Category: နိုင်ငံရေး / တိုက်ပွဲ

“၁၁.၁၁စစ်ဆင်ရေး”တွင် ကရင်နီပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၇ ခုကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များ သိမ်းပိုက်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၁၊၂၀၂၃ ကရင်နီပြည်နယ်၊ တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များ ဖြစ်သည့် KA ၊ KNDF ၊ KNPLF ၊ DMO PDF ၊ Loikaw PDF ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ မြို့ပြပျောက်ကျားတပ် နှင့် ရှမ်းတောင် PDF တို့ အတူပါဝင်၍…

မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီး ပိတ်ထားမှုနှစ်ပတ်နီးပါးကြာတွင် ဒေသခံများ အခက်အခဲကြုံ တွေ့လာရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၀၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီးပိတ်ဆို့ထားသောကြောင့် ဒေသခံများအတွက် အခက်အခဲပိုများလာရကြောင့် နမ့်ခမ်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ပြည်ထောင်စုလမ်းမကြီးပိတ်ထားသဖြင့် စားသောက်ကုန်များနှင့် ကုန်ပစ္စည်းအမျိုးမျိုး သယ်ယူပို့ဆောင်ရေး၊ ရောင်းဝယ်တင်ပို့ရေး သွားလာမရသောကြောင့် ဒေသခံများ အခက်အခဲပိုကြုံတွေ့ ရင်ဆိုင်နေရကြောင်း ဆိုသည်။ “ကုန်ဈေးနှုန်းတွေမြင့်တက်လာပြီး အခက်အခဲတွေကြုံတွေ့နေကြတယ်။ တချို့သူတွေက ကြက်ဥဈေးကြီးလွန်းလို့ မဝယ်စားနိုင်တဲ့ လူလတ်တန်းစားတွေအများကြီးပဲ၊ တချို့နေရာဆိုရင် ခရမ်းချဉ်သီးလုံးဝမရှိတော့ဘူး”…

“၁၀၂၇စစ်ဆင်ရေး”အား ဥပဒေအထောက်အကူပြုကွန်ရက်က ဥပဒေကြောင်းအရ အသိအမှတ်ပြုကြိုဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၀၊၂၀၂၃ မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ဦးဆောင်သည့် “၁၀၂၇စစ်ဆင်ရေး”အား ဥပဒေအထောက်အကူပြုကွန်ရက်က ဥပဒေကြောင်းအရ အသိအမှတ်ပြုကြိုဆိုကြောင်း ထုတ်ပြန်ထားပါသည်။ မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ဦးဆောင်သည့် “၁၀၂၇စစ်ဆင်ရေး”နှင့် ပြည်နယ်အသီးသီးရှိတိုင်းရင်းသား EROS၊ NUG /PDFs၊ KDFs တို့ဖော်ဆောင်လျက်ရှိသော ဗျူဟာမြောက်ပူးတွဲစစ်ဆင်ရေးအား ဥပဒေအထောက်အကူပြုကွန်ရက်က ဥပဒေကြောင်းအရ အသိအမှတ်ကြိုဆိုကြောင်း ယမန်နေ့ နိုဝင်ဘာ(၉)ရက်နေ့တွင် ထုတ်ပြန်သည်။ “၁၀၂၇စစ်ဆင်ရေး” နှစ်ပတ်အတောအတွင်း ညီနောင်မဟာမိတ်(၃)ဖွဲ့တို့သည် စစ်ကောင်စီတပ်စခန်းကြီး/ငယ် ပေါင်း (၁၃၀)ကျော်နှင့်…

တောင်မဲသင်းဒေသတွင် စစ်ကောင်စီ လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်နေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၉၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် တောင်မဲသင်းဒေသတွင် စစ်ကောင်စီက ယနေ့မနက်ပိုင်း အထိ တစ်ဖက်သက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။ ဖယ်ခုံမြို့ရှိ အမြှောက်တပ်မှ တောင်‌‌မဲသင်း ကျေးရွာဖက်ကို လက်နက်ကြီးပစ်ခတ်လာပြီး ယမန်နေ့ နိုဝင်ဘာ ၈ ရက်နေ့ ည ၄ နာရီအချိန်တွင် ၄ ကြိမ်၊ ည ၉ နာရီကျော်တွင်…

နမ်းခမ်းမြို့လယ်ဘုရားဝန်းတွင် စခန်းချသည့်စစ်တပ် နှင့် ပြည်သူ့စစ်များကို TNLA ကဝင်စီးရာစစ်သုံ့ပန်း ၁၇ ဦး ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၉၊၂၀၂၃ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့လယ်ဘုရားဝန်းတွင် စခန်းချနေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များအား တအာင်းတပ်မတော် TNLA မှဝင်စီးပြီး စစ်သုံ့ပန်း ၁၇ ဦး ဖမ်းဆီးခဲ့ကြောင်းနမ့်ခမ်းမြို့ခံတစ်ဦး‌က ပြောဆိုသည်။ စစ်ကောင်စီတပ်သား နှင့်ပြည်သူ့စစ်များထံမှ လက်နက်ခဲယမ်းများ စစ်ပစ္စည်းအသုံးအဆောင်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ “အရှင် ၁၇ ယောက်မိတယ်လို့ပြောတယ်။ ပစ်ခတ်​နေတုန်းပါ၊နမ့်ခမ်းရှိ စစ်ကောင်စီစခန်းကြီးတစ်ခုသိမ်းရဖို့ TNLAကြိုးပမ်းနေတယ်။ မနေ့ညထိတော့ကြားရတယ်” ဟု…

စစ်ရေးကို ယခုထက်ပိုမိုထိရောက်စေရန် ဟန်ချက်ညီညီဖြင့် လုပ်ဆောင်သွားမည်ဟု ညီနောင်မဟာမိတ်(၃)ဖွဲ့ ဆို

ခမ်းသားငေါဝ်း နိုဝင်ဘာ ၉၊၂၀၂၃ “၁၀၂၇စစ်ဆင်ရေး” စစ်‌ဆင်‌ရေးတွင် စစ်ရေးကို ယခုထက်ပိုမိုထိရောက်စေရန် ဟန်ချက်ညီညီဖြင့် လုပ်ဆောင်သွားမည်ဟု ညီနောင်မဟာမိတ်(၃)ဖွဲ့က နိုဝင်ဘာလ(၈)ရက်နေ့တွင် ထုတ်ပြန်ထားသည်။ မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့ (MNDAA/TNLA/AA) တို့စတင်ခဲ့သော “၁၀၂၇စစ်ဆင်ရေး” သည် နိုဝင်ဘာလ(၈)ရက်နေ့၌ (၁၃)ရက်မြောက်နေ့ရှိပြီဖြစ်ပြီး စစ်ရေးကိုယခုထက်ပိုမိုထိရောက်စေရန် စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်ကြသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဟန်ချက်ညီညီဖြင့် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။ “၁၀၂၇စစ်ဆင်ရေး”အတွက် အထောက်အကူဖြစ်စေပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) သည်လည်း…

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် တောင်မဲသင်း၊နမ်းနိမ့်၊လုံးပျဉ် ဒေသခံများ ထိတ်လန့်နေကြ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၈၊၂၀၂၃ ပင်လောင်းတောင်ဖက် တောင်မဲသင်း၊ နမ်းနိမ့်၊ လုံးပျဉ် ဒေသတွင် စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှု‌ကြောင့် ဒေသခံများ ထိတ်လန့် ကြောက်ရွံ့နေကြရကြောင်း‌ ဒေသခံတစ်ဦး‌ ပြောဆိုချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းတောင်ဖက် တောင်မဲသင်း၊ နမ်းနိမ့်၊ လုံးပျဉ် ကျေးရွားများသို့ ယနေ့ နိုဝင်ဘာ ၈ ရက်နေ့တွင် ဖယ်ခုံမြို့ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်သဖြင့် ဒေသခံများ…

စစ်ကောင်စီ တပ်စခန်း (၃)ခု သိမ်းယူခဲ့ပြီး သံချပ်ကာတင့်ကား(၁)စီးကိုလည်း MNDAA ထပ်မံသိမ်းဆည်းရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၈၊၂၀၂၃ ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ နှင့် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း ၂ ခု အပါအဝင် တပ်စခန်း ၃ ခုကို MNDAA က နိုဝင်ဘာလ ၇ ရက်နေ့တွင် ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)သည် ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသ နှင့် တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်းကို ထိုးစစ်တိုက်ခိုက်ပြီး…

စစ်ကိုင်းတိုင်း တမူးခရိုင်ရှိ ခမ်းပတ်မြို့ကို KIA၊ PDF ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

ခမ်းသားငေါဝ်း နိုဝင်ဘာလ ၇၊၂၀၂၃ စစ်ကိုင်းတိုင်းရှိ တမူးခရိုင်၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ နိုဝင်ဘာလ (၇) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင်…

ရှမ်းမြောက်တိုက်ပွဲတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၂၄ ဦးသေဆုံး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၇၊၂၀၂၃ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီမှလေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၂၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့များ အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၆ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု၊ အသက်သေဆုံးမှုနှင့် နေအိမ်များထိခိုက်ပျက်စီးမှုများ…