Category: မူးယစ်/ မှုခင်း

ရွာငံမြို့နယ်တွင် သိန်းလေးဆယ်ကျော် တန်ဖိုးရှိဘိန်းနှင့်သိန်းခြောက်ဆယ်ကျော်တန်ဖိုးရှိ ဘိန်းဆီခဲများ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း သြဂုတ် ၂၈၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ကျပ်သိန်းလေးဆယ်ကျော် တန်ဖိုးရှိဘိန်းနှင့် ကျပ်သိန်းခြောက်ဆယ်ကျော်တန်ဖိုးရှိ ဘိန်းဆီခဲများ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC myanmar ထုတ်ပြန်ချက် အရသိရသည်။ ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီး ဩဂုတ်လ (၂၆) ရက်နေ့ ညနေ(၆)နာရီဝန်းကျင်တွင် ရွာငံမြို့မှ မန္တလေးမြို့ဘက်သို့မောင်းနင်လာသည့် ခရီးသည်တင်မော်တော်ယာဥ်အား ရပ်တန့်စစ်ဆေးရာမှတွေ့ရှိကြောင်းသိရသည်။ ယာဥ်ပေါ်တွင် လိုက်ပါစီးနင်းလာသည့် ခရီးသည် မလှဟန်(ခ)လှခင်၊ မဝီရိည(ခ)ညအေးနှင့်…

လေမတိုက်သော်လည်း ယိုင်လဲပျက်စီးလာဖွယ်ရှိသည့် မြို့ငယ်လေး

ခမ်းသားငေါဝ်း ဩဂုတ် ၂၇၊ ၂၀၂၃ သတင်းဆောင်းပါး တောတောင်များနှင့် နွေဆိုလျှင် နီဝါဝါ၊ မိုးဆိုလျှင် စိမ်းစိမ်းစိုစို၊ ဆောင်းဆိုလျှင် အုံ့အုံ့မှိုင်းမှိုင်းနှင့် ဥတုသုံးပါစလုံး လှပသည့်မြင်ကွင်းများရှိသည့် နမ့်စခန်မြို့ကလေးသည် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့အရှေ့ဘက် ၁၄ မိုင်အကွာတွင်ရှိသည်။ နမ့်စန်မြို့သည် ယခင်က လွိုင်လင်ခရိုင်အတွင်းတွင် တည်ရှိနေပြီး၊ ယခင်ဝန်ထမ်းမြို့ ဟု ခေါ်ကြသလို စစ်တပ်က ပြည်သူ့အာဏာသိမ်းပြီးနောက်ပိုင်း နမ့်စန်မြို့ကို နမ့်စန်ခရိုင်ဟုလည်း…

မျှားကလေးကျေးရွာနေထိုင်သူအမျိုးသား ၂ ဦးနေအိမ်အတွင်းအသတ်ခံရ၍ သေဆုံး

#ခမ်းသားငေါဝ်း ဩဂုတ် ၂၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ၊ရွာငံမြို့နယ် #မျှားကလေးကျေးရွာ တွင် နေထိုင်သူ #အမျိုးသား ၂ ဦးအား နေအိမ်အတွင်း သြဂုတ်လ ၂၃ ရက်ညအချိန်တွင် #အသတ်ခံရ ၍ သေဆုံးနေကြောင်း စုံစမ်းသိရှိရပါသည်။ အသတ်ခံရသည့်ရွာသား ၂ဦးသည် ဦးလှမင်း နှင့် ဦးလှမင်း၏သားမက်တို့ဖြစ်ပြီး #ဦးလှမင်း ၏သမီးအငယ်ဆုံးကလည်း ယခုအချိန်ထိ ပျောက်ဆုံးနေကြောင်း #ဒေသခံများ ပြောပြချက်အရ…

ရှမ်းပြည်နယ် တာချီလိတ်မြို့နှင့် နမ့်စန်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ စိတ်ပြောင်းဆေးဝါး (Happy Water)များ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဩဂုတ် ၂၄၊၂၀၂၃ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ရှမ်းပြည် နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ စိတ်ပြောင်းဆေးဝါး (Happy Water)များ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်အတွင်း ဩဂုတ်လ(၂၃)ရက်နေ့ ညနေ(၄)နာရီ အချိန်တွင် အားဘိုမောင်းနှင်လာသည့် မော်‌တော်ဆိုင်ကယ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်အတွင်း၌ ဒေသကာလပေါက်ဈေးသိန်း (၇၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၀၀၀၀)ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးသိမ်းဆည်းရမိကြောင်းသိရသည်။…

တောင်ကြီးမြို့ ကန်ကြီးရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဩဂုတ် ၂၃၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်တွင် ဩဂုတ်လ(၂၂)ရက်နေ့၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ဩဂုတ်လ(၂၂)ရက်နေ့ ညနေ(၄)နာရီ ၅၀ မိနစ်အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တောင်ကြီး-ဆိုက်ခေါင်သွားလမ်းတွင် တင်ထွန်း(ခ)ငတုတ် မောင်းနှင်ပြီး ခွန်ပန်းအောင် (ခ)တမောင်း လိုက်ပါလာသည့်မော်‌တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဒေသကာလပေါက်ဈေး (၁၀)သိန်းကျပ် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြားနှင့်…

ဓားပြတိုက်၊မုဒိန်းကျင့်ခံရသည့်ရွာငံက အမျိုးသမီးကျူးလွန်သူ တရားခံမမိသေး

ခမ်းသားငေါဝ်း သြဂုတ် ၂၁၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်တောင်ဘက် ရွာငံသွားလမ်းဘေး ကျေးရွာတစ်ရွာတွင် ဓားပြတိုက်၊မုဒိန်းကျင့်ခံခဲ့ရသည့် အမျိုးသမီးတစ်ဦးအတွက် တရားခံဖမ်းမိခြင်းမရှိ သေးကြောင်း သြဂုတ်လ ၂၁ ရက်နေ့က စုံစမ်းသိရှိရပါသည်။ စားကျက်ကွင်းတွင်ကျွဲသွားယူပြီး အပြန်လာလမ်း၌ ဓားပြတိုက်၊ မုဒိန်းကျင့်ခံရသည့် အသက် ၃၀ အရွယ်အပျိုကြီးအမျိုးသမီးအတွက် တစ်လနီးပါးအချိန်ထိ တရားခံရှာမတွေ့ရသေးကြောင်းပြောပါသည်။ ” နစ်နာခံရတဲ့ အမျိုးသမီးရဲ့မောင်နှမတွေက ကျေးရွာဉက္ကဌတွေနဲ့ တိုင်ပင်ပြီးတော့…

PNA ​ပြည်သူ့စစ်တပ်ဖွဲ့က ပြည်သူကို မူးယစ်းဆေးဝါး သုံးစွဲသည်ဟု စွပ်စွဲ ရိုက်နှက်ပြီး တစ်ဦးကို သိန်း(၂၀) တောင်းရမ်းနေ

………………… ခမ်းသားငေါဝ်း သြဂုတ် ၂၁၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် မိုင်းပျဉ်းဒေသ နမ်းပါချီကျေးရွာအုပ်စု လွယ်ခေါ်ရွာအခြေ စိုက် PNAပြည်သူ့စစ် တပ်ခွဲ (၉) ဗိုလ်လေးအောင်အဖွဲ့က ဩဂုတ်လ ၉ ရက်နေ့တွင် မောက်မွန်အုပ်စု နှင့် နောင်ဒေးအုပ်စုမှ ဒေသခံများကို မူးယစ်းဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲ ဖမ်းဆီး ရိုက်နှက်ပြီး သိန်း(၂၀) ဖြင့် ပြန်လည်ရွေးခိုင်းသည်ဟု ဒေသခံများထံ…

တောင်ကြီးမြို့စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်သည့်အ‌ ဆောက်အုံများ ဒဏ်ကြေးပေးဆောင်ရမည်

ခမ်းသားငေါဝ်း ဩဂုတ် ၁၇၊၂၀၂၃ စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်သာယာ ရေးဌာနမှ တောင်ကြီးမြို့စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ခွင့်ပြုချက်မရှိဘဲ အိမ်ဆောက်လုပ်ခြင်း တိုးချဲ့ပြင်ဆင်ခြင်းများ မပြုလုပ်ရန် ဩဂုတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ခွင့်ပြုချက်မရှိဘဲ ကြိုတင်ဆောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ အကြီးစားပြင်ဆင်ခြင်းဆောင်ရွက်သည့် ပုဂ္ဂလိက အဆောက်အအုံများကို စစ်ဆေးတွေ့ရှိရလျှင် အဆောက်အအုံကြီးကြပ်စစ်ဆေးခ အဖြစ် ဆောက်လုပ်ပြီးစီးသောအိမ်အား အဆောက်အုံတန်ဖိုးငွေ၏ ( ၁၀ ရာခိုင်နှုန်း)…

မှော်ဘီလမ်းဆုံတွင် ဘုန်းကြီးဟန်ဆောင်ပြီး အကူညီတောင်းသဖြင့် ကူညီလိုက်ပို့ပေးရာမှ အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရ

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ပုန့်မူကျေးရွာအုပ်စု မှော်ဘီကျေးရွာတွင် ဘုန်းကြီးဟန်ဆောင်ပြီး မှော်ဘီလမ်းဆုံရှိ ဆိုင်တစ်ဆိုင်ကို အကူညီတောင်းရာမှ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်၊၊ ဖြစ်စဥ်သည် ယမန်နေ့ သြဂုတ်လ(၁၄)ရက်နေ့ ည ၅နာရီအချိန်တွင် ဦးပဇင်းဟန်ဆောင်၍ မှော်ဘီလမ်းဆုံရှိ ဆိုင်ဖွင့်ထားသည့် အမျိုးသမီးတစ်ဦးထံမှ အကူညီတောင်းပြီး ဆိုင်ရှင်အမျိုးသမီးက ဆိုင်ကယ်ဖြင့် ကူညီလိုက်ပို့ပေးရာ လမ်းတစ်ဝက်အရောက်တွင် ဆိုင်ကယ်လုယက်ခဲ့ကြောင်း သတင်းရင်းမြစ်ကဆိုသည်၊၊ ”…

အင်တောမြို့ စစ်ကောင်စီလက်အောက်ခံပျူစောထီးခေါင်းဆောင် ကိုဆန်းညွန့် ပစ်သတ်ခံရ

. ခမ်းသားငေါဝ်း သြဂုတ် ၁၄၊ ၂၀၂၃ ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ၊အင်တောမြို့၊အမှတ် ၆ ရပ်ကွက်ခေါ် (သုန်တန်းရပ်) နေထိုင်သူ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ကိုဆန်းညွန့်ကို သြဂုတ်လ ၁၃ ရက်ည ၉ နာရီ အချိန်ခန့်မှာ သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း သိရပါသည်။ ပစ်သတ်ခံရသော ကိုဆန်းညွန့်က အသက်အရွယ် ၅၀ ဝန်းကျင်ရှိပြီး ကျောက္ကူ ၊အင်တောတစ်ဝိုက်တွင်…