Category: မူးယစ်/ မှုခင်း

ဆောင်းပြောင်းမှ တောင်းကြီးဆေးရုံသို့ တက်လာသည့် လူနာတင်ကားတစ်စီး ဓားပြတိုက်ခံရ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၂၊၂၀၂၃ ဆောင်းပြောင်းမှ တောင်းကြီးဆေးရုံသို့ တက်လာသည့် လူနာတင်ကားတစ်စီး ပင်လောင်းမြို့နယ်တွင် ဓားပြတိုက်ခံရကြောင်း ကိုယ်တိုင်ကြုံတွေ့သူပြောပြချက်အရ သိရသည်။ ဒီဇင်ဘာ၂၀ ရက်နေ့ ည ၈ နာရီအချိန်တွင် အဆိုပါ လူနာတင်ကားသည် ဆောင်းပြောင်းမှ တောင်းကြီးဆေးရုံသို့ တက်လာသည့် ဒေသခံကားဖြစ်ပြီး ပင်လောင်းမြို့နယ် ကောင်ဗာ၊ ထီဗိရွာအကျော် လယ်ကွင်းအနီးတွင် ဓားပြတိုက်ခံရခြင်း ဖြစ်သည်။ ဓားပြအဖွဲ့များသည် Hondafit…

မူးယစ်ဆေးသုံးစွဲသူများလာသည့် ပင်လုံမြို့တွင် ခိုးဆိုးလုယက်မှု ပိုများလာ

ခမ်းသားငေါဝ်း ဒီဇင်ဘာလ ၁၇၊၂၀၂၃ မူးယစ်ဆေးဝါးသုံးစွဲသူ၊ ဆေးကြောင်သူပိုမိုများပြား လာသည့် ပင်လုံမြို့တွင် ခိုးဆိုးလုယက်မှုများလာပြီး ပြည်သူများလုံခြုံမှုမရှိတော့ကြောင်း ဒေသခံ များထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ယခုရက် ပိုင်းအတွင်း မူးယစ်ဆေးသုံးစွဲသူ ဆေးသမားများက နေအိမ်ဖောက်ထွင်း ပြည်သူ၏ စည်းစိမ် ဥစ္စာခိုးယူမှုများရှိနေကြောင်း ပင်လုံမြို့ခံ အမျိုးသားတစ်ဦးထံမှသိရသည်။ “ကျွန်တော့်ကိုယ်တိုင်ကဝယ်ထားတဲ့အိမ်ရှိတယ်၊ လူမနေတော့ လျှပ်စစ်မီးဆားဗစ်ကြိုးကို လာဖြုတ်သွားတယ်လေ၊ နောက်ဟိုနေ့လည်း ကားရပ်ထားတာ လူမနေဘူး…

ကွက်ခိုင်တွင် စစ်ကောင်စီတပ်သားများက အရပ်သား၂ ဦးကို ဝိုင်းပစ်ခတ်ပြီး သေဆုံး

ခမ်းသားငေါဝ်း၊ ဒီဇင်ဘာ ၁၆၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အတွင်း စစ်ကောင်စီတပ်သားမှ အရပ်သား၂ ဦးကို ဝိုင်းပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ‌ ဒေသခံအမျိုးသားတစ်ဦးထံမှ သိရသည်။ ဒီဇင်ဘာ ၁၅ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် ကွတ်ခိုင်မြို့ ရပ်ကွက်(၂) ထူးချွန်ကိုယ်ပိုင်ကျောင်း အနီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သား ၂ဦးကို ဝိုင်းပစ်ခတ်ပြီး သေဆုံးခဲ့ကြောင်း ဆိုသည်။…

ဆီဆိုင်ဈေးအနီး ကားကြိတ်နှင်းမိသည့် ကလေးငယ်တစ်ဦး ဆေးကုသမှုခံယူနေရပြီး ကုသရန်စရိတ်အခက်အခဲရှိနေ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၂၊၂၀၂၃ ဆီဆိုင်ဈေးအနီး ကားကြိတ်နှင်းမိသည့် တိုက်ပွဲရှောင် မိသားစုမှ ကလေးငယ်တစ်ဦးသည် ဆေးကုသမှုခံယူနေရပြီး ကုသရန်စရိတ်မရှိသည့်အတွက် အခက်အခဲဖြစ်နေရကြောင်း မိသားစုများထံမှ သိရသည်။ ဒီဇင်ဘာ ၇ ရက်နေ့ မနက်ပိုင်း ၁၀ နာရီအချိန်တွင် ဆီဆိုင်မြို့ ဈေးအနီး လမ်းမကြီး‌ဘေးရှိ ကလေးငယ်နှင့်သူမိခင်ဈေးသုံးနေစဉ် ကားတစ်စီးသည်ကလေးငယ်အားချိတ်မိပြီး ကလေးငယ်လဲကျကာ ကလေးငယ်၏ ဝမ်းဗိုက်ကို ထပ်မံကြိတ်နှင်းမိခဲ့ကြောင်း သိရသည်။ အဆိုပါ…

ဟိုပုံးမြို့နယ်တွင် ငွေကျပ်တစ်ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water)များ ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၂၊၂၀၂၃ ဟိုပုံးမြို့နယ်တွင် ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water)များ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ရွာသစ်ကျေးရွာအနီး ‌တောင်ကြီး-လွိုင်လင်သွား ကားလမ်း ပေါ်တွင် ငွေကျပ်(၁)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများအား ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ယမန်နေ့ ဒီဇင်ဘာလ(၁၁) ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ ဒီဇင်ဘာလ (၁၀)ရက်နေ့…

ဖယ်ခုံ-မိုးဗြဲလမ်းပေါ် တွင် မကြာခဏ ဓားပြတိုက်မှု ဖြစ်ပွား

ခမ်းသားငေါဝ်း နိုဝင်ဘာ ၉၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ-မိုးဗြဲကားလမ်းပေါ်တွင် ဓားပြတိုက်မှု ဆက်တိုက်ဖြစ်ပွား နေကြောင်း ဖယ်ခုံဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။ ဓားပြတိုက်သူများသည် ဒေသခံများ၏ ကားများ၊ဆိုင်ကယ်များကို တားပြီး ဖုန်း၊ ဆိုင်ကယ်၊ ရွှေ၊ ငွေများကို ဓားပြတိုက်ယူသွားသည်မှာ အကြိမ်များပြီ ဖြစ်ကြောင်း ပြောဆိုသည်။ “ဘယ်အဖွဲ့က ဆိုတာတော့ မသိဘူး ခုကလူတိုင်းလိုလိုလက်နက်ကိုင်ထားတော့ လုပ်ချင်သလို လုပ်နေကြတာ။ တစ်ယောက်နှစ်ယာက်ဆို…

အောင်ပန်း-တောင်ကြီးလမ်းတွင် ဆိုင်ကယ်တိမ်းမှောက်ပြီး နှစ်ဦးသေဆုံး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊၂၀၂၃ အောင်ပန်း- တောင်ကြီးလမ်းပေါ်တွင် ဆိုင်ကယ်မောင်းနှင်သူနှစ်ဦး ဆိုင်ကယ်တိမ်းမှောက်ပြီး အဆိုပါနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရပါသည်။ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် အောင်ပန်း- တောင်ကြီးလမ်း happy city အကျော် ပညာရေး (၃)ထပ်ဂိတ်ရှေ့အနီးရှိ ဓာတ်မီးတိုင်ကို အမည်မသိ ဆိုင်ကယ်မောင်းနှင်လာသူနှစ်ဦးက ဝင်တိုက်ပြီး အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း…

အင်းလေးတွင်ကျပ်သိန်းပေါင်းသိန်းချီလိမ်လည်သွားသူ ရောက်ရာအရပ် ဌာနဆိုင်ရာကိုလာဘ်ထိုးပြီးနေထိုင်နေဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၅၊ ၂၀၂၃ အင်းလေးဒေသ အင်းပေါခုံရွာအတွင်း ဒေသခံများထံမှကြေးငွေကိုလိမ်လည်ပြီးထွက်ပြေးနေသည့် ကိုဇင်မင်းထွန်းလင်မယား သည်လက်ရှိမွန်ပြည်နယ် မော်လမြိုင်မြို့ သံဖြူဇရပ်တွင်ရောက်ရှိနေထိုင်နေကြောင်း သိရသည်။ ထိုသူမိသားစု လွတ်လပ်စွာသွားလာနေထိုင်နိုင်ရန် ယင်းဒေသရှိဌာနများ၏ စခန်းမှူး၊ မြို့နယ်မှူးများကိုပိုက်ဆံနှင့်လိုက်ကန်တော့ခြင်းလာဘ်ထိုးခြင်းများပြုလုပ်နေကြောင်းသတင်းရင်းမြစ်ကပြောသည်။ “ကျွန်တော်တို့ဒီမှာခေါ်တာကဇင်မင်းလို့ခေါ်တယ်။ ဒီလူက ကုတ်ဆွဲပြီးဖမ်းလို့တော့မရဘူး။ သူက လူကြီးတွေ စခန်းမှူးတို့ မြို့နယ်မှူးတို့ကို တမင်ပေးကမ်းထား ကန္တော့ထားတာ၊ လာဘ်ထိုးတာအဲ့လိုဖြစ်နေတယ်။ ခုချိန်အာဏာပိုင်တွေက ဝိတ်ရှိတော့ သူကလာဘ်ထိုးပစ်တာအဲ့လိုမျိုး၊ဘောစိပုံစံနဲ့ပေါ်ပေါ်တင်တင်ဘဲ”ဟုတရားခံဇင်မင်းထွန်းနှင့်နီးစပ်သူတစ်ဦးက…

ပင်လောင်း နန်းတုပ်ရွာတွင် စစ်ကောင်စီသတင်းပေး ဦးခင်မောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊၂၀၂၃ ပင်လာင်းမြိုနယ် နမ့်တုပ်ကျေးရွာနေ စစ်ကောင်စီသတင်းပေး ဦးခင်မောင်ဝင်း ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လာင်းမြိုနယ် နမ့်တုပ်ကျေးရွာနေ စစ်ကောင်စီကို သတင်းပေးသူ ဦးခင် မောင်ဝင်းသည် နေအိမ်တွင် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားကြောင်း သိရသည်။ ယနေ့ နိုဝင်ဘာ ၂ ရက်နေ့ မနက် ၉ နာရီအချိန်တွင် ဖြစ်ပွားခဲ့ပြီး…

သူခိုးများသောင်းကျန်းနေသောကြောင့် ကျေးရွာလူငယ်များအလှည့်ကျကင်း​စောင့်နေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၃၊ ၂၀၂၃ အိမ်တွင်းဆိုင်ကယ်ခိုးယူ​ခြင်း ၊ ရာသီပေါ်သီးနှံခိုးယူခြင်းသူခိုးများသောင်းကျန်း​သောကြောင့်အင်းကြီးရွာ လူငယ်များက ရွာတွင်းအလှည့်ကျကင်းစောင့် တာဝန်ယူနေရကြောင်း ဒေသခံအမျိုးသမီးက​​​ထံသိရသည်။ ရွာငံမြို့နယ် အင်းကြီးကျေးရွာတွင် ရွာတွင်းကင်းစောင့် လူငယ်များက အောက်တိုဘာလ ၁၅ ရက်နေမှစပြီး ယနေ့အချိန်ထိ ရပ်ကွက်အမှတ်စဥ်အလိုက် တစ်ညလျှင် ခြောက်ဦးအထိမပျက်မကွက် ကင်းစောင့်ရမည်ဟုသတ်မှတ်ထားသည်။ ” တစ်အိမ်ထဲမှာ ဆိုင်ကယ်နှစ်စီးအထိပျောက်တယ်၊ ရာသီသီးနှံ လိမ္မော်သီးဆိုရင် မမည့်သေးဘူးအခိုးခံနေရတာများတယ်” ဟု…

You missed