Category: နိုင်ငံရေး / တိုက်ပွဲ

မတ်လအတွင်းကယား(ကရင်နီ)ပြည်နယ်ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၈၁ဦးသေဆုံး

ခမ်းသားငေါဝ်း၊ ဧပြီလ ၄၊၂၀၂၃ ကယား(ကရင်နီ)ပြည်နယ် မတ်လတစ်လအတွင်း ကရင်နီပြည်နယ်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲပေါင်း၁၀၂ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား၂၈၁ ဦးသေဆုံးကာ တပ်ဖွဲ့ဝင် ၁၃ဦးအရှင်ဖမ်းမိခဲ့ကြောင်း ဧပြီလ ၃ ရက်နေ့တွင် KNDFက ထုတ်ပြန်ထားသည်။ မတ်လအတွင်း ကရင်နီပြည်နယ်ရှိ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ဖားဆောင်းမြို့နယ်နှင့်ရှမ်းပြည်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်များကို စစ်ကောင်စီတပ်က စစ်မျက်နှာ ၅ခုဖွင့်လာပြီး ထိုးစစ်ဆင်ကာ တိုက်ပွဲများဖြစ်ပွားသောမြို့နယ်များအား လေကြောင်းတိုက်ခိုက်မှု…

ပြည်သူများ စစ်ရှောင်ရင်း ကောင်းမွန်စွာဆေးကုသခွင့်မရသောကြောင့် သေဆုံးသူ ၁၃၄ ဦးရှိလာ

……………….. ခမ်းသားငေါဝ်း၊ ဧပြီလ ၂ ၊ ၂၀၂၃ ရှမ်း-ကယားနယ်စပ် ပင်လောင်းမြို့နယ် ဖယ်ခုံမြို့နယ်အပါအဝင် ကရင်နီပြည်နယ်တို့တွင်စစ်ကောင်စီအာဏာသိမ်းပြီးနောက် တိုက်ပွဲများကြောင့် တောတောင်ထဲစစ်ရှောင်ရင်း ကောင်းမွန်စွာဆေးကုသခွင့်မရသဖြင့်သေဆုံးသူ ၁၃၄ ဦးရှိလာကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPFကဧပြီ ၁ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ ထိုသေဆုံးသူများအထဲတွင် ကိုယ်ခံအားနည်းသူများ ၊အအေးဒဏ်မခံနိုင်သော သက်ကြီးရွယ်အိုများနှင့် မွေးကင်းစကလေးများ၊ လသားအရွယ်ကလေးငယ်များ တို့ အများဆုံးဖြစ််ကြောင်း သိရသည်။ “ဆေးရုံတွေရှိပေမယ့် လမ်းပိတ်ထားတာ…

NLD နှင့် SNLD ပါတီအပါအဝင် မှတ်ပုံတင်ခြင်းမရှိသောပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း ကြေညာ

———————- ခမ်းသားငေါဝ်း မတ်လ ၂၉ ၊ ၂၀၂၃ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ (SNLD)ပါတီတို့အပါအဝင် ပါတီပေါင်း ၄၀ တို့ကို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုနှင့် ရွေးကောက်ပွဲကော်မရှင်က ပါတီများဖျက်သိမ်းကြောင်း မတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ မှတ်ပုံတင်ခြင်းမရှိသဖြင့် ပယ်ဖျက်ခံရသည့် ပါတီများမှာ လားဟူအမျိုးသားဖွင့်ဖြိုးတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ကယန်းအမျိုးသားပါတီ၊တအောင်း(ပလောင်) အမျိုးသားပါတီ၊ဒီမိုကရေစီနှင့်…

ပင်လောင်းမြို့နယ် နန်းနိမ်းရွာက ဖြစ်ပွားခဲ့သည့် အသတ်ခံရမှုကိစ္စနဲ့ပတ်သတ်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ် ခွန်သူရိန် တွေ့ဆုံမေးမြန်း

ခမ်းသားငေါဝ်း၊ မတ် ၂၉၊ ၂၀၂၃ မေး။ ။ပင်လောင်းမြို့နယ် နမ်းနိန်းရွာက ဖြစ်ပွားခဲ့သည့် အသတ်ခံရမှုကိစ္စနဲ့ပတ်သတ်ပြီး အဲဒီအပေါ်ဗိုလ်မှူးအနေနဲ့ ဘယ်လိုပြောချင်တာရှိလဲ? ဖြေ။ ။အဲဒီကိစ္စကို ဒီချိန်မှာပြောရမယ်ဆိုရင် နှုတ်ကပြောချင်တဲ့အတိုင်းပြောလို့မရဘူး။ သိကြတဲ့အတိုင်းဆိုပေမယ့် ပြောလို့မဖြစ်ဘူး ဒီလိုဖြစ်ပြီးနောက်မှာတော့ ကျန်ခဲ့တဲ့ ကျွန်တော်တို့ ပအိုဝ်းမိဘပြည်သူတွေက ပအိုဝ်းရိုးရာထုံးစံ လူအိုထုံးတမ်း မကျန်ခဲ့သင့်ဘူး လူအိုတွေပြောတဲ့စကား “ပြဿနာကြီးရင် သေးအောင်လုပ် ပြဿနာသေးရင် ပပျောက်အောင်လုပ် နောက်ဆုံးပြဿနာ…

စစ်ကောင်စီ ဦးစီးကျင်းပမည့် ရွေးကောက်ပွဲတွင် ဓနုပါတီ ၂ ခုစလုံး နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များလျောက်ထား

. ခမ်းသားငေါဝ်း၊ မတ်လ ၂၆၊ ၂၀၂၃ ဓနုလူမျိုးစုအပေါ် အခြေခံသော ဓနုအမျိုးသားအဖွဲ့ချုပ်ပါတီ (DNOP) ၊ ဓနုတိုင်းရင်သားလူမျိုးများ ဒီမိုကရေပါတီ (DNDP)ပါတီ၂ခုစလုံးတို့သည် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များလာရောက်လျောက်ထားလျက်ရှိနေကြောင်း သိရသည်။ စစ်ကောင်စီ ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပန်းလာသည့် အချိန်မှစ၍ ယနေ့အချိန်ထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျောက်ထားသည့် ပါတီ ၈…

စစ်အာဏာရှင်၏ လေယာဉ်လောင်စာဆီအဝယ်တော်နှင့် စစ်တပ်ခရိုနီများကို အမေရိကန် ထပ်တိုးဒဏ်ခတ်

– ခမ်းသားငေါဝ်း၊ မတ်လ ၂၅ ၊၂၀၂၃ မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ ကြမ်းကြုတ်ရက်စက်မှုကြောင့် လေယာဉ်လောင်စာဆီအဝယ်တော်များနှင့် စစ်တပ်ခရိုနီများကို အမေရိကန်က ထပ်တိုးဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများပြုလုပ်ကြောင်း အမေရိကန်သံရုံးမှ မတ်လ ၂၄ရက်တွင် ထုတ်ပြန်ထားသည်။ မြန်မာပြည်သူများ၏ ဒီမိုကရေစီလိုလားတောင့်တမှုကို အပြင်းအထန်ထိုးနှက်တိုက်ခိုက်နေသည့် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရန်အတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ ယခုအရေးယူမှုတွင် လူပုဂ္ဂိုလ်နှစ်ဦးနှင့် လုပ်ငန်းအဖွဲ့အစည်းခြောက်ခုကို အမေရိကန်ပြည်ထောင်စုမှ အရေးယူသတ်မှတ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း…

နမ်းနိန်းရွာအရပ်သားပြည်သူများ သတ်ဖြတ်မှုဖြစ်စဥ်နှင့်ပတ်သတ်ပြီး ကရင်နီအရပ်ဘက်အဖွဲ့အစည်းများက အပြင်းအထန်ရှုံ့ချ

ခမ်းသားငေါဝ်း မတ်လ ၂၂၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နမ်းနိန်းးကျေးရွာတွင် အရပ်သားပြည်သူများကို အစုလိုက်အပြုံ လိုက် သတ်ဖြတ်မှုဖြစ်စဥ်နှင့် ပတ်သက်ပြီး ကရင်နီအရပ်ဘက် အဖွဲ့အစည်းများက အပြင်းအထန်ရှုံ့ချကန့်ကွက်ကြောင်း မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်၊ ယခင်မတ်လ ၁၁ရက်နေ့တွင် ဖြစ်ပွားခဲ့သော စစ်ရေးတင်းမာမှုကြောင့် ဘုန်းကြီး ၃ ပါး အပါအဝင် အရပ်သား ၂၂…

ဆောင်းပြောင်း၊ နမ့်နိန်းကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေ

ခမ်းသားငေါဝ်း၊ မတ် ၁၀၊ ၂၀၂၃ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တောင်ဖက် ဆောင်းပြောင်း၊ နမ့်နိန်းကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ မတ်လ ၁၀ရက်နေ့အထိ တိုက်ပွဲပြင်းထန်‌ နေဆဲကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ စစ်ကောင်စီတပ်မှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် နမ့်နိန်းကျေးရွာဘုန်းကြီးကျောင်းဆောင်များ၊ ဘုရားကျောင်းကန်များ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။ “သေနတ်သံက မနေ့ကလည်းကြားတယ်၊ ဒီနေ့ထိလည်းပစ်နေတုန်းပဲ၊ ကျွန်မတို့ဖက်မှာတော့ တိတ်ဆိတ်နေရောပဲ ရွာမှာလည်းလူရှိတယ်၊ ဘယ်သူမှအပြင်မထွက်ရဲဘူး၊ နှစ်ဖက်တပ်က တိုက်နေကြတာ၊…