Category: မူးယစ်/ မှုခင်း

လောင်းကစားဝိုင်းကြောင့် သူခိုးဓားပြများလာပြီး အသက်အန္တာရယ်ခြိမ်းခြောက်သည့်အထိရှိလာ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၄၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် လချီလောင်းကစားဝိုင်းဆက်လက်ဖွင့်ထားနေခြင်းကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအတွင်း ဆေးသမားများ၊ သူခိုးများနှင့် လူလိမ်လူညာပေါများ လာနေကြောင်းမြို့ခံ တစ်ဦးထံမှသိရသည်။ လက်ရှိတွင် နမ့်စန်မြို့ရှိ ရွှေငါးကန်နှင့် သစ်ကွင်းတို့တွင် နာမည်ကြီးအဆိုတော်များခေါ်ပြီး ရှိုးပွဲဘန်းပြကာ ညတိုင်းလောင်းစားဝိုင်းဖွင့်လှစ်လျက်ရှိကြောင်း ဒေသခံများကပြောဆိုသည်။ “ဒီလိုလောင်းကစားဝိုင်းလချီရှိလာတော့ ဘာမှမကောင်းဘူးလေ၊ လူငယ်တွေအကျင့်ပျက်တာပဲအဖတ်တင်တာပေါ့၊ ဆေးသမားတွေ၊ သူခိုးတွေပိုပေါလာတယ်။ နောက်လူလိမ်လူညာတွေများတယ်။ ရပ်ကွက်ထဲကျေးရွာထဲ ဆိုင်ကယ်ပြောတာတွေ အိမ်ဖောက်ခံရတာတွေ…

ပင်လုံတွင် ဓားပြတိုက်မှုဆက်တိုက်ဖြစ်ပွားပြီးနောက် စာစောင်အတုဖြန့်ကာ ပြည်သူကိုခြိမ်းခြောက်ဟောက်စားမှုရှိ‌နေ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၃၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ဓားပြတိုက်မှု ဆက်တိုက်ဖြစ်ပွားပြီးနောက် စာစောင်အတုများဖြန့်ပြီး မြို့ခံပြည်သူများကို ခြိမ်းခြောက်ဟောက်စာမှုရှိနေကြောင်း မြို့ခံများထံမှ သိရသည်။ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် “ကြေးစားလူသတ်ပစ်ခတ်အဖွဲ့” အမည်ဖြင့် စာအတုများရေးပြီး ပင်လုံမြို့ရှိ နမ့်စန် ပရိဘောဂဆိုင် ၂ဆိုင်၊ဆိုင်ကယ် Showroomဆိုင်နှင့် ဖုန်းဆိုင်များကို စာစောင်လာပစ်ပြီး ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။ စာတွင်”ခင်များတို့ နမ့်စန် ပရိဘောဂဆိုင်…

စစ်ကောင်စီကြောင့် ၉ ရက်အတွင်း နိုင်ငံတဝန်းရှိပြည်သူအယောက် ၄၀ သေဆုံး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၀၊၂၀၂၄ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၄ ခုနှစ် ၉ ရက်တာအတောအတွင်း စစ်အုပ်စု နှင့် ၄င်းတို့လက်ပါးစေကြောင့် နိုင်ငံတဝန်းရှိ ပြည်သူ (၄၀) ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီအုပ်စုကြောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၉ရက်နေ့အထိ နိုင်ငံတဝန်းရှိပြည်သူအယောက် ၄၀ သေဆုံးမှုတွင် စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုလည်းပါဝင်ကြောင်း နိုင်ငံရေးအကျည်းသားများ…

ပင်လောင်းတွင် သူခိုးလုယက်မှု၊ ဓါးပြတိုက်မှုများ တစ်နေ့ထက်တစ်‌နေ့ ပိုများလာ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၉၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် သူခိုး၊ဓားပြ၊လုယက်မှုများ ပိုမိုများပြားလာကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ သူခိုးများသည် လက်ဖက်၊ ငရုတ်သီး၊ အာလူး၊ဆိုင်ကယ်များ ခိုးယူမှု ဆိုးဆိုးရွားရွား အခြေအနေရှိလာနေပြီး ဒေသခံများ အခက်ခံကြုံတွေ့ စေရကြောင်းဆိုသည်။ “လက်ဖက်၊ငရုတ်သီးတို့ဆို အိမ်မှာလူမရှိရင် မလှန်းရဲတာ့ဘူး။ ခိုးပြီဆိုလည်းကိုယ်လှန်းထဲ့ထားတဲ့ ဖျာကိုတောင် မပြီး ခိုသွားတယ်။ အရမ်းဆိုးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။…

တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်က နေအိမ်တစ်လုံးဖောက်ထွင်းခိုးခံရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၈၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ဘုရားဖြူရပ်ကွက် နယ်မြေ ၁ ရွာသစ်ကုန်းအတွင်း၌ ယနေ့ဇန်နဝါရီလ ၈ ရက်နေ့ လူနေအိမ်တစ်လုံးဖောက် ထွင်းခံရပြီး ပစ္စည်းခိုးခံရမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဥ်သည် ယနေ့နံနက် ၉ နာရီဝန်းကျင်အချိန်တွင် ပညာဗောဓိလမ်း လမ်းခွဲ (၄) နေအိမ်တစ်အိမ် အတွင်းကို သူခိုးများမှ လာရောက်ဖောက်ထွင်းပြီး အိမ်တွင်းရှိတန်ဖိုးရှိပစ္စည်းများ ထည့်ထားသော သေတ္တာအလုံးလိုက်အခိုးခံရခဲ့ရကြောင်းရပ်ကွက်ခံများထံမှသိရသည်။ “အိမ်ရှင်အမျိုးသမီးက အပြင်ထွက်တာ…

ပင်လုံဓားပြတိုက်မှုတွင် တရားခံကို ဖမ်းမိခြင်းမရှိသေးသောကြောင့် ဒေသခံများစိုးရိမ်နေရ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၊၂၀၂၄ ပင်လုံမြို့ ဖြစ်ပွားခဲ့သည့် ဖုန်းဆိုင်ဓားပြတိုက်လူသတ်မှုတွင် ယနေ့အထိ တရားခံကို ဖမ်းမိခြင်း မရှိသေးသောကြောင့် မြို့ခံပြည်သူများက လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက်နေ့၌ ဖုန်းဆိုင်တစ်ဆိုင်ဓားပြတိုက်ခံရပြီး ပိုင်ရှင်ဦးတင်ထွန်း နှင့် ဆိုင်ဝန်ထမ်းအပါအဝင် လူ ၄ ဦးကို ဓားပြအဖွဲ့က ပစ္စတိုသေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားပြီးနောက် လက်ရှိတွင်…

ဒီဇင်ဘာလအတွင်း ခိုးဆိုးလုယက်မှု ဓားပြတိုက်သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပွားပြီး အရေးယူဆောင်ရွက်မှုမရှိ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၊၂၀၂၄ ရှမ်းတောင်ရှိ မြို့နယ်များတွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ခိုးဆိုးလုယက်မှု ဓားပြတိုက်သတ်ဖြတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ပင်လုံမြို့နယ် နှင့် ဟိုပုံးမြို့နယ်များတွင် ခိုးဆိုးလုယက်မှုများ၊ ဓားပြတိုက်ပြီး သတ်ဖြတ်မှုများဆက်တိုက်ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာများမှလည်း အရေးယူ ဖမ်းဆီးမှုများ အားနည်းနေခဲ့ကြောင်း သိရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းတွင် တရားဥပဒေစိုးမိုးမှု…

ဘော်ဆိုင်းတွင် ရဲနှင့်အုပ်ချုပ်ရေးမှူးများလိုင်းကြေးယူပြီး လောင်းကစားဝိုင်းဖွင့်ပြီးပြုလုပ်နေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ဘော်ဆိုင်းဒေသတွင် နယ်မြေရဲနှင့် အုပ်ချုပ်ရေးမူး ကလိုင်းကြေးရရယူပြီး လောင်းကစားဝိုင်းများတရားဝင် ဖွင့်ခွင့်ပေးထားကြောင်း သိရသည်။ အထက ၆ ကျောင်းရံပုံငွေနှင့် ပြည်တော်သာရပ်ကွက် ဓမ္မာရုံ တည်ဆောက်ရန် အကြောင်းပြပြီးတရားဝင်ပုံစံနှင့် လွတ်လွတ်လပ်လပ် လောင်းကစားဝိုင်းဖွင့်လှစ်နေကြသည်ဟု သတင်းရင်းမြစ် ကခမ်းသားငေါဝ်းကိုပြောသည်။ “ပြုလုပ်နေတာကြာပါပြီ အရင်ကလည်း ၆ လလောက်လုပ်တယ် ခုအထက(၆)ရံပုံငွေ တစ်ရက်တစ်သိန်းပေးတယ်…

တောင်ကြီးမြို့တောင်ဘက်ကျေးရွာရှိလူနေအိမ်အချို့ဖောက်ထွင်းခံရပြီး ပစ္စည်းများအခိုးခံရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၄၊၂၀၂၃ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တောင်ဘက်ရှိညိုမီး ထီဗွာကျေးရွာရှိ လူနေအိမ်အချို့ဖောက်ထွင်းခံရပြီး ပစ္စည်းများဝင်ရောက်ခိုးယူခြင်းခံရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးထံမှသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ၂၂ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ညိုးမီးရှိလူနေအိမ်တစ်အိမ်ကို သူခိုးများက အိမ်စောင့်ခွေးကို အဆိပ်ပါအစာကြွေးပြီး အိမ်ကိုဖောက်ကာ အိမ်တွင်းရှိ ပစ္စည်းများခိုးယူခဲ့ကြောင်းဆိုသည်။ “အမှန်တော့ အဲ့အိမ်မှာ ခွေးအကြီးကြီး ၂ကောင်ရှိတယ်။ အဲ့ခွေး၂ကောင်ကို အသားထဲမှာ အဆိပ်ထည့်ပြီးကြွေးတာ ပြီးတော့အိမ်ဖောက်သွားပြီး…

ဗန်းမောက်စစ်ရှောင်စခန်းသို့ စစ်ရှောင်ကူညီရန်သွားသူများကို စစ်ကောင်စီက ဓားထောက်စစ်ဆေးခြိမ်းခြောက်မှုပြုလုပ်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်းလောင်း – ဖယ်ခုံ နယ်စပ်ရှိ ဗန်းမောက်ကျေးရွာသို့သွားသည့် စစ်ရှောင်ကူညီသူများကို စစ်ကောင်စီက ဓားထောက်ခြိမ်း ခြောက်သည့်အတွက် စစ်ရှောင်များကိုအကူအညီပေးရန် အခက်အခဲရှိနေကြောင်းသိရသည်။ လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်ကူညီလုပ်ဆောင်ပေးသူများကို စစ်ကောင်စီက ဒီဇင်ဘာ ၂၀ ရက် ပင်လောင်း ရင်းမှီးရွာအနီးတွင်ဓားထောက်ပြီးစစ်ဆေးမှုပြုလုပ်နေကြောင်း ကူညီပေးသူများထံသိရသည်။ “ကျွန်တော်တို့က ပင်လောင်းကနေ့ ပစ္စည်းသယ်လာတယ် လမ်းမကြီးက သွားလို့မရလို့တောလမ်းကနေသွားတာ ပင်လောင်း…

You missed