Category: နိုင်ငံရေး / တိုက်ပွဲ

ထီးသော်ကူးကျေးရွာရှိ ဘုရားကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ အဆောက်အဦးများပျက်စီး

ခမ်းသားငေါဝ်း ဩဂုတ် ၁၈၊၂၀၂၃ ကယား(ကရင်နီ)ပြည်၊ ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာရှိ ဘုရားကျောင်းအား စစ်ကောင်စီကဩဂုတ်လ ၁၂ ရက်နေ့ ည(၈)နာရီအချိန်တွင် တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။ ထီးသော်ကူးကျေးရွာအနီး စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ် နှင့် ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအပြီး တိုက် ပွဲငြိမ်သက်ချိန်တွင် စစ်ကောင်စီတပ်က တိုက်ပွဲ နှင့် သက်ဆိုင်ခြင်းမရှိသည့် “သနားခြင်းမယ် တော်”ဘုရားကျောင်းအား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း…

ကုန်ဈေးနူန်းအဆမတန်မြင့်တက်လာမှုကြောင့် ပြည်သူများအခက်ခဲမျိုးစုံကြုံတွေ့လာ

ခမ်သားငေါင်း ဩဂုတ် ၁၈၊ ၂၀၂၃ ကျပ်နှစ်သောင်းတန်ထုတ်ပြီးနောက် မြန်မာနိုင်ငံ တွင် ကုန်စျေးနှုန်း အဆမတန်မြင့်တက်လာပြီး ပြည်သူများစားဝတ်နေရေးအခက်ခဲမျိုးစုံကြုံတွေ့လာရကြောင်းသိရသည်။ ထိုင်းနိုင်ငံတွင်အလုပ်သွားလုပ်ပြီရသည့်လုပ်အားခနှင့် ​မြန်မာနိုင်ငံရှိ မိသားစုစားဝတ်နေရေး ဖြေရှင်းရာတွင် ဖူလုံမှုမရှိတော့ပဲအခက်ကြုံနေကြရသည်။ “အရင်နှစ်တွေကသမီးငွေတစ်သိန်းလွဲလာရင်တစ်လစာ လုံလောက်တယ် ။ ဆန်ကတစ်အိတ်‌ ခြောက်သောင်းဆို ကျန်တဲ့‌ လေးသောင်းကို အသုံးစရိတ်တွေသုံးလို့ရတယ်။အခုကဆန်ဝယ်လိုက်ပြီဆိုရင်တစ်ခြားဘာမှမရတော့ဘူး။တစ်ခြားလိုအပ်တဲ့ အသုံးစရိတ်တွေဝယ်လို့မရတော့ဘူး”ဟု တောင်သူအမျိုးမီး တစ်ဦးကပြောသည်။ ငွေကြေးဖောင်းပွမှု၊ ငွေတန်ဖိုးကျဆင်းမှုတို့ကြောင့် ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်ပြီး မြန်မာပြည်ကိုငွေလွဲအများကြီးရသော်လည်း…

စစ်တပ်အာဏာသိမ်းပြီးနောက် ယခုဩဂုတ်လအတွင်း ရွှေဈေး ၃၇ သိန်း‌ကျော်အထိမြှင့်တက်

ခမ်းသားငေါဝ်း ဩဂုတ် ၁၅၊၂၀၂၃ မြန်မာနိုင်ငံ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်ကာလ ယနေ့အထိ မြန်မာငွေကျပ်တန်ဖိုးကျဆင်း၍ ဒေါ်လာဈေး နှင့် ရွှေဈေးများ အဆမတန်မြှင့်တက်လာခဲ့ကြောင့် သိရသည်။ ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း ၁၁ နာရီ အချိန်တွင် ပြည်တွင်း‌ရွှေဈေးသည် အခေါက်ရွှေ ဝယ်ဈေး သိန်း(၃၇၂၀,၀၀၀ ကျပ်) အထိရှိပြီး ရောင်းဈေးမှာ သိန်း(၃၇၇၀၀,၀၀…

စစ်တပ်အရန်အင်အားဖွဲ့စည်းရန် စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းများအား စာရင်းပြုစုနေ

……………………… ခမ်းသားငေါဝ်း သြဂုတ် ၁၄၊ ၂၀၂၃ အာဏာသိမ်းပြီး၂နှစ်ကျော်ကာလအတွင်း အင်အားချည့်နဲ့လာသည့် စစ်ကောင်စီတပ်သည် ဌာနဆိုင်ရာရှိ Non-CDM ဝန်ထမ်းများအား အရန်အင်အားပြည်သူ့စစ်တပ်ရင်းအသွင်ဖွဲ့စည်းရန် ညွှန်ကြားစာထွက်လာကြောင်း သိရသည်။ ရှမ်းပြည်နယ် စစ်ကောင်စီလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းလက်မှတ်ရေးထိုး၍ သြဂုတ်လ ၉ ရက်နေ့ ညွှန်ကြားစာကိုအွန်လိုင်းပေါ်တွင်ပျံ့နှံ့လာခဲ့ပြီး ရှမ်းတောင် အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ် နယ်မြေအတွင်း ပြည်သူ့စစ် မဟာဗျူဟာ ဖော်ဆောင်ရန်အတွက်…

အာဏာသိမ်း၂နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း မီးရှို့ခံရသည့်ပြည်သူနေအိမ် ၇သောင်းကျော် အထိရှိလာ

ခမ်းသားငေါဝ်း ဩဂုတ် ၁၂၊၂၀၂၃ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး ၂နှစ်ကျော်ကာလအတွင်း အရပ်သားပြည်သူများနေအိမ် ၇ သောင်းခွဲဝန်းကျင်အထိ မီးရှို့ဖျက်စီးခံရသည်ဟု Data For Myanmarက သြဂုတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်၊၊ အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှစ၍ ၂၀၂၃ခုနှစ် ဇူလိုင်၃၁ရက်နေ့အထိ စာရင်းများအရ အရပ်သားပြည်သူနေအိမ် (၇၄,၈၇၄)လုံး မီးရှို့ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်၊၊ ၂…

၂၀၀၈ ကိုအခြေခံသည့် ရွေးကောက်ပွဲနှင့်လှုပ်ရှားမှု မှန်သမျှ မကူကြရန် ဟု KNU အထွေထွေအတွင်း ရေးမှူး ပြော

ခမ်းသားငေါဝ်း ဩဂုတ် ၁၁၊၂၀၂၃ စစ်ကောင်စီက ပြင်ဆင်နေသည့် ၂၀၀၈ ကို အခြေခံ သောရွေးကောက်ပွဲအား ကရင်အမျိုးသားအစည်း အရုံးအနေဖြင့် လက်မခံကြောင်းနှင့် ပြည်သူများ အနေဖြင့် ရွေးကောက်ပွဲကို အခြေခံသည့် လှုပ်ရှားမှုမှန်သမျှ မကူကြရန် KNU ၏ အထွေထွေအတွင်း ရေးမှူး ပဒိုစောတာဒိုမူးကပြောဆိုခဲ့သည်။ ယမန်နေ့သြဂုတ်(၁၀)ရက်နေ့က ကျင်းပသည့် KNU ၏(၁၇)ကြိမ်မြောက်ကွန်ကရက်အစည်းအဝေးအပြီး ရက်(၁၀၀)ပြည့်အနေဖြင့် ကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။…

တောင်ကြီးမြို့တွင် စစ်ကောင်စီက လူ ၅ ဦးထက်မစုရ နှင့် ညမထွက်ရ အမိန့်ထုတ်ခြင်းကြောင့် ဒေသခံများ အခက်အခဲဖြစ်

ခမ်းသားငေါဝ်း ဩဂုတ် ၁၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သြဂုတ်လ (၁)ရက်နေ့မှစပြီး လူ ၅ဦးအထက်မစုရနှင့် ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ကြောင်း သိရှိရပါသည်။ အမိန့်ကို သြဂုတ်လ (၁) ရက်နေ့တွင် ထုတ်ပြန်ပြီး စစ်ကောင်စီ၏ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်ထဲတွင် တာဝန်ယူလိုက်ကပ် ပေးနေကြောင်း သိရှိရပါသည်။ တောင်ကြီးမြို့နယ်အတွင်း လူ ၅ဦးထက်ပိုမစုရနှင့် စုဝေးခြင်း၊ ဟောပြောခြင်း၊…

စစ်ကောင်စီ၏ ကာလုံအစည်းအဝေးကို ပူးပေါင်းသည့် ဦးဟင်နရီဗန်ထီးယူအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီဝင်အဖြစ်မှ ထုတ်ပယ်

ခမ်းသားငေါဝ်း ဩဂုတ် ၁၀၊၂၀၂၃ ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဟင်နရီဗန်ထီးယူအား စစ်ကောင်စီ၏ ကာလုံအစည်းအဝေးကို ပူးပေါင်းတက်ရောက်ခဲ့သဖြင့် NLD ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဩဂုတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ ဦးဟင်နရီဗန်ထီးယူသည် ပြည်သူလူထုကို အကြမ်းဖက်နှိပ်စက်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း ရာဇဝတ်မှုများကို ကျူးလွန်နေသည့် စစ်ကောင်စီအုပ်စုနှင့် (၃၁.၇.၂၀၂၃)နေ့တွင် ပူးပေါင်း ဆောင်ရွက်မှု တွေ့ရှိရသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအဖွဲ့ဝင်အဖြစ်မှ…

အမျိုးသမီးများ၏ နိုင်ငံရေးလှုပ်ရှားမှုများကို အသိအမှတ်ပြုသောအားဖြင့် အင်းလေးအမျိုး သမီးသမဂ္ဂ-IWUက ဂုဏ်ပြုအခမ်းအနားပြုလုပ်

ခမ်းသားငေါဝ်း ဩတ်ဂုတ် ၉၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊အင်းလေးဒေသအခြေစိုက် IWU အဖွဲ့က ၈၈၈၈ လုံးအရေးတော်ပုံ ၃၅ နှစ်ပြည့်နေ့တွင် ခေတ်အဆက် ဆက်အမျိုးသမီးများ၏ နိုင်ငံရေးစွမ်းဆောင်ရည်များကို ဂုဏ်ပြုသည့်အခမ်းအနားတစ်ရပ် ဩဂုတ်လ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ နွေဦးတော်လှန်ရေးအတွင်း အမျိုးသမီးများ၏ ပါဝင်မှုများ၊ စည်းရုံးတိုက်ပွဲဝင်မှုများ ၎င်းကဲ့သို့အကြမ်းမဲ့နှလုံးရည်တိုက်ပွဲဝင်အံတုမှုကို ပြည်သူတစ်ယောက်ချင်းစီတိုင်း နိုင်ရာအခန်းဏ္ဍမှ ပါဝင်နိုင်ရန်ရည်ရွယ်၍ ပြုလုပ်ခဲ့ကြောင်း IWUအတွင်းရေးမှူးက…

စစ်တပ်အာဏာသိမ်းပြီးနောက်အကျဥ်းထောင်အတွင်းမျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရသူ ၁၁၉ ဦးအထိရှိ

ခမ်းသားငေါဝ်း သြဂုတ် ၈၊ ၂၀၂၃ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်လာချိန်တွင် အကျဥ်းထောင်အတွင်းမျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရသူ ၁၁၉ ဦးအထိရှိလာကြောင်းနိုင်ငံရေးအ ကျဥ်းသားများကူညီစောင့်ရှောင့်ရေးအသင်းAAPP ထုတ်ပြန်ချက် အရသိရသည်။ အကျဥ်းထောင်အတွင်း မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူအပါအဝင် စုစုပေါင်းသေဒဏ်ချမှတ်ခံရသူ (၁၅၈)ဦးရှိသည့်အနက် ဝါဆိုလပြည့်နေ့တွင် ၇ ဦးအားတစ်သက်တစ်ကျွန်း​ပြစ် ဒဏ်ပြောင်းလဲသတ်မှတ်မှုကြောင့်လက်ရှိတွင်သေဒဏ်ချမှတ်ခံထားရသူ(၁၅၁)ဦးရှိနေဆဲဖြစ်ကြောင်းသိရသည်။ ၂၀၂၃ ခုနှစ်သြဂုတ် ၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့အရပ်သားပြည်သူ(၂၄,၂၂၈) ဦးဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရသည့်ဦးရေ(၃,၈၉၇)ဦးရှိပြီဖြစ်ကြောင်းသိရသည်။ ထို…

You missed