Category: နိုင်ငံရေး / တိုက်ပွဲ

အင်းတိန် ဒေသတွင် စစ်ကောင်စီတပ်ကားချောဆွဲမှုပြုလုပ်သဖြင့် ဒေသခံကားသမားများ အခက်ခဲကြုံတွေ့

ခမ်းသားငေါဝ်း အောက်တိုဘာ ၉၊ ၂၀၂၃ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ အင်းတိန်ကျေးရွာတွင် စစ်ကောင်စီတပ်က ကားများချောဆွဲမှုပြုလုပ်သဖြင့် ဒေသခံကားသမားများ အခက်ခဲကြုံတွေ့ နေရ ကြောင်းသိရသည်။ စစ်ကောင်စီတပ်များသည် အောက်တိုဘာလပထမပတ်အတွင်းရွာထဲတွင် ကားရှိသူများကို အလှည့်ကျ ခေါ်ပြီး သူတို့သွားလိုရာကိုပို့ပေးရသည့်အပြင် ကားသမားများကိုလည်း ငွေထပ်မံညစ်သေးကြောင်းကားသမားပြောပြချက်အရသိရသည်။ “တစ်ချို့ကားသမား ရွာထဲမပြန်ရဲကြတေ့ာဘူး သူတို့ကိုလိုက်ပို့တာ အလုပ်လည်းပစ်ထားရတယ် ပြီးရင် ဓာတ်ဆီဖိုးလည်း ကိုယ်ကိုတိုင်…

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ၈ နှစ်အရွယ် စစ်ရှောင်ကလေးငယ် တစ်ဦး သေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၈၊ ၂၀၂၃ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ဘေးရှောင်များရှိရာ ကျေးရွာအတွင်းသို့ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၈ နှစ်အရွယ် ကလေးငယ်တစ်ဉီး ထိမှန် သေဆုံးခဲ့ရ ကြောင်းသိရသည်။ အောက်တိုဘာလ ၇ ရက် နေ့ မွန်းလွဲ ၁ နာရီအချိန်က ကယား(ကရင်နီ)ပြည် ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်ရှိသည့် ကျေးရွာတစ်ရွာသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။…

တိုက်ပွဲများဖြစ်ပွားခြင်းမရှိသည့်ကျေးရွာများအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်

ခမ်းသားငေါဝ်း အောက်တိုဘာ ၇၊၂၀၂၃ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာနှင့် အရှေ့ဘက်ခြမ်းရှိ ကျေးရွာ(၂)ရွာကို စစ်ကောင်စီက (၃)ရက်ဆက်တိုက် လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ရင်းအမှတ်(၁) KNDF-BO1၏ ထုတ်ပြန်ချက်အရ သိရသည်။ ကယား(ကရင်နီ)ပြည် ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က အောက်တိုဘာလ(၄)ရက်နေ့နှင့် (၅)ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာလ(၆)ရက်နေ့တွင်လည်း ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာ(၂)ရွာကို လက်နက်ကြီးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း…

လွိုင်ကော်မြို့ပေါ် ရပ်ကွက်အချို့တွင် သန်းခေါင် စာရင်းကောက်ယူမှုရှိနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၆၊ ၂၀၂၃ လွိုင်ကော်မြိုပေါ်တွင် စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူမှုများရှိနေခြင်းကြောင့် ပြည်သူများစိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ကယား(ကရင်နီ)ပြည် လွိုင်ကော်မြို့​ပေါ်ရှိ ထေးသမရပ်ကွက် နှင့် ဒေါဆော်ဘီးကျေးရွာတွင် အောက်တိုဘာလ ၃ ရက်နှင့် ၄ ရက်နေ့၌ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများက တစ်အိမ်တက် တစ်အိမ်ဆင်း သန်းခေါင်စာရင်း လိုက်လံကောက်ယူခဲ့ကြောင်း သိရသည်။ ထိုသို့ သန်းခေါင်စာရင်းလိုက်လံကောက်ယူမှု ကြောင့်…

စစ်ရေးလှုပ်ရှားမှုရှိလာနိုင်ဆိုတဲ့ မှော်ဘုရင်စစ်ကြောင်း ထုတ်ပြန်ချက်အပေါ် ဒေသခံတွေစိုးရိမ်မှုရှိနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၅၊၂၀၂၃ ရွာငံမြို့နယ်မှာ စစ်ရေးလှုပ်ရှားမှုတွေရှိလာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ ညနေ ၅ နာရီ နောက်ပိုင်း အပြင်မထွက်ဖို့ မှော်ဘုရင်စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အပေါ် ပြည်သူတွေစိုးရိမ်မှု့ရှိနေတယ် လို့ ရွာငံဒေသခံများထံမှ သိရပါတယ်။ ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်မှာ စစ်ရေးလှုပ်ရှားမှုတွေ ရှိလာနိုင်တဲ့အတွက် အောက်တိုဘာ လ ၅ ရက်‌နေ့က‌နေ ၁၅ ရက်‌နေ့အတွင်း ပြည်သူတွေညနေ ၅ နာရီနောက်ပိုင်းအပြင်မထွက်ဖို့…

စံကားဒေသရှိကျေးရွာများတွင် စစ်ကောင်စီလက်အောက်ခံများ သန်းခေါင်စာရင်းကောက်ယူ

ခမ်းသားငေါဝ်း အောက်တိုဘာ ၄၊၂၀၂၃ ညောင်ရွှေမြို့နယ် စံကားဒေသရှိ ကျေးရွာများတွင် စက်တင်ဘာလကစပြီး စစ်ကောင်စီလက်အောက်ခံများက သန်းခေါင်စာရင်းကောက်ယူမှုများရှိနေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ “ဒီဘက်မှာတော့ ရွာတိုင်းကောက်တယ်။ ကျွန်တော်သိသလောက် ဒီအနီးနားရွာက ဟိုနားရွာ၊ လှီမှီးရွာ၊ လွယ်ဗောင်၊ နောင်ဗို၊ ကုန်းပြား၊ ဆည်ခေါင်း၊ လွယ်ခေါ် စတဲ့ရွာတွေမှာတော့ ရွာတိုင်းပဲ သန်းခေါင် စာရင်းကောက်တယ်” ဟု စံကားဒေသ အမျိုးသားတစ်ဦးက ပြောသည်။…

ထိုင်းနိုင်ငံရောက် ပအိုဝ်းရဟန်သံဃာများဦးဆောင်ပြီး ၄၈ နှစ်ပြည့် ပအိုဝ်းအာဇာနည်နေ့ကျင်းပ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၊ ၂၀၂၃ ထိုင်းနိုင်ငံရောက် ပအိုဝ်းရဟန်သံဃာများဦးဆောင်ပြီး ထိုင်းရောက်ပအိုဝ်းမောင်မယ်များက ၄၈ နှစ်ပြည့် ပအိုဝ်းအာဇာနည်နေ့အထိန်းအမှတ်ကို အောက်တိုဘာ (၂)ရက်ကကျင်းပခဲ့ကြောင်းထိုင်းရောက်လူငယ်တစ်ဦးထံမှသိရသည်။ ပအိုဝ်းအာဇာနည်ခေါင်းဆောင်များကို ဂုဏ်ပြုလေးစား အမှတ်ရနေစေရန် ပအိုဝ်းအာဇာနည်နေ့ ကို ထိုင်းနိုင်ငံရှိ မဟာစူလာကွန်တက္ကသိုလ်ကျောင်းတွင်ကျင်းပကြကြောင်းသိရသည်။ “ပြောချင်တာတော့ထိုင်းနိုင်ငံမှာရှိတဲ့ ပအိုဝ်းလူငယ်တွေပေါ့ ကျွန်တော်တို့နိုင်ငံရေးရဲ့ အခင်းအကျင်းထဲမှာ အရှုတ်ထွေးကြားမှာမှ မိမိအမျိုးသားရဲ့ပန်းတိုင် ရပ်တည်ချက်တိကျခိုင်မာမှု၊ ရပ်တည်ချက်တစ်ခုဖြစ်လာအောင်ပေါ့”ဟု ထိုင်းရောက် ဖြားဗွာလို့ယွဲးအဖွဲ့ဝင်ခွန်ဇော်သက်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။…

ယောကျ်ားဖြစ်သူကိုဖမ်းဆီး၍မရခြင်းကြောင့် ဇနီးကို စစ်ကောင်စီဖမ်းဆီး

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၊ ၂၀၂၃ ရွာငံမြို့နယ် ပဲယင်းတောင်ကျေးရွာမှ စစ်ဘေးတိမ်းရှောင်လာသည့် ကိုဝင်းကျော်ကို စစ်ကောင်စီကလိုက်လံဖမ်းဆီးရာမမိလိုက်သောကြောင့် ဇနီးဖြစ်သူကိုဖမ်းဆီးသွားကြောင်း ရပ်ကွက်အတူနေထိုင်သောဒေသခံထံမှစုံစမ်းသိရပါသည်။ ပင်းတယမြို့နယ်၊ ပုန်းတကန်အနောက်ဘက်၊ဆင်ခေါင်းရပ်ကွက်သို့ စစ်ဘေးရှောင်ပြောင်းရွေ့နေထိုင်လာသည့် ကိုဝင်းကျော်နှင့် ဇနီးမပိုးဥနေအိမ်ကို စစ်ကောင်စီက စက်တင်ဘာလ ၂၉ ရက်နေ့တွင်ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းသိရပါသည်။ အဆိုပါဖြစ်စဥ်တွင်ယောကျာ်းဖြစ်သူကိုစစ်ကောင်စီက မဖမ်းမိလိုက်သောကြောင့် ကိုယ်ဝန်သုံးလ ရှိဇနီးမပိုးဥကို ရွာငံမြို့နယ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံ ပြောသည်။ ” အဲနေ့လည်က…

ဖက်ဒရယ်မူများနှင့် လိုက်လျောညီထွေမှုရှိစေရန် ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေအား ကြိုတင်ပြင်ဆင်လျက်ရှိ

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၄၊ ၂၀၂၃ ဖက်ဒရယ်မူများနှင့် လိုက်လျောညီထွေမှုရှိစေရန် ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေအား ကြိုတင် ပြင်ဆင်လျက်ရှိကြောင်း ယနေ့ကျရောက်သည့် (၄၈)ကြိမ်မြောက် ပအိုဝ်းအာဇာနည်နေ့တွင် PNFC မှအသိပေးထုတ်ပြန်လိုက်သည်။ ပအိုဝ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ကြိုတင် ပြင်ဆင်ရာတွင် ပအိုဝ်းပြည်သူတစ်ရပ်လုံး တူညီသောအမျိုးသားရေးစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်ပေးကြရန် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)မှ ပန်ကြားထားသည်။ တော်လှန်ရေးခရီးကြမ်းတွင် အံတုတိုက်ပွဲဝင်ခဲ့သော ဖြားဗွာလှဖေနှင့် သူရဲကောင်းအပေါင်းအပါများကျဆုံးသည့် ၁၉၇၅ ခုနှစ်၊ စက်တင်ဘာလ…

ပြည်သူ့ကာကွယ်ရေးတပ်များထောက်ပံ့မှုမပြုလုပ်နိုင်ရန် စစ်ကောင်စီက ဒေသခံများသွားလာခွင့်ထိန်းချုပ်

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၄၊ ၂၀၂၃ တောထဲရှိပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ကိုသွားရောက်ထောက်ပံ့မှုမပြုလုပ်နိုင်ရန် စစ်ကောင်စီက ဒေသခံများ သွားလာခွင့်ကို ထိန်းချုပ်ထားသည်။ ရှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာဒေသခံများကို တောခြံသွားလာခွင့်နှင့် ရွာအပြင်ထွက်ခွင့်များကို စစ်ကောင်စီတပ်သားများထံလက်မှတ်ရေးထိုး​ပြီး သွားလာရကြောင်းစုံစမ်းသိရှိရပါသည်။ ”သွားလာခွင့်လက်မှတ်တွေနဲ့အကြပ်ကိုင်ထားတော့ တော်လှန်ရေးအဖွဲ့တွေနဲ့ လုံးဝမပတ်သက်​​​တော့ဘူးလို့ မိသားစုအလိုက်လက်မှတ်ထိုးသူတွေရှိတယ်” ဟု နွားဘန်းကြီးကျေးရွာသူတစ်ဦးကပြောပါသည်။ ထိုသို့ စိုက်ပျိုးရာသီအချိန်တွင် ခံဝန်လက်မှတ်ခနခန သွားထိုးရသောကြောင့် တောခြံသွားလာလုပ်ကိုင်သူများ အဓိကအခက်အခဲကြုံတွေ့ရကြောင်း ဒေသခံ ကပြော…

You missed