Category: နိုင်ငံရေး / တိုက်ပွဲ

နမ်းနိန်းရွာအရပ်သားပြည်သူများ သတ်ဖြတ်မှုဖြစ်စဥ်နှင့်ပတ်သတ်ပြီး ကရင်နီအရပ်ဘက်အဖွဲ့အစည်းများက အပြင်းအထန်ရှုံ့ချ

ခမ်းသားငေါဝ်း မတ်လ ၂၂၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နမ်းနိန်းးကျေးရွာတွင် အရပ်သားပြည်သူများကို အစုလိုက်အပြုံ လိုက် သတ်ဖြတ်မှုဖြစ်စဥ်နှင့် ပတ်သက်ပြီး ကရင်နီအရပ်ဘက် အဖွဲ့အစည်းများက အပြင်းအထန်ရှုံ့ချကန့်ကွက်ကြောင်း မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်၊ ယခင်မတ်လ ၁၁ရက်နေ့တွင် ဖြစ်ပွားခဲ့သော စစ်ရေးတင်းမာမှုကြောင့် ဘုန်းကြီး ၃ ပါး အပါအဝင် အရပ်သား ၂၂…

ဆောင်းပြောင်း၊ နမ့်နိန်းကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေ

ခမ်းသားငေါဝ်း၊ မတ် ၁၀၊ ၂၀၂၃ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တောင်ဖက် ဆောင်းပြောင်း၊ နမ့်နိန်းကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ မတ်လ ၁၀ရက်နေ့အထိ တိုက်ပွဲပြင်းထန်‌ နေဆဲကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ စစ်ကောင်စီတပ်မှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် နမ့်နိန်းကျေးရွာဘုန်းကြီးကျောင်းဆောင်များ၊ ဘုရားကျောင်းကန်များ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။ “သေနတ်သံက မနေ့ကလည်းကြားတယ်၊ ဒီနေ့ထိလည်းပစ်နေတုန်းပဲ၊ ကျွန်မတို့ဖက်မှာတော့ တိတ်ဆိတ်နေရောပဲ ရွာမှာလည်းလူရှိတယ်၊ ဘယ်သူမှအပြင်မထွက်ရဲဘူး၊ နှစ်ဖက်တပ်က တိုက်နေကြတာ၊…