Category: နိုင်ငံရေး / တိုက်ပွဲ

ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာ နှင့် တောင်မဲသင်းကျေးရွာတွင် မိုင်းရှင်းလင်းရန်အတွက်ငွေကောက်ခံခြင်းမရှိဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊‌နန်းနိမ့်ကျေးရွာနှင့်တောင်မဲသင်းကျေးရွာရှိ နေရပ်ပြန်စစ်ရှောင်များထံ မိုင်းရှင်းလင်းရန်အတွက်ငွေကောက်ခံခြင်းမရှိကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ နေရပ်ပြန်စစ်ရှောင်ဒေသခံများသည် ဇူလှိုင်လလယ်ကတည်းက နေရပ်ပြန်လာကြပြီး ရွာပတ်ပတ်လည်ရှိ မိုင်းများကို မိုင်းအကြောင်းအနည်းငယ်သိရှိသူဒေသခံများက ကိုယ်တိုင်ရှင်းလင်းခဲ့ကြောင်းသိရသည်။ “တစ်ချို့က မိုင်းအကြောင်းနည်းပါးသိတဲ့သူရှိတယ်။သူတို့တွေဘဲရှင်းပေးတာ။ ပိုက်ဆံကောက်ပြီး ရှင်းပေးတာ ဘာညာတော့မရှိဘူး။”ဟု ဒေသခံတစ်ဦးက ခမ်းသားငေါင်းကိုပြောသည်။ ရွာသားများ ကိုယ်တိုင်မိုင်းရှင်းလင်းရာတွင် ထိခိုက်ဒဏ်ရာအချို့ရရှိခဲ့ပြီး ယ‌နေ့ချိန်ထိ မည်သည့်အဖွဲ့စည်းမှ မိုင်းရှင်းလင်းပေးခြင်းမရှိကြောင်းသိရသည်။ ဒေသခံတစ်ဦးကလည်း “သူတို့ကကျွမ်းကျင်လို့ရှင်းတာမဟုတ်ဘူးလေ။ဘာအကာကွယ်မှလည်း…

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး (၂၉၃) ဦးသေဆုံး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၆၊၂၀၂၃ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး (၂၉၃) ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက အောက်တိုဘာလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလ ၂၅ ရက်နေ့အထိ စစ်ကောင်စီကြောင့် နိုင်ငံတစ်ဝန်း အမျိုးသမီး (၂၉၃)ဦး သေဆုံးခဲ့ပြီး အဆိုပါ အရေအတွက်သည် လက်နက်ကြီးကျဉ်ကြောင့် သေဆုံးသူအရေအတွက်မှ အမျိုးသမီး(…

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က ဒေသခံလူငယ်များကို ဖမ်းဆီးပြီး ယနေ့ချိန်ထိ အဆက်သွယ်မရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၅၊၂၀၂၃ ရှမ်း-ကယား(ကရင်နီ)ပြည်နယ်စပ်ရှိ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က ဒေသခံလူငယ်များကို ဖမ်းဆီးပြီး ယနေ့ချိန်ထိ အဆက်သွယ်မရသေးကြောင့် ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးပြောပြချက်အရသိရသည်။ စက်တင်ဘာလ ၁၆ ရက်‌နေ့တွင် စစ်ကောင်စီတပ်က ဖုန်းနှင့် ဖုန်းထဲအသုံးပြုသည့် လူမှုကွန်ယက် ဖေစ်ဘုတ် များကို စစ်ဆေးပြီး ဒေသခံလူငယ် ၅ ဦး ကို ခိုင်လုံသည့်အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ်သွားခဲ့ကြောင်း သိရသည်။ “ဖုန်းမက်ဆေ့မှာ…

ရွာငံမြို့ ရေဦးရွာတွင် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ ပြည်သူများကို ရိုက်နှက်စစ်ဆေး

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊၂၀၂၃ ရွာငံ-ရေဦးလမ်း‌ပေါ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ပြည်သူများကို ရိုက်နှက်စစ်ဆေးမှုများရှိနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် ရေဦးကျေးရွာတွင် အောက်တိုဘာ ၂၁ ရက်နေ့က ယုံဗွေကွမ်းသီးခြံမှ ပြန်လာသော စစ်ကောင်စီယာဥ်တန်းများကို DPLF အဖွဲ့မှမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ဆေးရေးဂိတ်များချထားပြီး လမ်းသွားလမ်းလာပြည်သူများအား ရိုက်နှက်စစ်ဆေးပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့တွင်လည်း ဒေသခံအမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့်…

ဖယ်ခုံဒေသခံများ တောင်ယာသွားရန် စစ်ကောင်စီ လက်နက်ကြီးနှင့် မြေမြုပ်မှိုင်းအန္တရာယ်များကိုစိုးရိမ်နေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၄၊ ၂၀၂၃ ဖယ်ခုံမြို့နယ် အနောက်ဖက်ရှိ ဒေသခံများသည် တေင်ယာသွားရာတွင် စစ်ကောင်စီ၏ လက်နက်ကြီး နှင့် မြေမြုပ်မှိုင်းအန္တရာယ်များကို စိုးရိမ်နေရသည် ဟု ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်ရှိ ဒေသခံများသည် တောင်ယာသို့သွားရန် စစ်ကောင်စီ၏ လက်နက်ကြီး နှင့် မြေမြုပ်မှိုင်းအန္တရာယ်များကို စိုးရိမ်ကြောက်လန့်နေရကြောင်း ဒေသခံတစ်ဦးက အောက်တိုဘာလ၂၄ရက်နေ့တွင် ပြောသည်။ ဖယ်ခုံမြို့ အနောက်ဖက်ရှိ…

ယုံဗွေကွမ်းသီးခြံအပြန်မိုင်းဆွဲတိုက်ခိုက်ခံရသည့်စစ်ကောင်စီယာဥ်တန်း သေဆုံးသူ ၇ ဦးထိရှိဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၂၊ ၂၀၂၃ ယုံဗွေကွမ်းသီးခြံအပြန် မိုင်းဆွဲတိုက်ခိုက်ခံရ သည့် စစ်ကောင်စီ ယာဥ်တန်း သေဆုံးသူ စုစုပေါင်း ၇ ဦးထိရှိကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရွာငံမြို့နယ် ဘော်ရေဦးကျေးရွာနှင့် သိမ်ကုန်းကျေးရွာလမ်းကြားပိုင်းတွင် စစ်ကောင်စီယာဥ်တန်းကို အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းက ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးDPLF မှမိုင်းဆွဲတိုက်ခိုက်ခံခဲ့သည်ဟုသိရသည်။ ယာဥ်တန်းတွင်ပါလာသည့် တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ကြပ်မျိုးမင်းသူသည် ပွဲချင်းပြီးသေဆုံးခဲ့ပြီး…

ဖရူဆိုတွင် တောင်သူတစ်ဦး မြေပဲနှုတ်နေစဉ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်၊ ပြင်းထန်စွာဒဏ်ရာရရှိ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊၂၀၂၃ ကယား(ကရင်နီ)ပြည် ၊ဖရူဆိုမြို့နယ်၊ဒေါ့ညေးခူရွာ တောင်သူတစ်ဦးသည် မြေပဲနှုတ်နေစဉ် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။ အောက်တိုဘာ ၂၀ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး အဆိုပါဒေသခံတစ်ဦးသည် စစ်ရှောင်ရာကနေ အိမ်ပြန်လာပြီး စိုက်ပျိုးထားသည့် တောင်ယာခြံစိုက်ခင်းများကို ပြန်သိမ်းနေရင်း မိုင်းနင်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တယ်။ ခြေထောက်တစ်ဖက်ပြတ်တယ်။ လက်နဲ့မျက်နှာလည်းမိုင်ကွဲစ တွေ ယမ်းတွေ ထိလို့…

ဒေါရောက်ခူးစစ်ရှောင်စခန်းတွင်‌ တုတ်ကွေးရောဂါဖြစ်ပွားကူးစက်မှုမြန်‌နေသဖြင့် စာသင်‌‌ကျောင်းပိတ်ထားရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊၂၀၂၃ ဒီမော့ဆိုအနောက်ဘက်ခြမ်း ဒေါရောက်ခူးစစ်ရှောင်စခန်းတွင်‌ တုတ်ကွေးရောဂါဖြစ်ပွားမှုများပြီး ကူးစက်မှုနှုန်းမြန်‌သဖြင့် စာသင်‌‌ကျောင်းပိတ်ထားရကြောင်း စစ်ရှောင်‌ဆရာမတစ်ဦး‌ပြောပြချက်အရ သိရသည်။ ယင်းစစ်ရှောင်စာသင်ကျောင်းကိုအောက်တိုဘာလ ၁၈ ရက်နေ့ကစပြီး အောက်တိုဘာလ၂၃ ရက်ထိ‌ ရောဂါကြောင့် ယာယီပိတ်ထားကြောင်း သိရသည်။ ” စာသင်‌ကျောင်းမှာ ဆရာရော၊ ကလေးရောဖျားကြတယ်။ တစ်ချို့အတန်းဆိုကလေးက သုံးယောက်နဲ့ တစ်‌ကျောင်းလုံးမှာ ၁၅ ဦးတောင်မရှ်ိဘူး။အကုန်ဖျားကြတာ။‌‌ “ဟု စစ်ရှောင်ဆရာမတစ်ဦးက ပြောသည်။…

ချို့ꩻထီ၊ ဟမ်ႏဖြေင်း(ဆတ်သေ၊ မြေမဲ)ကျေးရွာတွင် SSPP/SSA မှ ဆန်အပုံး ၈၀၀ တောင်းလာ၍ ဒေသခံများ အခက်အခဲကြုံတွေ့နေရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊၂၀၂၃ ချို့ꩻထီ၊ ဟမ်ႏဖြေင်း(ဆတ်သေ၊ မြေမဲ)ကျေးရွာတွင် SSPP/SSA အဖွဲ့က ဆန်အပုံး ၈၀၀ တောင်းလာသဖြင့် ဒေသခံများအခက်အခဲကြုံရကြောင်း စုံစမ်းသိရှိရပါသည်။ ချို့ꩻထီ၊ ဟမ်ႏဖြေင်း(ဆတ်သေ၊ မြေမဲ)ကျေးရွာတွင် SSPP/SSA မှ ယမန်နေ့အောက်တိုဘာ ၂၀ ရက်နေ့မှာ ကျေးရွာတာဝန်ရှိသူများအား ဆင့်ခေါ်ပြီး ဆန်အပုံး ၈၀၀ တောင်းလာသည့်အတွက် ဒေသခံများအခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။ ကျေးရွာတာဝန်ရှိသူများအနေဖြင့် အဆိုပါ…

ယုံဗွေကွမ်းသီးခြံမှ ပြန်လာသည့်စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၁၊၂၀၂၃ ယုံဗွေကွမ်းသီးခြံတွင် စခန်းချပြီး ပြန်လာသည့်စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ ရွာငံမြို့နယ် တပင်ပျော်၊ ငှက်သောက်ကျေးရွာရှိ ယုံဗွေကွမ်းသီးခြံတွင် စစ်ကောင်စီတပ်သား ၂၀၀ခန့်သည် သွားရောက်စခန်းချပြီး အောက်တိုဘာ ၂၁ ရက်နေ့ နံနက် ၈ နာရီအချိန် အပြန်ရေဦးလမ်းမကြီးတွင် တိုက်ခိိုက်ခံရခြင်း ဖြစ်သည်။ အဆိုပါ…