယ်များဖြစ်ကြပြီး ကျောင်းတက်မည့်ဦးရေ ၂၅၀ ကျော်ရှိကာယခုကျောင်းဖွင့်ရာသီတွင်ကျောင်းသားဦးရေပိုမိုများလာနိုင်ကြောင်း သိရသည်။ ”လောလောဆယ်စာသင်ဆောင်တွေမလောက်သေးတော့ ကလေးတွေကြပ်ညှပ်ပြီးတော့ သင်နေခဲ့ရတယ်” ဟု စာသင်အဆောင်ဆောက်လုပ်ကူညီပေးသည့် SSLRU တာဝန်ခံတစ်ဦးကခမ်းသားငေါဝ်းကို…

ဆီဆိုင်မြို့တွင်း ရေပေးဝေရာတွင် ရပ်ကွက်နေပြည်သူများရေပုံမှန်မရရှိ

ခမ်းသားငေါဝ်း၊ မတ် ၇၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အတွင်း ရေပေးဝေရာတွင် ရပ်ကွက်နေပြည်သူများ ရေပုံမှန်မရှိသဖြင့် ပိုက်ဆံဖြင့်ဝယ်သုံးနေရကြောင်း မတ်လ ၇ ရက်က မြို့နေလူထုများ ပြောပြချက်အရသိရသည်။ ရေထွက်ဦးမှ ဆီဆိုင်မြို့၆ရပ်ကွက်သို့ရေများဖြန့်ဝေရာတွင် ခမရ ၄၂၃/ ခမရ၄၂၄ တပ်အတွင်းသာ ရေပုံမှန်ရရှိကြောင်း မြို့ခံများပြောဆိုချက်အရ သိရသည်။ ဆီဆိုင်မြို့ခံတစ်ဦးက “မြို့ထဲကလူတွေက ရေတခါမှပုံမှန်မရဘူး၊ စစ်တပ်ကျ ရေခြံတွေပါစိုက်တာ၊ သူတို့စိုက်တဲ့…