Category: လူငယ်/ပညာရေး

တိုက်ပွဲကြောင့် ဟိုပုံးမြို့နယ်ရှိ စာသင်ကျောင်းများ အကန့်အသတ်မရှိ ပိတ်ထား

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၆၊၂၀၂၄ တိုက်ပွဲကြောင့် ဟိုပုံးမြို့နှင့် မဲနယ်တောင်ဒေသရှိ စာသင်ကျောင်းများအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နှင့် မဲနယ်တောင်ဒေသရှိ စာသင်ကျောင်းများအားလုံးကို ဆီဆိုတိုက်ပွဲအခြေအနေအရ ဇန်နဝါရီလ ၂၅ ရက်နေ့မှ စပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း ဟိုပုံးဒေသခံတစ်ဦးထံမှ သိရသည်။ ဟိုပုံးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း ဟိုပုံး-ဆီဆိုင်ကြား ဒေသများတွင် PNLA၊ မဟာမိတ်တပ်ဖွဲ့များနှင့် စစ်ကောင်စီ၊…

သစ်ပင်ကောက်ရွာ စစ်ရှောင်စခန်းရှိ စစ်ရှောင်ကလေးများ ပညာသင်ကြားရေးအတွက် ဆရာ၊ဆရာမနှင့် သင်ထောက်ကူပစ္စည်းများ လိုအပ်

ခမ်းသားငါဝ်း ဇန်နဝါရီ ၁၉၊၂၀၂၄ သစ်ပင်ကောက်ရွာ စစ်ရှောင်စခန်းတွင် စစ်ရှောင်ကလေးများ ပညာရေးသင်ကြားရေးအတွက် ဆရာ၊ဆရာမနှင့် သင်ထောက်ကူပစ္စည်းများလိုအပ်နေကြောင်း စစ်ရှောင်ကူညီသူ အမျိုးသမီးတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်‌တောင်ပိုင်း ပင်လောင်းမြို့နယ်အရှေ့တောင်ဖက်ခြမ်းရှိ သစ်ပင်ကောက်ကျေးရွာစစ်‌ရှောင်စခန်းတွင် စာသင်ကြားနေသည့် စစ်ရှောင်ကလေး ၂၀၀ (နှစ်ရာ)ကျော်ရှိနေပြီး အဆိုပါ စစ်ရှောင်ကလေးများအတွက် ကျောင်းသုံးပစ္စည်းနှင့် သင်ထောက်ကူပစ္စည်းများ လိုအပ်နေကြောင်း စစ်ရှောင်ကော်မတီတစ်ဦးက ယနေ့တွင် ပြောဆိုသည်။ “ကလေးတစ်ယောက်ချင်းစီကို စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်‌ချောင်းပဲပေးနိုင်တယ်…

လွိုင်ကော်အကျဥ်းထောင်ရှိ အကျဥ်းသား(၅၀၀) ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးများအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၁၊၂၀၂၃ လွိုင်ကော်အကျဥ်းထောင်ရှိ အကျဥ်းသား(၅၀၀) ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးများအရေးပေါ်လိုအပ်နေကြောင်း သိရသည်။ ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်အကျဥ်းထောင်တွင် အကျဥ်းထောင်အတွင်းအခြေအနေသည် အလွန်ဆိုးရွားနေပြီး အကျဥ်းသား(၅၀၀) ကျော်အတွက် အစားအသောက်နှင့် ဆေးဝါးများအရေးပေါ် လိုအပ်နေကြောင်း ကရင်နီနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA)က ဒီဇင်ဘာ (၂၀)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ လွိုင်ကော်မြို့တွင်းတိုက်ပွဲကြောင့် ပိတ်မိနေသည့်ပြည်သူများစွာထဲတွင် လွိုင်ကော်အကျဥ်းထောင်ရှိ နိုင်ငံရေးအကျဥ်းသူ/သားများအပါအဝင် စုစုပေါင်းအကျဥ်းသား(၅၀၀)ကျော် ပါဝင်ပိတ်မိနေကြောင်း သိရသည်။…

ဆယ်ကျော်သက်အရွယ်အများစုဆေးစွဲပြီး ဘဝပျက်ရောက်နေရ ဟုဆို

ခမ်းသားငေါဝ်း၊ ဒီဇင်ဘာ ၂၁၊၂၀၂၃ ရွှေပြည်သာရပ်ကွက်အတွင်းတွင်မူးယစ်ဆေးဝါးရောင်းချပေးမှုပေါများနေပြီး ဆယ်ကျော်သက် လူငယ်အများစု ဆေးစွဲနေကြကာ သူခိုးဘဝရောက်ကြရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ဆေးသုံးနေသည့်ကလေးများကို ဆေးရောင်းဝယ်သူက ရပ်ကွက်အတွင်း သူတစ်ပါးပစ္စည်းခိုးရန်စေခိုင်းပြီး ခိုး၍ရလာသော ပစ္စည်းများကို စိတ်ကြွဆေးပြားများနှင့်အလဲလည်လုပ်ကာ အသုံးပြုသုံးစွဲနေကြကြောင်း ဆိုသည်။ “ညီမတို့ရပ်ကွက်က သားမွေးထားတဲ့အိမ်တိုင်းနီးပါး ဆေးစွဲကုန်ကြတယ်၊ အရွယ်လေးတွေက ၁၃၊ ၁၄။ နှစ်လူငယ်တွေကိုကျတော့ သူတို့ရောင်းပေးတာထက် အလကားပေးပြီး ခိုးခိုင်းတာ ပစ္စည်းနဲ့လဲတဲ့သဘောပေါ့၊ အဓိကကအဲ့ဆေးအရောင်း…

ပအိုဝ်းတိုင်းရင်သူ ၃ ဦး မလေးရှား HELP University တွင် ပညာရေး ဒီပလိုမာ ရယူ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၉၊၂၀၂၃ ပအိုဝ်းတိုင်းရင်းသူ ၃ ဦးသည် မလေးရှားနိုင်ငံရှိ HELP University တွင် ဒီဇင်ဘာ ၁၈ ရက်နေ့က ပညာရေး ဒီပလိုမာ ရယူနိုင်ခဲ့ကြောင်း မလေးရှားရောက် ပအိုဝ်းလူငယ် ခွန်စိုးသူထံမှ သိရသည်။ အဆိုပါ ၎င်းတို့ ၃ ဦးသည် ရှမ်းတောင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နေထိုင်ကြသူများဖြစ်ပြီး နင်ꩻဖြူစင်သည် ဟိုပုံးမြို့နယ် လွယ်အွန်းကျေးရွာအုပ်စု…

မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကို ဟိုပုံးတွင် ကျင်းပမည်

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊၂၀၂၃ မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲ တတိယအကြိမ်မြောက်ကို ဟိုပုံးမြို့၌ တန်ဆောင်မုန်းလဆန်း (၁)ရက်နေ့တွင်စတင်ကျင်းပမည်ဟု ဦးဇင်းဣန္ဒာစာရာလင်္ကာရ ပြောပြချက်အရ သိရသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲ တတိယအကြိမ်မြောက်ကို ရှမ်းတောင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးကျောင်းတိုက်တွင် တန်‌ဆောင်မုန်းလဆန်း(၁) ရက်နေ့မှ (၃)ရက်နေ့အထိ(၃)ရက်ဆက်တိုက် ကျင်းပမည်ဖြစ် ကြောင်း သိရသည်။ တန်ဆောင်မုန်းလဆန်း(၆)ရက်နေ့တွင် စာအောင်သံဃာတော်များအား…

ဝေးလံခေါင်ဖျားသည့်ဒေသရှိ ကျေးလက်ကလေးများ ပညာသင်ကြားနိုင်ရန် KNEC ကူညီဆောင်ရွက်ပေး

ခမ်းသားငေါဝ်း ဩဂုတ် ၃၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဘန့်ဘာ‌အုပ်စု၊ ကန့်ဖြူအောက်ကျေးရွာ(ကထန်းရွာသစ်)တွင် ကျေးလက်ကလေးများ ပညာသင်ကြားနိုင်ရန် ကယန်းအမျိုးသားပညာရေးကော်မတီ (KNEC)က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ၎င်းဒေသသည် ပြီးခဲ့သည့်(၂)နှစ်တာကာလအတွင်းနိုင်ငံရေးအခြေအနေများကြောင့် ဆရာ/မများ ရောက်လာခြင်းမရှိဘဲ ကလေးများအတွက် ပညာရေးအခွင့်အရေးများဆုံးရှုံးရပြီး ယခုနှစ်တွင် KNEC မှ ပညာသင်ကြားပေးနိုင်မည့် စေတနာ့ ဝန်ထမ်း(၂)ဦး ပို့ဆောင်ကူညီခဲ့ကြောင်းသိရသည်။ “အဲ့ဒီရွာက‌‌ ဝေးလံခေါင်ဖျားတဲ့နေရာလည်းဖြစ်တယ်။ သူတို့ဒေသမှာ ကျောင်းဖွင့်လှစ်နိုင်ဖို့…

ဒီးမော့ဆိုအနောက်ဖက်ခြမ်းစစ်ရှောင်စခန်းတွင် စာသင်ဆောင်မလုံလောက်သည့်အတွက် နေအိမ်ထဲထိပါစာသင်ကြားနေရ

ခမ်းသားငေါဝ်း ဩဂုတ်လ၂၅၊၂၀၂၃ ကရင်နီ(ကယား)ပြည်၊ ဒီမော့ဆိုမြို့နယ်၊ ဒေါနိုးကူးစစ်ရှောင်စခန်းတွင် စာသင်ဆောင်လုံလောက်မှုမရှိခြင်းကြောင့် စာသင်ကြားရန်အခက်အခဲရှိနေကြောင်း ဩဂုတ်လ ၂၅ ရက်နေ့တွင်သိရသည်။ စာသင်ဆောင်လုံလောက်မှု မရှိသည့်အတွက် စစ်ရှောင်ကလေးများကို လူနေအိမ်တွင် စသင်ကြားပေးနေရကြောင်းသိရသည်။ ” ကျနော်တို့ရွာက အထက်တန်းအထိစာသင်တာဆိုတော့ စာသင်ဆောင်လည်းမရှိဘူးလေ။ သူများနေအိမ်မှာသင်ရတာပေါ့၊ ကျောင်းသား/သူ ၁၆၀ နီးပါးရှိတယ်၊ တစ်အိမ်ထဲမလုံလောက်ဘူး၊ အိမ် ၃ လုံးခွဲပြီး တစ်အိမ်ကို ၅၀ ဦးသင်ကြရတယ်၊…

အေးသာယာ အ.ထ.က ၂ ကျောင်းတွင်ကျူရှင်မယူနိုင်သည့်ကျောင်းသားများ ခွဲခြားဆက်ဆံခံနေရ

ခမ်းသားငေါဝ်း သြဂုတ် ၁၆၊ ၂၀၂၃ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ အေးသာယာ အထက ၂ ကျောင်းတွင် ဘာသာရပ်ပြဆရာ/မ များမှ ကျူရှင်မယူနိုင်သည့်ကျောင်းသားများကို ခွဲခြားဆက်ဆံခြင်း၊ အရှက်ရသိမ်ငယ်အောင်ပြုလုပ်ခြင်းများရှိနေကြောင်း ဩဂုတ်လ(၁၆)ရက်နေ့တွင် သိရသည်။ ကျူရှင်မတက်ရောက်နိုင်သည့် ကျောင်းသား/သူ များကို အတန်းတွင်းကျူရှင်တက်သည့်ကလေးများနှင့် အပေါင်းအသင်းမလုပ်ခိုင်းခြင်း၊ အတန်း၏ နောက်ဆုံးခုံများ၌သာ ထိုင်ရခြင်း၊ အတန်းတွင်းမသင်ရသေးသည့် သင်ခန်းစာများအား စာမေးပွဲတွင် ထည့်သွင်းမေးမြန်းခြင်းများ ပြုလုပ်လျက်ရှိကြောင်းဒေသခံပြောပြချက်အရ…

ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သူ များပြားလာ၍ အထောက်အထားစုံလင်လိုအပ်

ခမ်းသားငေါဝ်း ဩဂုတ် ၉၊၂၀၂၃ မြန််မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ သွား‌ ရောက်အလုပ်လုပ်ကိုင်သူ ပိုမိုများပြားလာ၍ အ ထောက်အထားစုံလင်မှသာလျှင် အလုပ်ရရန်လွယ်ကူကြောင်း အလုပ်ရှာဖွေရေး အေးဂျင်းတစ်ဦးထံမှ သိရှိရသည်၊၊ လက်ရှိတွင် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းဖြင့် ဝင်ရောက်သူ များပြားလာပြီး အထောက်အထားမရှိသောကြောင့် အလုပ်ရှာဖွေရန် ခက်ခဲကြရကြောင်း သိရသည်၊၊ ” ဒီတစ်လနှစ်လအတွင်းကိုမှ အောက်လမ်း (တရားမဝင်လမ်း)ကနေပြီး ဝင်လာတဲ့သူက ရက်တိုင်းလိုလိုရှိနေတယ်။ ဖမ်းမိတာတွေလည်း…