Category: နိုင်ငံရေး / တိုက်ပွဲ

ဒီမေ့ာဆိုအရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က တိုက်လေယာဥ်နှစ်စီးဖြင့်တိုက်ခိုက်

ခမ်းသားငေါဝ်း ဩဂုတ် ၃၁၊၂၀၂၃ ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်ဖွဲ့က သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် တိုက်လေယာဥ်နှစ်စီးဖြင့် အကြောင့်မဲ့တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။ တိုက်လေယာဥ်ဖြင့် ဗုံးကြဲခဲ့သဖြင့် စစ်ဘေးရှောင်ပြည်သူ အမျိုးသား ၁ ဦးသေဆုံးခဲ့ရပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ ” မနက်အစောပိုင်းမှာ စစ်ကောင်စီ လေယဥ်ဝဲပျံနေတော့…

အာဏာရိပ်မကင်းသည့် ပွဲတော်များကို သပိတ်မှောက်ကြရန် တောင်ကြီးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တိုက်တွန်း

ခမ်းသားငေါဝ်း ဩဂုတ် ၃၁၊၂၀၂၃ နိုင်ငံတကာစာမျက်နှာတွင် ပြည်သူများက မိမိတို့အားထောက်ခံကြိုဆိုကာ အေးချမ်းသာယာစွာစီမံအုပ်ချုပ်နိုင်ပြီဟု ထင်ယောင်ထင်မှားဖြစ်စေသည့် စစ်ကောင်စီအာဏာရိပ်မကင်းသည့် ပွဲတော်များအား သပိတ်မှောက်ကြရန် တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ တိုက်တွန်းထားသည်။ တန်ဆောင်တိုင်ရိုးရာပွဲတော် ကျင်းပရာဒေသ၊ ဖောင်တော်ဦးဒေသစာရီကြွချီမည့်ဒေသ နှင့် မကမ်းမလှမ်းနေရာတွင်ရှိသည့် ညီနောင်သွေးချင်းများ စစ်ဘေးဒဏ်ကိုအလူးအလဲခံစားနေရချိန်တွင် အာဏာရိပ်မကင်းသည့် ပွဲတော်များအား သပိတ်မှောက်စေလိုကြောင်း ဖော်ပြထားပါသည်။ ရိုးရာပွဲတော်များ ကျင်းပရာဒေသတွင်း၌ လူမှုရေး၊စီးပွားရေး၊ဒေသဖွံ့ဖြိုးရေးစသည့် အကျိုးကျေးဇူးများရရှိသော်လည်း စစ်တပ်အတွက်ဝင်ငွေကြီးကြီး…

ဖရူဆိုမြို့နယ်ရှိ ဒေသခံနေအိမ် ၄၀ ကျော်ကို စစ်ကောင်စီတပ်က ၃ ရက်အတွင်း မီးရှို့ဖျက်ဆီး

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊၂၀၂၃ ကယား(ကရင်နီ)ပြည်၊ ဖရူဆိုမြို့နယ်ရှိ ဒေသခံနေအိမ် (၄၀)ကျော်ကို စစ်ကောင်စီတပ်က ၃ ရက်အ တွင်း မီးရှို့ဖျက်စီးခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ဩဂုတ်လ ၂၄ ရက်နေ့ မှ ၂၆ ရက်နေ့အထိ (၃)ရက်တာအတွင်း ဖရူဆိုမြို့နယ်ရှိဒေါညေးခူရွာ နေအိမ် ၁၀လုံး၊ ထီးပေါ်ဆိုရွာ နေအိမ် ၃၀ လုံးကို စစ်ကောင်စီတပ်သားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း…

တရုတ်-မြန်မာနယ်စပ် ခိုမန်းရွာအနီး စစ်ကောင်စီတပ်နှင့်TNLAတပ် တစ်ရက်နီးပါး တိုက်ပွဲဖြစ်ပွား

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ခိုမုန်းရွာအနီး စစ်ကောင်စီ၊ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ နှင့် တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော် TNLAတို့အကြား သြဂုတ်လ(၂၈)ရက် နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ သြဂုတ်လ(၂၈)ရက်နေ့ နံနက်ပိုင်း (၈)နာရီအချိန်မှ ညနေ(၅)နာရီအချိန်ထိ မူဆယ်ရှိ ပြည်သူ့စစ်တပ်ဖွဲ့ ၅ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် TNLA တပ်ရှိရာကိုစစ်ကြောင်း(၃)ကြောင်းဖြင့် ထိုးစစ်ဆင်လာပြီး တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း သိရသည်။ “မနေ့က မနက်ပိုင်း…

တီမောလက်စ​​တေးသံရုံးယာယီတာဝန်ခံအားမြန်မာနိုင်ငံမှထွက်ခွာသွားရန်စစ်ကောင်စီ ဖိအား​​​​​ပေးဆောင်ရွက်ခြင်းသည် ဥပဒေမဲ့ပြုရပ် ဟု NUG ပြော

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊၂၀၂၃ စစ်ကောင်စီက တီမောလက်စတေးသံရုံး ယာယီတာဝန်ခံကို မြန်မာနိုင်ငံမှထွက်ခွာသွားရန် နှင်ထုတ်ခြင်းနှင့်စပ်လျဥ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က စစ်ကောင်စီ၏ မလျော်ကန်ဥပဒေမဲ့ပြုကျင့်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။ နိုင်ငံတော်၏အာဏာကို ဥပဒေဘောင်ပြင်ပမှ လက်နက်အားကိုးဖြင့် သိမ်းယူထားသည့် တရားမဝင်စစ်ကောင်စီသည် နိုင်ငံတစ်ကာနှင့် သံတာမန်ဆက်ဆံရေးကိစ္စရပ်များတွင် ဆုံးဖြတ်ဆောင်ရွက်ခွင့် မရှိဘဲ မြန်မာပြည်သူလူထုက ရွှေးချယ်တင်မြောက်ထားသည့် တရားဝင်အစိုးရ၌သာ တည်ရှိကြောင်း NUG က ဆိုထားပါသည်။ စစ်ကောင်စီအဖွဲ့အစည်းအနေဖြင့်…

နန်းတုတ်တွင် PNO ပအိုဝ်းပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင်းနေထိုင်သည့် စစ်ကောင်စီလက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ် အဖွဲ့ဝင်တစ်ဦး အယ်ဝေး က ဩဂုတ်လ ၂၈ ရက်နေ့တွင် ပစ်သတ်ခံခဲ့ရကြောင်း ခမ်းသားငေါဝ်း သတင်းရင်းမြစ်ထံမှ သိရပါသည်။ ၄င်းသည် လက်ရှိတွင် #PNO ပအိုဝ်းပြည်သူ့စစ်၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ယမန်နေ့ ဩဂုတ်လ ၂၈ ရက်နေ့ ည ၈…

စစ်ရှောင်ပြည်သူတိုးလာသည့်အတွက် အောင်ကလပ်အပေါ်ရွာစစ်ရှောင် စားဝတ်နေရေးနှင့် ကျန်းမာရေး အခက်အခဲရင်ဆိုင်နေရ

ခမ်းသားငေါဝ်း သြဂုတ် ၂၈၊ ၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် အောင်ကလပ်အပေါ်ရွာရှိ စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက်အခက်အခဲများ ရှိနေသေးကြောင်း ယနေ့ဩဂုတ်လ(၂၈)ရက်နေ့တွင် သိရသည်။ စစ်ရှောင်ကာလကြာလာသည်နှင့်အမျှ စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ကလေးပညာရေး စသည့်အခက်အခဲများ ယခင်ကထက်ပိုမိုဆိုးရွားလာကြောင်း သိရသည်။ ”အခုလောလောဆယ်ဆိုရင် ဆေးဝါးအရမ်းလိုအပ်တယ်။ ဘာလို့ဆို နာတာရှည်ရောဂါသည်တွေ၊ လူကြီးရောဂါတွေ၊ သွေးတိုးရောဂါသည် စတာတွေများတော့ ကုသဖို့ဆေးကလည်းမရှိတော့ အခက် အခဲအရမ်း…

ကွတ်ခိုင်သို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် နဲ့ တအာင်းတပ် TNLA တိုက်ပွဲဖြစ်ပွား

ခမ်းသားငေါဝ်း ဩဂုတ် ၂၆၊၂၀၂၃ တအာင်းပြည်နယ်၊ တပ်မဟာ(၅)စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ်မှာ အင်အားအလုံးအရင်းဖြင့် နမ့်ဖက်ကာမှ ကွတ်ခိုင်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ တယ်လို့ သြဂုတ်၂၆ ရက်နေ့ TNLA ထုတ်ပြန်ချက် အရ သိရပါတယ်။ ယမန်နေ့ သြဂုတ်လ ၂၅ ရက်နေ့ ညနေ(၅း၀၀)နာရီမှ(၆း၀၀)နာရီအထိ လုံဆွေရွာအနီးမှာ (၁)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကား(၁၆)စီးနဲ့အတူ…

ကရင်နီပြည်ရဲဌာန ဖွဲ့စည်းပြီး ၂နှစ်အတွင်း ဒေသအမှုပေါင်း (၃၆၂) မှုအရေးယူဆောင်ရွက်

ခမ်းသားငေါဝ်း ဩဂုတ် ၂၆၊၂၀၂၃ ကရင်နီပြည်နယ် ရဲဌာန (KSP)ဖွဲ့စည်းဆောင်ရွက်ပြီး ၂ နှစ်တာကာလတွင် ဒေသတွင်းအမှုပေါင်း (၃၆၂)မှု အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း ကရင်နီပြည်ရဲဌာန ၂ နှစ်ပြည့်အစီရင်ခံစာအရ သိရသည်။ ကရင်နီပြည်ရဲဌာန (KSP)အား ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)၏ ကြပ်မတ်လမ်းညွှန်မှုဖြင့် ၂၅.၈.၂၀၂၁ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီးအကြမ်းဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)၌ ပါဝင်ခဲ့သည့်ရဲတပ်ဖွဲ့ဝင်များဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ၂ နှစ်တာကာလတွင် ကရင်နီပြည်နယ်ထိန်းချုပ်နယ်မြေအတွင်း…

တရားမဝင် နှစ်သောင်းတန်ငွေစက္ကူကို သုံးစွဲခြင်း မပြုရန် NUG တားမြစ်

ခမ်းသားငေါဝ်း ဩဂုတ် ၂၅၊၂၀၂၃ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဗဟိုဘဏ်အဖွဲ့မှ ပုဂ္ဂလိကဘဏ်များနှင့်ငွေကြေးဝန် ဆောင်မှုလုပ်ငန်းများတွင် တရားမဝင် ၂၀၀၀၀ (နှစ်သောင်း)တန်ငွေစက္ကူကို သုံးစွဲခြင်းမပြုရန် NUG ကဩဂုတ်လ ၂၄ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအခန်း ၁၂ ပါရှိချက်အရ အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှုဆိုင်ရာများအား တားဆီးရန်ရည်ရွယ်၍ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဆိုထားပါသည်။ အဆိုပါ ၂သောင်းတန်ငွေစက္ကူအား လက်ဝယ်ထားရှိခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း၊ လွှဲပြောင်းခြင်းများကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုကျူးလွန်ရာရောက်ကြောင်း…

You missed