Category: မူးယစ်/ မှုခင်း

တန့်ယန်းတွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၆၂) ဦးကို (UWSA)က တရုတ်ထံလွဲပြောင်း

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၀၊ ၂၀၂၄ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၆၂)ဦးကို (UWSA)က တရုတ်ထံ နိုဝင်ဘာ(၁၉)ရက်နေ့က လွဲပြောင်းပေးခဲ့ကြောင်း ဒေသခံထံက သိရသည်။ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၆၂)ဦးနှင့်အတူ ဂြိုလ်တုအင်တာနက်(၇၆)ခု၊ ဖုန်း(၁၅၄၉)လုံးနှင့် ကွန်ပျူတာ(၈၂) တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ “ကျားဖြန့်လုပ်နေကြတာက ကြာပြီလေမပြောလို့သာ။ ဆိုင်ရာဆိုင်ရာတွေ ရှိမှာပဲ။ ကိုယ်တေမသိနိုင်တဲ့ လုပ်ရပ်တွေလည်း…

ကျေးသီးမြို့နယ်တွင် မူးယစ်ဆေး သုံးစွဲသူများကို SSPP/SSA ဖမ်းဆီး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၈၊ ၂၀၂၄ ကျေးသီးမြို့နယ်ရှိ ကျေးရွာများတွင် မူးယစ်ဆေးသုံးစွဲနေသော လူငယ်များကို SSPP/SSA တပ်ဖွဲ့က ဖမ်းဆီးမှု ရှိနေကြောင်း နိုဝင်ဘာ(၁၈)ရက်နေ့တွင် စုံစမ်းသိရသည်။ ရှမ်းပြည်နယ်‌တောင်ပိုင်း ကျေးသီးမြို့နယ်ရှိ ကျေးရွာများတွင် ညဘက် မူးယစ်ဆေးသုံးစွဲသူများကို ဖမ်းဆီးမှု လုပ်နေပြီး ည ၉ နာရီကျော်တွင် လမ်းမထက် သွားလာတာမျိုး မလုပ်ဖို့ SSPP/SSA က ပြောထားကြောင်း…

တောင်ကြီးတန်ဆောင်တိုင်ပွဲမှပြန်လာသည့်ကား ယာဥ်မတော်တဆ ဖြစ်ပြီး ၃ ဦး သေဆုံး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၆၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ အောင်သ ပြေတွင် ရပ်ထားသော တွဲကားကို တန်ဆောင် တိုင် ပွဲမျပြန်လာသည့် ကဲန်တာ ကားဝင်တိုက်မိသဖြင့် ၃ ဦး သေဆုံးခဲ့ကြောင်း လူမှု ကူညီရေး အသင်းများ ထံမှ သိရသည်။ ဖြစ်စဉ်မှာ အောင်သပြေ ၂၂၂ တပ် အပေါ်ဘက် အလယ်ဂိတ်…

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလ အတွင်း သူခိုးများပြီးဆိုင်ကယ် ပျောက်ဆုံးမှုများလာ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၀၊ ၂၀၂၄ တောင်ကြီးမြို့တွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကာလ အတွင်း သူခိုးများလာပြီးဆိုင်ကယ်များ ပျောက်ဆုံးမှု ပိုများလာကြောင်း မြို့ခံများထံမှ စုံစမ်းသိရသည်။ တောင်ကြီးမြို့မစျေး ၊ ကုန်သည်လမ်းတွင် စျေးနေ့ စျေးဝယ်ရင်း မော်တော်ဆိုင်ကယ် ခေတ္တရပ်နားထားစဉ် ခိုးယူခံရခြင်း ရှိကြောင်း ၊ ထိုလမ်းပေါ် တစ်လျှောက်တွင် ဆိုင်ကယ် သုံးစီးထက် မနည်း နေ့စဉ် ပျောက်ဆုံးမှု ကြုံတွေ့နေရကြောင်း…

အလုပ်အကိုင်အဆင်မပြေ၍ ထိုင်းနိုင်ငံရောက် ပအိုဝ်းလူငယ်သမီးရည်းစားနှစ်ဦးမိမိကိုယ်ကို အဆုံးစီရင်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊ ၂၀၂၄ ထိုင်းနိုင်ငံရောက်ပအိုဝ်းလူငယ်သမီးရည်းစားနှစ်ဦးသည် အလုပ်အဆင်မပြေ၍ စိတ်ဖိစီးမှုများပြီးမိမိကိုယ်ကို အဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း နိုဝင်ဘာလ (၇)ရက်နေ့က (နွောင်ꩻရာꩻကူႏညီႏရေꩻအစွိုꩻ)အဖွဲ့ ထံမှသိရသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ နဝမင်း(၆၃)တွင် နိုဝင်ဘာလ (၇)ရက်နေ့နံနက်၌ အသက်(၂၄)နှစ်အရွယ် ခွန်ဖြိုးလေးသည် သူ့ရည်းစားဖြစ်သူ အသက်(၁၈)နှစ်နန်းဗိုလ်ဗီးအား သတ်ပြီးမိမိကိုယ်ကိုလည်း အဆုံးစီရင်သွားကြောင်းသိရသည်။ “သူတို့နှစ်ယောက်က ဒီကိုမလာခင်ကတည်းက သမီးရည်းစားဖြစ်ကြတာ ဒီဘက်လာတာလည်းတစ်နှစ်တော့ကျော်ပြီ၊ ကောင်လေးကအလုပ်အဆင်မပြေမှုတွေ ခနခနဖြစ်တော့ ဒီရက်ရွာပြန်ဖို့လုပ်နေတာ၊…

ပတ်စ်စပိုစ့် လုပ်ပေးမည်ဟုဆိုပြီး စလစ်အတုများ ထုတ်ပေး၍ သိန်း ၂၀၀ လိမ်လည်သွား

ခမ်းသားငေါဝ်း နိုဝင်ဘာ ၄၊ ၂၀၂၄ ပတ်စ်စပိုစ့် လုပ်ပေးမည်ဟုဆိုပြီး တောင်ကြီးခေါ်၍ စလစ်အတုများ ထုတ်ပေးပြီး သိန်း ၂၀၀ လိမ်လည် သွားသဖြင့် နစ်နာသူများက အပူတပြင်း စုံစမ်းနေကြောင်း နစ်နာသူများထံမှ သိရသည်။ ပတ်စပိုစ့်များကို နယ်ကျော် လုပ်ပေးမည်ဆိုကာ တစ်ဦးလျှင် (၈) ခွဲ သိန်းနှုန်းဖြင့် (၂၅) ယောက် စာ သိန်းပေါင်း (၂၀၀)…

ရပ်ထားသည့် ကျောက်မီးသွေး တွဲကားကို ဟိုက်ဂျက် ဝင်တိုက်သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း – ဟဲဟိုးသွားလမ်း တွင် ရပ်ထားသော ကျောက်မီးသွေး တွဲကားကို ဟိုက်ဂျက် ဝင်တိုက်သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း အောင်ပန်း နာရေးကူညီမှု အသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာလ(၁) ရက် ညနေ ၃း၃၀ နာရီအချိန်ခန့် တွင် အောင်ပန်း-ဟဲဟိုးသွားလမ်း…

ရေဘေးကြုံခဲ့ရသည့် ကလောမြို့တွင် ပြန်လည်ထူ ထောင်ရေးကာလ၌ သူခိုးများ သောင်းကျန်းနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၉၊ ၂၀၂၄ ရေကြီးနှစ်မြှုပ်မှုကြုံခဲ့ရသည့် ကလောမြို့တွင် ရေကျပြီးနောက် ပြန်လည် ထူထောင်ရေး ကာလ၌ သူခိုးများ သောင်းကျန်းနေကြောင်း ဒေသခံများထံမှသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်းကလောမြို့တွင်ရေကြီးရေလျှံမှုဖြစ်ကာ ရေကျပြီးနောက် ပြန်လည်ထူ ထောင်ရေးကာလ လုပ်ငန်းများ ပြန်လည် စတင်ချိန် သူခိုးများ ယခင်ထက် ပိုမို သောင်းကျန်းလာကြောင်း သိရသည်။ “ကလောမြို့၊ ရပ်ကွက်(၈) နဲ့ အိုးစည်တောင်…

တောကျယ်ရေပြာစမ်း ရေတံခွန် သွားလမ်းတွင် ဓါးထောက်၍ ဆိုင်ကယ် လုယက်မှု ဖြစ်ပွား

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၉၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ တောကျယ် ရေပြာစမ်း ရေတံခွန် သွားလမ်းတွင် ဓါးထောက်၍ Click 2019 မော်တော် ဆိုင်ကယ် လုယက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်သည် အောက်တိုဘာလ ၂၈ ရက် မွန်းလွဲပိုင်း (၂) နာရီ အချိန်တွင် ရေပြာစမ်း သွားလမ်း၌ ဓါးထောက်၍ မော်တော်ဆိုင်ကယ် လုယက်မှု ဖြစ်ပွားခဲ့ကြောင်း…

အောင်ပန်းတွင် ရပ်ထားသည့်တွဲကားကို ရွာငံမှမောင်းလာသော(wish)ကားတိုက်မှုဖြစ် ယာဥ်မောင်းထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၇၊ ၂၀၂၄ အောင်ပန်းတွင် ရပ်ထားသည့်တွဲကားကို ရွာငံမှမောင်းလာသည့် (wish)ကားတိုက်မှုဖြစ်ပွားပြီး ယာဥ်မောင်းဒဏ်ရာရရှိခဲ့ကြောင်း အောက်တိုဘာလ၂၇ ရက်နေ့တွင် သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း-တောင်ကြီးသွားလမ်း ကညနရုံးရှေ့အနီးလမ်းမတွင်ရပ်ထားသည့်တွဲကားကို မနေ့ည ၇ ခွဲအချိန်တွင် ရွာငံစုရပ်ကွက်နေဝပ်ရှော့လုပ်ကိုင်နေသည့်ဦးကုလား မောင်းလာသော(wish)ကားတိုက်မှုဖြစ်ပွားပြီး ဒဏ်ရာရသူ ဦးကုလားကိုဆေးရုံတင်ပေးထားသည်။ “ဒဏ်ရာကတော့ ဘယ်ဖက်မျက်ခုံးရိုးကျိုးတယ် နောက် ပြီးတော့ နဖူးကွဲတယ် လက်သန်းကျိုးတယ် ဘယ်ဖက်နားကလက်ဖျံနားမှာ ပွန်းပဲ့ဒဏ်ရာတွေနဲ့”ဟု…