Category: နိုင်ငံရေး / တိုက်ပွဲ

ဖရူဆိုမြို့နယ် ဒေါညေးခူရွာတွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိူးသမီး ၂ ဦး ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၊၂၀၂၃ ဒေါညေးခူကျေးရွာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု ကြောင့် စစ်ရှောင်အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ‌စစ်ရှောင်တစ်ဦး ပြောပြချက်အရ သိရသည်။ ကယား(ကရင်နီ)ပြည် ဖရူဆိုမြို့နယ် ဒေါညေးခူရွာတွင် အောက်တိုဘာလ ၃၁ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း ရိက္ခာပြန်ယူ သော စစ်ရှောင်အမျိုးသမီး ၂ ဦးထိမှန်ပြီး…

စစ်ကောင်စီတပ်သားများ အမြန်ဆုံးအလင်းဝင်လျှင် အသက်အန္တရာယ်လုံခြုံရေး အထူးအာမခံပြီး လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ ထိခိုက်မှုမရှိအောင် ဆောင်ရွက်ပေးမည် ဟုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၊၂၀၂၃ စစ်ကောင်စီ တပ်သားများအနေဖြင့် စစ်စခန်းမှထွက်၍ အမြန်ဆုံးအလင်းဝင်လျှင် အသက်အန္တရာယ်လုံခြုံရေး အထူးအာမခံပြီး လူ့ဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ ထိခိုက်မှုမရှိအောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့မှ ထုတ်ပြန်ချက်အရသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့တွင် ကိုးကန့် MNDAA၊ တအင်းအမျိုးသား တပ်မတော် TNLA နဲ့ ရက္ခိုင့် တပ်တော် AA…

လွိုင်လင်လေးတွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုရှိပြီး ဒေသခံများ ထိခိုက်မှုရှိနေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၁၊၂၀၂၃ လွိုင်လင်လေးမြို့ အရှေ့ခြမ်းရှိ ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုရှိပြီး ဒေသခံများ ထိခိုက်မှုရှိသည် ဟု KNDF/B-12 ဖော်ပြချက်အရ သိရသည်။ ကယား(ကရင်နီ)ပြည် လွိုင်လင်လေးမြို့ အရှေ့ခြမ်းရှိ ကျေးရွာများတွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ တစ်ရက်အတွင်း စစ်ကောင်တပ်၏ လက်နက်ကြီး အချက် ၃၀ ထက်မနည်း ကျရောက်ခဲ့ပြီး ဒေသခံများ ထိခိုက်မှုရှိနေကြောင်း…

လွိုင်ကော်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်နေ

ခမ်းသားငေါဝ်း၊ အောက်တိုဘာ ၃၁၊၂၀၂၃ လွိုင်ကော်မြို့အရှေ့ဖက်ခြမ်းနှင့် အနောက်ဖက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နေစဥ်ပစ်ခတ်နေကြောင်း ဒေသခံများ‌ ပြောပြချက်အရ သိရသည်။ ကယား (ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းဒေသ နှင့် အနောက်ဘက်ခြမ်းဒေသများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်မှ တစ်ရက်ကို ၆ ကြိမ်ထက်မနဲ လက်နက်ကြီးဖြင့် နေ့စဥ်ပစ်ခတ်နေကြောင်း သိရသည်။ ယခုကဲ့သို့ လက်နက်ကြီးပစ်ခတ်နေသည်မှာ ၂ လ…

၁၀၂၇ စစ်ဆင်ရေး (၃)ရက်မြောက်နေ့တွင် စစ်သုံ့ပန်း(၃၇)ဦးဖမ်းဆီးရပြီး စစ်ကောင်စီတပ်စခန်း(၂၁)ခု သိမ်းယူနိုင် ဟု MNDAA ဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၃၁၊၂၀၂၃ မြောက်ပိုင်းညီနောင်မဟာမိတ်များ MNDAA ၊ TNLA နှင့်ရခိုင်တပ်မတော်( AA )တို့၏ ၁၀၂၇ စစ်ဆင်ရေး (၃)ရက်မြောက်နေ့တွင် စစ်သုံ့ပန်း(၃၇)ဦးဖမ်းစီးရရှိခဲ့ပြီး စစ်ကောင်စီတပ်စခန်း(၂၁)ခုကိုလည်း သိမ်းယူနိုင်ခဲ့ကြောင်း အောက်တိုဘာ(၃၀)ရက်နေ့ MNDAA ထုတ်ပြန်ချက်အရသိရသည်။ ၁၀၂၇ စစ်ဆင်ရေး (၃)ရက်မြောက်နေ့တွင် တိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ကိုးကန့်ပြည်သူ့စစ်ထံမှ စစ်သုံ့ပန်း(၃၇)ဦးဖမ်းဆီးရမိခဲ့ပြီး နန်ကျွမ်းပြည်သူ့စစ်အဖွဲ့များကိုလည်း ပြန်လည်စည်းရုံးပြီး လူအင်အား(၃၀)ကျော်ဖြင့် (MNDAA…

တနိုင်ငံလုံးရှိပြည်သူများ၏ လိုလားချက်တစ်ခုဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရန် (၁၀၂၇)စစ်ဆင်ရေး စတင် ဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၇၊၂၀၂၃ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ၊ မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁) အုပ်ချုပ်ရေးကော်မတီ နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်စစ်‌ရေးကော်မတီ တို့က (၁၀၂၇)စစ်ဆင်ရေးနှင့် ပတ်သက်ပြီး ပြည်သူတစ်ရပ်လုံးအတွက် အိတ်ဖွင့်စာကို ယနေ့အောက်တိုဘာ (၂၇)ရက်နေ့တွင် ထုတ်ပြန်လိုက်ပါသည်။ အိတ်ဖွင့်စာထဲတွင် တနိုင်ငံလုံးရှိပြည်သူများ၏ လိုလားချက်တစ်ခုဖြစ်သော စစ်အာဏာရှင်စနစ်အား အမြစ်ပြတ်ချေမှုန်းတိုက်ထုတ်သွားရန်၊ စစ်ကောင်စီမှ ပြည်သူလူထုများ အကြမ်းဖက်သတ်ဖြတ်နေမှုများကို ကာကွယ်တားဆီးရန်နှင့် နိုင်ငံတော်အား ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးအစရှိသည်များကို…

ဒေါရောက်ခူးစစ်ရှောင်စခန်းတွင် စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်‌နေ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၇၊၂၀၂၃ ဒီမော့ဆိုအနောက်ဘက်ခြမ်း ဒေါရောက်ခူးစစ်ရှောင်စခန်းတွင် စစ်ရှောင်များအတွက် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်‌နေကြောင်း စစ်ရှောင်တစ်ဦး‌က အောက်တိုဘာ ၂၆ ရက်နေ့တွင် ပြောသည်။ အဆိုပါ စစ်ရှောင်စခန်းတွင် လူဦးရေ ၅၀၀၀‌ ကျော်ရှိပြီး စစ်ရှောင်ကာလကြာလာသည်နှင့်အမျှ အလှူရှင်များလျော့နည်းလာ၍ စားနပ်ရိက္ခာများလည်း လုံလောက်မှု မရှိကြောင်း သိရသည်။ “ကျွန်တော်တို့မှာ ဘာမှလုံလုံလောက်လောက်မရှိ‌ တော့ဘူး။ ဆန်၊ ဆီ၊…

ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုရှိ‌နေ၍ ဒေသခံများ စပါးရိတ်သိမ်းမရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ ဖယ်ခုံမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီမှလက်နက်ကြီးပစ်ခတ်မှုများရှိ‌နေသဖြင့် ဒေသခံများစပါးရိတ်သိမ်းရန်မသွားရဲပဲ စပါးပင်များပျက်စီးမည်ကို စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ကျေးရွာများတွင် အောက်တိုဘာလလောက်မှစပြီး တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုများရှိ‌နေသောကြောင့် ဒေသခံများ တောင်ယာသို့မသွားရဲသဖြင့် စပါးရိတ်သိမ်းရန်အခက်ခဲရှိနေကြောင်း သိရသည်။ ဖယ်ခုံ အခြေစိုက် ခမရ (၃၃၆) နှင့် မိုးဗြဲ ရေကာတာ…

ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ် လေယာဉ်ဖြင့် လာရောက်ဗုံးကြဲပြီး MNDAA တပ် နှင့် တိုက်ပွဲဖြစ်ပွား

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်ဒေသအတွင်း စစ်ကောင်စီတပ်က လေယာဉ်ဖြစ်လာရောက်ဗုံးကြဲတာကြောင့် နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း The KoKang ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့အောက်တိုဘာလ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် မန်တုံပရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် သုံးကြိမ်လာပစ်ခတ်ခဲ့ကြောင်း ဆိုထားသည်။ ထို့ပြင် ၁ နာရီ ၃၀ မိနစ်အချိန်တွင်လည်း ကွမ်လုံဒေသတွင် တပ်စွဲထားသည့်စစ်ကောင်တပ်က…

အရပ်သားလူနေအိမ်တွင် စစ်ကောင်စီက တပ်စွဲဂိတ်ဖွင့်ထားသဖြင့် မိသားစုဝင်များ ပြောင်းရွှေ့ရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ စစ်ကောင်စီတပ်သားများသည် အရပ်သားပြည်သူနေအိမ်တွင် စစ်ဆေးဂိတ်ဖွင့်တပ်စွဲထားသဖြင့် မိသားစုဝင်များက ကျေးရွာဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်​​​ရကြောင်း ပြောင်းရွှေ့နေထိုင်မိသားစုနှင့် နီးစပ်သူတစ်ဦးပြောပြချက်အရ သိရသည်။ ရွာငံမြို့နယ် ဘော်ရေဦးကျေးရွာမှ သိမ်ကုန်းကျေးရွာ သွားလမ်းမပေါ်ရှိ ဒေါ်နွဲ့ဦးနေအိမ်အား စစ်ကောင်စီတပ်သားများက ‌အောင်တိုဘာလ ၂၁ နေ့မှစပြီး ဂိတ်ဖွင့်တပ်စွဲထားကြောင်း စုံစမ်းသိရှိရပါသည်။ “အခုက သူတို့ရဲ့နေအိမ်မှာ မနေရဘူး ဒီတိုင်းမပြောမဆိုပဲ လာတပ်စွဲဂိတ်ဖွင့်တယ် စစ်သားတွေက” ဟု…

You missed