Category: နိုင်ငံရေး / တိုက်ပွဲ

စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်ပြီးတော်လှန်ရေးသမိုင်းစာမျက်နှာအသစ်ကို ရေးထိုးသည့် ကလလတကို KNDF မှကြိုဆို

ခမ်းသားငေါဝ်း ဇူလိူင် ၂၊ ၂၀၂၃ ကရင်နီလူမျိုးပေါင်းစုံံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ/KNPLF)မှ ပြည်သူအားမတရားဖိနှိပ်သည့် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေပြီဟု တရားဝင်ထုတ်ပြန်ကြေညာသည်ကို KNDFမှ ဝမ်းမြောက်ကြိုဆိုဂုဏ်ပြုကြောင်းသိရသည်။ ဇွန်လိုင်လ ၁၃ ရက်နေ့မှစပြီး KNPLF(ကလလတ)မှ ပါဝင်ဆင်နွဲသော မယ်စဲ့မြို့နယ်တိုက်ပွဲများသည် နွေဦးတော်လှန်ရေးနှင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၏နိုင်ငံရေးဖြစ်စဥ်အား အချိုးကွေ့တစ်ခု ခွန်အား ဖြစ်စေခဲ့ကြောင်းKNDF ထုတ်ပြန်ထား သည်။ ထိုင်း-မြန်မာနယ်စပ် မယ်စဲ့မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သော BP-13တပ်စခန်း၊BP-14တပ်စခန်း၊BP-15တပ်စခန်း မယ်တနွယ်တပ်စခန်း၊BP-16…

ကရင်နီ (ကယား)ပြည်တွင် တိုက်ပွဲပြင်းထန်မှုကြောင့် လွိုင်ကော်မြို့ပေါ်သို့ စစ်ရှောင် အများအပြားရောက်လာ

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၊၂၀၂၃ ကယား (ကရင်နီ)ပြည်အနှံတွင် တိုက်ပွဲများပြင်းထန်လာမှုကြောင့် ဒေါတမကြီးမြို့နယ်၊ မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့နယ်၊ ဘောလခဲမြို့နယ်မှ ဒေသပြည်သူများသည် လွိုင်ကော်မြို့ပေါ်သို့ အများအပြားစစ်‌ ရှောင်လာကြသည်ဟု သိရှိရသည်။ ယခု လွိုင်ကော်မြို့ပေါ် စစ်ရှောင်စခန်းတွင် စစ်ရှောင်ဦးရေ တစ်သောင်းလေးထောင် ကျော်ရှိပြီး စစ်ရှောင်စာရင်းများ ဆက်လက်ကောက်ယူနေဆဲဖြစ်သည်ဟု သိရှိရသည်။ စစ်ရှောင်များသည် ရုတ်တရက် စစ်ရှောင်လာရခြင်းကြောင့် ကိုယ်တစ်ခု အဝတ်တစ်ထည်သာ ပါရှိပြီး…

အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအတွင်း အမျိုးသမီးများလိင်အကြမ်းဖက်ခံရမှု ၅၉ မှုအထိရှိလာ

ခမ်းသားငေါဝ်း၊ ဇွန်လ ၁၇၊၂၀၂၃ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလမှ ယနေ့အချိန်ထိ အမျိုးသမီးများအပေါ် အကြမ်းဖက်ကျူးလွန်ခံရမှု ၅၉ မှုအထိရှိကြောင်း မြန်မာအမျိုးသမီးများသမ္မဂ (BWU) ထုတ်ပြန်ချက်အရ သိရသည်။ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (၃၆)မှုနှင့် အိမ်တွင်းအကြမ်းဖက်မှုအပါအဝင် ကာမလိမ်လည်မှု (၂၃)မှုရှိပြီး အကြမ်းဖက်မှုစုစုပေါင်း (၅၉)မှု ရှိ‌ခဲ့သည်။ “လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ပတ်သက်လို့ အမြဲထောက်ပြပြောဆိုတာတွေရှိတယ်။ အမှုမှန်ရရှိရေးအတွက် ကူညီလုပ်ဆောင်တာမျိုး၊စည်းရုံးလုပ်ဆောင်တာလည်းရှိတယ်။…

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီကိုအဖွဲ့ဝင် (၆)ဦးဖြင့် ကနဦးတွင်စတင်ဖွဲ့စည်း

ခမ်းသားငေါဝ်း၊ ဇွန်လ ၁၃၊၂၀၂၃ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)ကို ကောင်စီအဖွဲ့ဝင်(၆)ဦးဖြင့် ကနဦးတွင် စတင်ဖွဲ့စည်းထားကြောင်း ယမန်‌နေ့ ဇွန် ၁၂ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်၊၊ ကရင်ပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC သည် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်ရန်၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ပြီး လူထု၏ အဓိကလိုအပ်ချက်ဖြစ်သော ပညာရေး၊ကျန်းမာရေး၊ စားနပ်ရိက္ခာ နှင့်အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်ဖြစ်ကြောင်း…

ရွာပြန်သည့်ဒေသခံများကို မီဒီယာများနှင့် မဆက်သွယ်ရန် PNOနှင့် စစ်ကောင်စီ ပိတ်ပင်

ခမ်းသားငေါဝ်း၊ ဇွန်လ ၈၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်ဘက် တိုက်ပွဲဖြစ်ပွားခဲ့သည့် တောင်မဲသင်း‌ဒေသတွင် နေအိမ်ပြန်ဒေသခံများအား မိမိဒေသတွင်းဖြစ်ပွားသည့်အခြေအနေများ မီဒီယာနှင့် အခြားလူများကို ဆက်သွယ်မပြောပြရန် PNOနှင့် စစ်ကောင်စီက ပိတ်ပင်ထားကြောင့် ဇွန်လ ၈ ရက်က သိရသည်။ ပင်လောင်းတောင်ဘက် တောင်မဲသင်းရွာ ပင်ပုံရွာ လုံးပျဉ်ရွာ နမ်းနိန်း ကျေးရွာများတွင် PNOနှင့် စစ်ကောင်စီတပ်က နေရာယူထာပြီး ရွာပတ်ပတ်လည်…

စစ်ကောင်စီအာဏာသိမ်းပြီး ၈၅၇ ရက်အတွင်း မတရားသတ်ဖြတ်ခံရသူ ၃၆၃၀ ဦးရှိလာ

ခမ်းသားငေါဝ်း၊ ဇွန်လ ၈၊၂၀၂၃ စစ်ကောင်စီအာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေ‌ ဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့အထိ မြန်မာနိုင်ငံအနှံ့တွင် စစ်ကောင်စီ ကြောင့် မတရားသတ်ဖြတ်ခံရအရပ်သားပြည်သူ ၃၆၃၀ ဦးရှိလာကြောင့း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း. AAPPထုတ်ပြန်ချက်အရ သိရသည်။ ယင်းထုတ်ပြန်ချက်အရ ဒီမိုက‌ရေစီအရေးလှုပ်ရှားသူ နှင့် တော်လှန်ရေးနှင့်ပက်သက်သူဟုဆိုပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ စုစုပေါင်း၂၃၂၈၃…

ပင်လောင်းမြို့နယ် နှင့်ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နိုင်ဟုဆို

ခမ်းသားငေါဝ်း၊ မေလ ၂၉၊ ၂၀၂၃ ပင်လောင်းမြို့နယ်ကြားနှင့် ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ပေါင်းစုတပ်တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း PNDF- KK ကပြောဆိုထားသည်။ ထိုဒေသတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ပေါင်းစု တပ်တို့ နှစ်ဖက်စလုံးဒီရက်ပိုင်း အင်အားဖြည့်တင်းပြီး စစ်ပွဲဆက်တိုက်ဖြစ်ပွား နေကြောင်း သိရသည်။ “တိုက်ပွဲတော့ဆက်တိုက်ဖြစ်နေတယ် စစ်ကောင်စီဖက်လည်း အင်အားဖြည့်လာတာတွေ့ရတယ် အဓိက စစ်ကောင်စီဖက်က လေယာဉ်နဲ့ ပစ်လာတာများတယ် ခပ်စိပ်စိပ်ပစ်လာတယ်…

ပင်လောင်းတွင် စစ်ဘေးရှောင်များအတွက် အကူ အညီပေးမည့် NGO/CSO များ အခက်အခဲရှိနေ

ခမ်းသားငေါဝ်း၊ မေလ၂၁ ၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် တိုက်ပွဲကြောင့်နေရပ်စွန့်ခွာကြသည့် စစ်ဘေးရှောင်များအတွက် အကူအညီပေးမည့် NGO/CSO များ ဝင်ရောက်ကူညီပေးရန် အခက်ခဲရှိနေကြောင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။ “အဓိက အသွားအလာပေါ့ စစ်ဆေးတာလည်းများတယ် လုံခြုံရေးအခက်ခဲတွေလည်းရှိတယ်ပြီးတော့ ထွေအုပ်ဖက်ကလည်း ဘာပဲကူညီကူညီပေါ့ သူတို့ထံစာတင်ရတယ် သူတို့အရင်ခံစာပြန်တင်ရတာမျိုးလု​ပ် တယ်ပေါ့လေ ပင်လောင်းမှာလည်း ပြည်သူ့စစ်တွေ စစ်တပ်တွေ အမြဲစောင့်ကြည့်နေတဲ့အတွက် အခက်အခဲတော့အများကြီးရှိတယ်”ဟု NGO…

RCSSက PNLO တပ်စခန်းကို လာရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွား

ခမ်းသားငေါဝ်း၊ မေလ ၂၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်ရှိ PNLO ၏ ဖက်နံတပ်စခန်းကို RCSS တပ်က ကျူးကျော်ဝင်ရောက်လာပြီး တိုက်ခိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်၊၊ ထိုပစ်ခတ်မှုသည် ယနေ့ မေလ၂၀ ရက် မနက်ပိုင်း ၅ နာရီခန့်တွင် RCSS/SSA က အင်းအား ၁၀၀ ကျော်ဖြင့် ကျူးကျော်ဝင်ရောက်လာပြီး ထီဖက်နံ PNLA တပ်စခန်းကို လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း…

နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရန်လက်တွေ့ကျပြီး ဖြစ်နိုင်ချေရှိသောနည်းလမ်းကို ရှာဖွေမည်ဟု NCA အဖွဲ့ ဆွေးနွေး

ခမ်းသားငေါဝ်း၊ မေလ ၁၉၊၂၀၂၃ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့သည် နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရန်လက်တွေ့ကျပြီး ဖြစ်နိုင်ချေရှိသောနည်းလမ်းများ ရှာဖွေ‌သွားမည်ဟု NCA အဖွဲ့ဆွေးနွေးထုတ်ပြန်ထားသည်၊၊ အဆိုပါ နည်းလမ်းများ ရှာဖွေရာတွင် ပါဝင်သင့်ပါဝင်ထိုက်သူများ အားလုံးပါဝင်ပြီး နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာရန်၊ နိုင်ငံရေးဆွေးနွေးပွဲများသည် အမျိုးသားရေးလုပ်ငန်းစဉ်နှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်ရေးတို့ ပါဝင်ကြောင်း ဖော်ပြထားသည်၊၊…