Category: မူးယစ်/ မှုခင်း

ဆိုက်ခေါင်တွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမှု ကျူးလွန်သူအား တရားရုံးက ထောင်ဒဏ် နှစ် ၂၀ အမိန့်ချ

ခမ်းသားငေါဝ်း ဩဂုတ် ၁၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်း မှုတွင် ကျူးလွန်သူတရားခံအား ဟိုပုံးတရားရုံးက ထောင်ဒဏ် ၂၀ နှစ် အမိန့်ချလိုက်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့်ဇွန်လ ၂၉ ရက်နေ့က ဆိုက်ခေါင်စံပြကျေးရွာ အောင်သုခရပ်ကွက်တွင် နေထိုင်သည့် ၁၁ နှစ်အရွယ် အမျိုးသမီးကလေငယ်အား တစ်ရပ်ကွက်တည်း နေထိုင်သူ ဦးထွန်အောင်က မုဒိန်းပြုကျင့် ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး…

မဲဆောက်တွင် ကုန်စိမ်းတင်ဆောင်သည့်ကားထဲတွင် မြန်မာနိုင်ငံသား ၅၂ ဦးဖမ်းဆီးမိ

ခမ်းသားငေါဝ်း ဩဂုတ် ၅၊၂၀၂၃ ထိုင်းနိုင်ငံ မြဝတီ-မဲဆောက်နယ်စပ်ဘက်တွင် ကုန်စိမ်းတင်ဆောင်လာသည့် ကုန်တင်ကားကြီးထဲတွင် မြန်မာနိုင်ငံသား ၅၂ဦး ဖမ်းဆီးမိကြောင်း သတင်းရရှိရသည်၊၊ ဖြစ်စဥ်သည် ထိုင်းနိုင်ငံ တာ့က်ခရိုင်ရှိ မဲဆောက်မြို့အထွက်တွင် အသီးအရွက်ကားထဲ၌ ပုန်းအောင်းလိုက်ပါလာ၍ သြဂုတ် ၃ ရက်ည ၉ နာရီအချိန်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ မဲဆောက်မြို့အထွက် ဘန်ဟွေဟင်ဖွန် စစ်ဆေးရေးဂိတ်တွင် ၆ ဘီးကားဖြင့် တင်ဆောင်လာသည့်…

ရှမ်းပြည်နယ်တွင် ယဉ်မတော်တဆမှုကြောင့် သေဆုံးမှု အများဆုံးအဆင့်ရှိနေ

ခမ်းသားငေါဝ်း ဩဂုတ် ၃၊၂၀၂၃ ရှမ်းပြည်နယ်တွင် ယဉ်မတော်တဆမှုဖြစ်ပွားမှုများကြောင့် ယခု ၂၀၂၃ ခုနှစ် ပထမ ၆ လအတွင်း သေဆုံးသူ ၁၉၄ ဦးရှိပြီး တစ်နိုင်ငံလုံးအနေဖြင့် သေဆုံးမှုအများဆုံးအဆင့်တွင်ရှိနေကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးငှာန ထုတ်ပြန်ချက်အရ သိရသည်။ မကွေးတိုင်းသည် ဒုတိယအများဆုံးဖြစ်ပြီး သေဆုံးသူ ၉၄ ဦးရှိကာ ကျန်တိုင်းနှင့် ပြည်နယ်များတွင် သေဆုံးသူ လျှော့နည်းလာကြောင်း ထုတ်ပြန်ချက်တွင်…

ပင်‌‌‌လောင်းတွင် တစ်‌နေ့ထက်တစ်နေ့ ခိုးဆိုးလုနှိုက်မှုပိုမိုများပြားလာ

ခမ်းသားငေါဝ်း ဇူလိုင်လ ၉၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်‌လောင်း မြို့နယ်အတွင်းတွင် တစ်နေ့ထက်တစ်နေ့ ခိုးဆိုးလုနှိုက်မှု ပိုမိုများပြားလာကြောင်း ဒေသခံထံမှ သိရသည်။ ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ညဘက်အချိန် ရပ်ကွက်တွင်းလူနေအိမ်များ၊ စိုက်ပျိုးရေးရှိ သီးနှံများကို ခိုးယူမှုများရှိနေ ကြောင်း သိရသည်။ “အခုတလောက ဂျင်း‌တွေ၊ တူးပြီးသားအာလူးတွေ မကြာခဏ အခိုးခံရတယ် စိုက်ပျိုးရေးသုံးကိရိယာတွေ၊ ခိုးဆိုးလုနှိုက်မှူတွေ လည်း မကြာခဏ…

နမ့်ခမ်းမြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါးသုံးစွဲ ရောင်းဝယ်သူ (၈၀)ဦးကို PSLF/TNLA ဖမ်းဆီး

ခမ်းသားငေါဝ်း ဇူလိုင်လ ၆၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်းရှိ မူးယစ်‌ဆေးဝါး သုံးစွဲရောင်းဝယ်သူ (၈၀)ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု PSLF/TNLAက ယမန် နေ့ ဇူလိုင် ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်၊၊ မူးယစ်ဆေး သုံးစွဲရောင်းဝယ်သူများကို ဇွန်လ (၁၆)ရက်နေ့မှ (၃၀)ရက်နေ့ထိ ၁၅ ရက်အတွင်း PSLF/TNLA ဗဟိုအုပ်ချုပ်ရေးဌာန အထူးတပ်ဖွဲ့မှ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့သည် ဟုဖော်ပြထားသည်၊၊ ဖမ်းဆီးရမိသူများသည် မူးယစ်ဆေးရောင်းဝယ်သူ(၇)ဦးနှင့်…

တောင်ကြီး​မြို့တွင် ရာခိုင်နှုန်းဖြင့်ငွေတိုးပေး ကုမ္ပဏီတစ်ခု ငွေကျပ်သိန်းပေါင်း ၂၀ ဘီလီယံကျော်လိမ်လည်ထွက်ပြေး

ခမ်းသားငေါဝ်း ဇူလိုင်လ ၅၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ဘုရားဖြူရပ်ကွက် ရေထွက်ဦးလမ်းပေါ်တွင် ရုံးဖွင့်ထားသည့် ရာခိုင်နှုန်းဖြင့်ငွေတိုးပေး Invescog Management ကုမ္ပဏီက ငွေကျပ်သိန်းပေါင်း၂၀ ဘီလီယံကျော် လိမ်လည်ထွက်ပြေးသွားကြောင်း သိရသည်။ ” မနေ့မနက် ၁၀ နာရီအထိ ဆက်သွယ်လို့ရတယ်၊ အဲနောက်ပိုင်း မရတော့ဘူး၊ CEOနဲ့ ရုံးဝန်ထမ်းတွေက ည ၁၁ နာရီအချိန်ထိ အစည်းအဝေးလုပ်ခဲ့ကြတယ် ပြောတယ်၊…

မူးယစ်ဆေးကို ထမင်းလို မှီဝဲသည့် ကိုကျော်

…………………………… ခမ်းသားငေါဝ်း ဇူလိုင်လ ၄၊ ၂၀၂၃ “ကိုယ်ရှူဖို့အတွက်တောင် မနဲးရုန်းကန်ရှာဖွေရတာ မိသားစုအတွက်တော့ ဘယ်လိုမှ လည်ပတ်လို့ မရတော့ဘူး၊ ပြောရရင် လူ့ဘဝရလာတာဟာ တန်ဖိုးကိုမရှိတော့တာ နေမထူး သေမထူး လူဖြစ်ရှုံးလိုက် တာလို့ ကျွန်တော့်ရင်ထဲ ခံစားရတယ်ဗျာ”ဟုနောင်တရသည့်လေသံဖြင့် မူးယစ်ဆေးဝါးကို ထမင်းစားသလို မှီဝဲသည့် အသက်(၄၀)ကျော်အရွယ် ခပ်ပိန်ပိန်ခန္ဓာကိုယ်ပိုင်ဆိုင်ထားသော ကိုကျော်(နာမည်လွဲ) ကိုယ်တိုင်မှ ရင်ဖွင့်ပြောဆိုသည်။ လူတွေအသက်ရှင်နိုင်ဖို့ တစ်ရက်လျှင်…

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာသည့် နမ့်စန်မြို့

ခမ်းသားငေါဝ်း၊ ဇွန်လ ၂၂၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် လောင်းကစားနှင့် မူးယစ်းဆေးဝါးသုံးစွဲမှုများပြားလာသည်နှင့်အမျှ ဒုစရိုက်မှု၊ မုဒိန်းမှုများ နေ့စဉ်ဖြစ်ပွားမှုရှိနေပြီး ဒေသတွင်း တရားမျှတမှု တရားဥပဒေစိုးမိုးမှု အားနည်းနေကြောင်း သိရှိရသည်။ “ဒီမှာက မူးယစ်‌ဆေးဝါးသုံးမယ်ဆိုရင် အရမ်းလွယ်ကူတယ်။ ဘာလို့လွယ်ကူလည်းဆိုရင် ဝယ်ယူရတာလည်းလွယ်တယ်။ သုံးရင်လည်း ဘယ်သူမှ မတားဘူး မဖမ်းဘူးဆိုတော့လေ။ သုံးစွဲသူတွေက အရွယ်စုံဘဲ အများအားဖြင့် လူငယ်တွေပိုများတယ်။ လူငယ်ထဲမှာဆိုရင် အမျိုးသမီးတွေလည်းပါတယ်။…

ပင်လောင်းမြို့နယ် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ပိုများလာ

ခမ်းသားငေါဝ်း၊ မေလ ၁၇၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် အလွယ်တကူရရှိနိုင်ပြီး ရောင်းဝယ်သူပိုများလာကြောင်း ဒေသခံများထံမှ သိရသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ယာမ (ခေါ်) မူးယစ်ဆေးဝါးကို ခိုးရောင်းသူပိုများလာသည့်အတွက် သုံးစွဲသည့်လူငယ်လူလတ်လည်း ပိုများလာကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ “အခုက မူးယစ်ဆို ရွာတိုင်းလိုလိုမှာ ရောင်းတဲ့သူ ရှိတယ် အလွယ်လည်းရကြတယ်…

အခွန်ခပေးဆောင်ပြီး ရေရှည်လောင်းကစားပွဲပြုလုပ်သည့်နေရာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ သွားရောက်ချိန်တွင် လောင်းကစားဝိုင်းများမတွေ့ရှိရဟုဆို

ခမ်းသားငေါဝ်း၊ ဧပြီ ၁၂၊ ၂၀၂၃ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စု၊ မြင်းဝန်းကျေးရွာတွင် အခွန်ခပေးဆောင်၍ လောင်းကစားဝိုင်းများပြုလုပ်ခွင့်ရနေရာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဥက္ကဌများ သွားရောက် ကွင်းဆင်းစစ်ဆေးရာတွင် လောင်းကစားဝိုင်းများ မတွေ့ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။ လောင်းကစားဝိုင်းများရပ်နားသိမ်းဆည်းပြီးနောက် ကျေးရွာလူအချို့ဖြင့် အစီးအဝေးပြုလုပ်ချိန်တွင် မြို့နယ်ဆိုင်ရာအုပ်ချုပ်ရေးဥက္ကဌအဖွဲ့များလာရောက်သွားစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။ ” လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်နားသွားတယ် နောက်ရက်ရွာမှာအစည်းအဝေးလုပ်တယ် ၊လူကြီးတွေလာမယ်လို့တော့ ကြိုပြီးမသိရှိရဘူး၊ သူတို့လာတဲ့အချိန်မှာတော့ အကုန်ဖျက်သိမ်းထားပြီးပြီ၊ လောင်းကစားဝိုင်းတွေကို…