Category: မူးယစ်/ မှုခင်း

ရွာငံ-မန္တလေးလမ်း မြို့ကြီးရွာအနီးတွင် Probox ကားတစ်စီး တိမ်မှောက်ပြီး ၆ ဦးသေဆုံး

ခမ်းသားငေါဝ်း မတ် ၆၊ ၂၀၂၄ ရွာငံ -မန္တလေး လမ်း မြို့ကြီးရွာအနီးတွင် Probox ကားတစ်စီး အရှိန် မထိန်းနိုင်ပဲ တိမ်မှောက်ပြီး ၆ ဦး သေဆုံးပြီး ၁ ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် ၊ မြို့ကြီးရွာအနီး ညောင်ပင်ထောက်ကွေ့တွင် မတ်လ ၅ ရက် နေ့လည်ခင်း ၂…

အောင်ပန်းတွင်ဆိုင်ကယ်တစ်စီး အုတ်တံတိုင်းကို တိုက်မိပြီး တစ်ဦးသေဆုံး၊တစ်ဦးပြင်းထန်စွာဒဏ်ရာရ

ခမ်းသားငေါဝ်း မတ် ၁၊၂၀၂၄ အောင်ပန်းမြို့တွင် ဆိုင်ကယ်တစ်စီး လမ်ဘေးအုတ်တံတိုင်းကို တိုက်မိပြီး တစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့သရက်ပု-ကမ်းပါးနီ ဂျာမနီလမ်းတွင် ဖေဖော်ဝါရီ ၂၉ ရက်နေ့က ဆိုင်ကယ်တစ်စီး အရှိန်မထိန်းနိုင်ပဲ လမ်းဘေးရှိ အုတ်တံတိုင်းကို ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။ “တစ်ဦးက ပွဲချင်းသေဆုံးတယ် တစ်ဦးတော့ဒဏ်ရာအပြင်းအထန်ရတယ် ညမိုးချုပ်လည်း ဖြစ်တော့ ဆိုင်ကယ်အမြန်မောင်းကြပြီး အရှိန်မထိန်းနိုင်ပဲ…

ဆီဆိုင်မြို့နှင့် ဟိုပုံးမြို့တိုက်ပွဲ တစ်လအတွင်း အရပ်သား ၂၆ ဦးသေဆုံး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၁၊ ၂၀၂၄ ပအိုဝ်းဒေသဆီဆိုင်မြို့နယ်နှင့်ဟိုပုံးမြို့နယ် တိုက်ပွဲတစ်လအတွင်းတွင် အရပ်သား ၂၆ ဦးသေဆုံးပြီး လေကြောင်း တိုက်ခိုက်မှု၂၇၁ ကြိမ်ရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းရုံး PYOထုတ်ပြန်ချက်အရသိရသည်။ ယင်းသေဆုံးမှုများသည် တိုက်ပွဲစတင်ဖြစ်ပွားသည့် ဇန်နဝါရီ ၂၁ ရက်နေ့မှ ဖေဖော်ဝါရီ ၁၇ ရက်အတွင်းသာဖြစ်ပြီး လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှု၊ဒရုန်းဖြင့်ဗုံးကြဲခံရမှု၊ သေနတ်နဲ့ပစ်သတ်ခံရမှု စသည်တို့ကြောင့် သေဆုံးခဲ့ရသည်ဟု PYOထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “အခုက…

ပင်လောင်းတွင် ကျောင်းသူနှစ်ဦး ရိုက်နှက်ခံရပြီး ဆိုင်ကယ်လုယူမှုဖြစ်ပွား

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၆၊၂ ပင်လောင်းမြို့၊ ကန်သာဦးရပ်ကွက်တွင် ဆိုင်ကယ်ဖြင့် ကျောင်းသွားနေသည့် ကျောင်းသူနှစ်ဦး ဆိုင်ကယ်လုယက်ခံခဲ့ရကြောင်း ‌သိရှိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့ပေါ် ကန်သာဦးရပ်ကွက် ပင်တလဲလမ်း ညောင်ပင်အနီးတွင် ကျောင်းတက်‌နေသည့် အထက်တန်း ကျောင်းသူနှစ်ဦးကို အမျိုးသားတစ်ဦးက ရိုက်နက်ပြီး ဆိုင်ကယ်လုယက်မှု ဇန်နဝါရီ ၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “သူငယ်ချင်းနှစ်ယောက်ကျောင်းသွားတက်ကြတာ ပင်းတလဲက နေပင်လောင်းဆိုတော့ နဲနဲဝေးတော့…

အင်းလေးဒေသ တွင်လောင်းကစားဝိုင်းတွင်တွင်ကျယ်ကျယ်ဖွင့်လာခြင်းကြောင့် ဒေသခံလုံခြုံရေးစိုးရိမ်ရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅၊ ၂၀၂၄ အင်းလေး‌ဒေသအတွင်း စစ်ကောင်စီမှ လောင်းက စားဝိုင်းများကို နေရာအနှံ့တွင်တွင် ကျယ်ကျယ်ပြုလုပ်လာခြင်းကြောင်း ‌ဒေသခံများလုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်နေရကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသများတွင် အာဏာသိမ်းပြီး ၃ နှစ်အတွင်း စစ်ကောင်စီမှ ပျူစောထီးနှင့် ပြည်သူ့စစ်တို့ ဦးဆောင်ကာ လောင်ကစားဝိုင်းများကို တွင်တွင်ကျယ်ကျယ်ပြုလုပ်လာကြကြောင်း ယနေ့ ဇန်နဝါရီလ ၂၅ရက်နေ့ ကသိရသည်။ “ ဒီလို‌လောင်းကစားဝိုင်း တွေများလာတော့…

ကလေးငယ်နေမကောင်းသဖြင့် ဆေးကုသမှုခံယူစဥ် ငွေ လေးသိန်းကျပ် လိမ်လည်ခံရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၉၊၂၀၂၄ တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံတွင် နယ်လူနာတစ်ဦး ငွေကြေးလိမ်လည်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံတွင် သန့်ရှင်းရေးဝန်းထမ်းတစ်ဦးမှ ကျေးလက်လူနာ၏ ဘာသာစကားအာနည်းမှုနှင့် ဆေးရုံပိုင်းဆိုင်ရာနားလည်မှုအားနည်းခြင်းကို အခွင့်ကောင်းယူပြီး ငွေကြေးလိမ်လည်မှုဖြစ်ခဲ့ကြောင်း ဆေးရုံနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။ ယခုရက်သတ္တပတ်အတွင်းတွင် ကလေးငယ်နေမကောင်းသဖြင့် ပင်လောင်းမြို့နယ်မှ တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေးအထူးကုဆေးရုံသို့ပြောင်းရွှေ့ ကုသမှုခံယူသည့် အသက် ၄၀ အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ဆေးရုံတွင် ငွေလေးသိန်းကျော်…

ပင်လုံမြို့ဖြစ်ပွားခဲ့သည့်ဖြစ်စဥ်တွင် ဓားပြတိုက်မှုမဟုတ်ပဲ စိတ်မမှန်သူ သောင်းကျန်းမှုသာ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၈၊၂၀၂၄ ပင်လုံမြို့ရှိ ကမ္ဘောဇဘဏ်အတွင်း ဖြစ်ပွားသည့်ဖြစ်စဥ်သည် ဓားပြတိုက်မှုမဟုတ်ပဲ ဆေးကြောင်သည့်စိတ်မမှန်သူ အမျိုးသားတစ်ဦး လာရောက်သောင်းကျန်းမှုသာဖြစ်ကြောင်း မြို့ခံအမျိုးသားတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ ကမ္ဘောဇဘဏ်အတွင်း ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် အမျိုးသားတစ်ဦးက ပိုက်ဆံလာထုတ်မည်ဟုဆိုကာ ဓားထုတ်ပြီး ဘဏ်ဝန်ထမ်းများကို ဆဲဆိုခြိမ်းခြောက်ရန်ပြုမူခဲ့‌ကြောင်း သိရသည်။ “အမှန်က အဲ့လူကစိတ်မမှန်တာ…

တောင်ကြီးတွင် မီးပျက်နေချိန် သူခိုးများ အခွင့်ကောင်းယူပြီး မီးကြိုးများ လိုက်လံခိုးနေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၈၊၂၀၂၄ တောင်ကြီးမြို့တွင် မီးပုံမှန်မလာခြင်း၊ မီးနေ့စဉ်နေ့တိုင်းပျက်နေခြင်းကို သူခိုးများ အခွင့်ကောင်းယူပြီး မီးကြိုးများ လိုက်လံခိုးယူနေကြောင်း တောင်ကြီးမြို့ခံများထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် မီးပုံမှန်မလာသဖြင့် မီးပျက်နေသည့်အချိန်များ၌ သူခိုးများက အခွင့်ကောင်းယူပြီး ရပ်ကွက်တွင်းရှိ မီးကြိုးများ၊ အချို့အိမ်များတွင် ရေမော်တာများကို လိုက်လံခိုးယူနေကြောင်း ဒေသခံများက ဇန်နဝါရီလ (၁၈) ရက်နေ့တွင် ပြောဆိုသည်။ တောင်ကြီးရှိ ပန်သခွား၊…

တောင်ကြီးရှိ ရွှေတောင်ရိုးကားခြံ မီးလောင်မှုဖြစ်ပွား

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၈၊၂၀၂၄ တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်ရှိ ရွှေတောင်ရိုးကားခြံအား ယနေ့နံနက်အစောပိုင်း ၁ နာရီအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ရေအေးကွင်းရပ်ကွက်ရှိ ရွှေတောင်ရိုးကားခြံကို ယနေ့ဇန်နဝါရီလ ၁၈ ရက်က်နေ့ နံနက် ၁၂ နာရီ ၅၈ မိနစ်အချိန်တွင် မီးစတင်လောင်ခဲ့ပြီး ၁ နာရီ ၄၁ မိနစ်အချိန်တွင် မီးကိုငြိမ်းသတ်နိုင်ကာ မိနစ် ၄၀ ကျော်ကြာ…

လွယ်အွန်းရွာအတွင်း လူနေအိမ်၂လုံးဖောင်းထွင်းခံရပြီး ငွေ ၂၇ သိန်းအခိုးခံရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၅၊၂၀၂၄ ဟိုပုံးမြို့နယ် လွယ်အွန်းကျေးရွာအုပ်စု လွယ်အွန်းရွာအတွင်း ယနေ့ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၁နာရီဝန်းကျင်က လူနေအိမ် ၂ လုံးဖောက်ထွင်းခံရပြီး ငွေ ၂၇ သိန်းအခိုးခံရမှုဖြစ်ပွားကြောင်းရွာခံအမျိုးသားတစ်ဦးထံမှသိရသည်။ ကျောင်းစုံညီပွဲတော်ကျင်းပရန်အကြိုရက်တွင် ယနေ့တွင် ဆယ်အိမ်ခေါင်းတစ်စု ဘောလုံးအသင်းဖွဲ့ပေးပြီး ကလေးများဘောလုံးပွဲသွားကြည့်စဥ်ရွာတွင်းနေအိမ်အချို့တိတ်ဆိတ်နေခြင်းကြောင့်သူခိုးများအခွင့်ကောင်းယူပြီးအိမ်ဖောက်ထွင်းခြင်းဖြစ်ကြောင်းသိရ သည်။ “ဒီနေ့က ခေါင်းအလိုက်ကလေးတွေဘောလုံးကန်တော့ အဲ့မှာလူတွေကသွားစုနေတာ၊ သူခိုးကလူတိတ်ဆိတ်တော့ ရွာတောင်ဖက်ခြမ်း နေအိမ်၂ လုံးကိုဖောက်တာ…

You missed