Category: မူးယစ်/ မှုခင်း

ထိုင်းရောက်ပအိုဝ်းလူငယ်တစ်ဦး အလုပ်လုပ်ရင်းမီးကြိုးနှင်းမိရာမှ ဓာတ်လိုက်သေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၂၊ ၂၀၂၃ ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် အသက် ၂၃ နှစ်အရွယ် ပအိုဝ်းလူငယ်တစ်ဦးသည် မီးကြိုးနှင်းမိရာမှ ဓာတ်လိုက်သေဆုံးသွားကြောင်းသိရသည်။ ဖြစ်စဉ်သည် အောက်တိုဘာလ(၂၀)ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် ဆေးသုပ်ခြင်း အလုပ်လုပ်နေစဉ် မီးကြိုးမှတစ်ဆင့်ဓာတ်လိုက် သေဆုံးခဲ့ရ​ခြင်းဖြစ် ကြောင်းသိရသည်။ “အဓိကကတော့ ကိုယ်တိုင်ကဂရုစိုက်ရမယ်။ တခုခုဖြစ်ရင်ဘာမှမတတ်နိုင်ဘူး၊ များသောအားဖြင့်အထောက်ထားမစုံလင်တဲ့သူဆို အဲလိုအလုပ်လုပ်လို့ တခုခုဖြစ်ရင် ဘာတာဝန်ယူမှုတွေ တာဝန်ခံမှုတွေမရှိဘူး။…

ပင်လောင်းတွင် ဓားပြတိုက်မှု ဆက်တိုက်ဖြစ်ပွား

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၉၊၂၀၂၃ ပင်လောင်းမြို့နယ်တွင် ဓားမြတိုက်မှုဆက်တိုက်ဖြစ်ပွားပြီး ဒေသခံပြည်သူများက မိမိအသက်အိုးအိမ်လုံခြုံ‌ရေးကို စိုးရိမ်နေရကြောင်း ‌ပင်လောင်းဒေသခံတစ်ဦးထံမှ သိရသည်။ ပြီးခဲ့သည် အောက်တိုဘာလ ပထမပတ်တွင် ပင်လောင်းမြို့အရှေ့ဖက်ရှိ ထာငိုရွာ ဒေသခံအမျိုးသမီးတစ်ဦးသည် ဓားမြတိုက်ခံရပြီး ဆွဲကြိုးတစ်ကုံး၊ ပိုက်ဆံတစ်သိန်း နှင့် ဖုန်းတစ်လုံးပါသွားခဲ့ ကြောင်း သိရသည်။ ထိုနည်းတူ စက်တင်ဘာလတွင်လည်း နောင်တရား- ပေါအင်းရွာ သွားလမ်းတွင် ဆိုင်ကယ်တစ်စီး ဓားမြတိုက်ခံရပြီး…

ကိုးကန့်နှင့် “ဝ”ဒေသရှိ အွန်လိုင်းပေါ်ငွေလိမ်မှု လုပ်ကိုင်သည့် ရာဇဝတ်ဂိုဏ်းသားများကို အရေးယူပေးရန် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် တောင်းဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၈၊၂၀၂၃ ကိုးကန့်နှင့် “ဝ”ဒေသရှိ အွန်လိုင်းပေါ်ငွေလိမ်မှု၊ လောင်ကစားနှင့် လိင်ဖျော်ဖြေရေးလုပ်ငန်းများတွင် လုပ်ကိုင်နေ‌သည့် ရာဇဝတ်လူမိုက်ဂိုဏ်းသားများကို ထိထိရောက်ရောက်အရေးယူပေးရန် ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင်က တောင်းဆိုထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်နှင့် “ဝ”ဒေသများတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အွန်လိုင်းဖြင့် ငွေလိမ်လည်ခြင်းလုပ်ငန်းများ၊ လောင်ကစား၊ လိင်ဖျော်ဖြေ‌ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ရာဇဝတ်လူမိုက်ဂိုဏ်းသားများကို ထိရောက်မှုရှိသည့် အရေးယူခြင်းများ လုပ်ဆောင်ပေးရန် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က တောင်းဆိုခြင်းဖြစ်သည်။ “သက်ဆိုင်ရာဒေသ…

အင်းလေးဒေသရှိ ကံရွာတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး စစ်‌ကောင်စီတပ်က ဒေသခံလူငယ် ၆  ဦးကို ဖမ်းဆီး

ခမ်းသားငေါဝ်း၊ အောက်တိုဘာ ၁၄၊ ၂၀၂၃ ကံရွာ လောင်းကစားဝိုင်း၏ အနောက်ဘက်ဖြစ်ပွားသည့် ပေါက်ကွဲမှုအပြီးတွင် စစ်‌ကောင်စီတပ်သားများက ဒေသခံလူငယ် ၆ ဦးကို ဖမ်းဆီးခေါ်သွားခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ညောင်ရွှေမြို့နယ် အင်းလေးဒေသ လင်းကင်းကျေးရွာအုပ်စု ကံရွာတွင် အောက်တိုဘာလ ၁၂ ရက်ည ၈ နာရီခန့်က ဗုံးတစ်လုံးပေါက်ကွဲပြီး စစ်ကောင်စီက ဒေသခံလူငယ် ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း…

မီးပုံပျံကွင်းတွင် နေ့ခင်းအချိန်မှာပင် တက္ကသိုလ် ကျောင်းသူနှစ်ဦး ဓားပြတိုက်ခံရပြီး ဖုန်းနှစ်လုံးပါသွား

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၂၊၂၀၂၃ တောင်ကြီးမြို့ အဝေရာ မီးပုံပျံကွင်းတွင် နေ့ခင်းအချိန်မှာပင် တက္ကသိုလ် ကျောင်းသူနှစ်ဦး ဓားပြတိုက်ခံရပြီး ဖုန်းနှစ်လုံးပါသွားခဲ့ကြောင်း ကျောင်းသူတစ်ဦးထံမှ သိရသည်။ ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့ ညနေပိုင်းတွင် ဖြစ်ပွားခဲ့ပြီး ကျောင်းသူနှစ်ဦးသည် မီးပုံပျံကွင်းရှိ ပျံကျဈေးတွင် ဈေးသွားသုံးစဉ် ဈေးမရောက်ခင် ဈေးအနီးမှာပင် ဓားပြတိုက်ခံရကြောင်း သိရသည်။ ” ဓားမြက နှစ်ယောက်…

ရှမ်းရှေ့ တာချီလိတ်တွင် ငွေကျပ် ၄၁၃၂.၇ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water)များ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း အောက်တိုဘာ ၄၊၂၀၂၃ ရှမ်းရှေ့ တာချီလိတ်မြို့တွင် ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၁၃၂.၇ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) များကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ဖော်ပြချက်အရ သိရသည်။ အောက်တိုဘာလ ၁ ရက်နေ့ ၁၂း၃၀ အချိန် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်ရှိ ကားဂိတ်တွင် ရဲမင်းလတ် လာရောက်ပို့ဆောင်သည့် ပါဆယ်အတွင်းမှ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၇၃၈…

ရွှေတွင်းတွင် အိပ်ပျော်နေစဥ် မြေပြို၍ လူနှစ်ဦးသေဆုံး

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၄၊ ၂၀၂၃ သာစည်မြို့နယ်၊ လယ်ပြင်ရွာကျေးရွာရှိ ရွှေတွင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုသဖြင့် အိပ်ပျော်နေသည့် အလုပ်သမားနှစ်ဦး သေဆုံးသွားသည်ဟု သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။ စက်တင်ဘာ ၂၅ ရက် ည ၁၂ နာရီဝန်းကျင် တွင် မိုးများရွာသွန်းထားမှုကြောင့် မြေပြိုသွားပြီး တဲအိမ်များကိုပိကာ အလုပ်သမား ၂ ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်…

ပင်လောင်းတွင် မူးယစ်ဆေးကြောင်သူ များလာသဖြင့် ပြည်သူများမိမိ၏လုံခြုံရေး အမြဲစိုးရိမ်နေရ ဟုဆို

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်း ရှိ ကျေးရွာများတွင် မူးယစ်ဆေးကြောင်သူများလာ သဖြင့် ဒေသတွင်းရှိ ပြည်သူများက မိမိ၏လုံခြုံ ရေးကို အမြဲစိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ပင်လောင်းဒေသတွင် မူးယစ်‌ဆေးဝါး ရောင်းဝယ်သုံးစွဲ သူများကို ဒေသတွင်း အာဏာပိုင်များက ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်းမရှိသဖြင့် မူးယစ် ရောင်းဝယ် သုံးစွဲသမားများကလည်း ပိုမိုအတင်းရဲလာကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရ…

နန်းတုတ်တွင် PNO ပအိုဝ်းပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင်းနေထိုင်သည့် စစ်ကောင်စီလက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ် အဖွဲ့ဝင်တစ်ဦး အယ်ဝေး က ဩဂုတ်လ ၂၈ ရက်နေ့တွင် ပစ်သတ်ခံခဲ့ရကြောင်း ခမ်းသားငေါဝ်း သတင်းရင်းမြစ်ထံမှ သိရပါသည်။ ၄င်းသည် လက်ရှိတွင် #PNO ပအိုဝ်းပြည်သူ့စစ်၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့ ည ၈…

လွိင်လင်မြို့နယ်တွင် သိန်း(၂၄၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊၂၀၂၃ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ငွေကျပ်သိန်း(၂၄၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။ လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး ဩဂုတ်လ(၂၆)ရက်နေ့ ည(၈)နာရီ(၅)မိနစ်အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ နောင်မင်းအေးမောင်းနင်ပြီး တင်မောင်ထွန်းနှင့် မနှင်းနှင်းဝေတို့လိုက်ပါလာသည့် TOYOTA ALPHARD အမျိုးအစားကားအား ရပ်တန့် စစ်ဆေးခဲ့ကြောင်း သိရသည်။ ရှာဖွေစစ်ဆေးရာ ယာဥ်ပေါ်တွင် ဒေသကာလ ပေါက်ဈေး သိန်း(၂၄၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀၀၀…