Category: နိုင်ငံရေး / တိုက်ပွဲ

နမ္မတူတွင် မပေါက်ကွဲသေးသည့်လက်နက်ကြီးကိုယူဆော့ရာမှ ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးသေဆုံး၊တစ်ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း မတ် ၃၊၂၀၂၄ တောင်သုံးလုံးကျေးရွာတွင်မပေါက်ကွဲသေးသည့် လက်နက်ကြီးကို ယူလာဆော့ကစားရာမှ ပေါက်ကွဲပြီး ကလေးတစ်ဦးပွဲချင်းပြီးသေဆုံး၊ တစ်ဦး ဒဏ်ရာရခဲ့ကြောင်းဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းမြောက်ပိုင်း နမ္မတူမြို့နယ် တောင်သုံးလုံးကျေးရွာတွင် မတ်လ ၃ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်က အသက်…

စစ်ကောင်စီ လေယာဥ်ဗုံးကြဲခြင်းကြောင့် ပုံးအယ် ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်း ပျက်စီး

ခမ်းသားငေါဝ်း မတ်လ၂၊ ၂၀၂၄ စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပုံးအယ် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း မီးလောင်ပြာကျသွားကြောင်း ပုံးအယ်ရွာဒေသခံတစ်ဦးကပြောသည်။ ဟိုပုံးမြို့နယ် တောင်ကြီး မိုင်းပွန်သွားလမ်းဘေးရှိ ပုံးအယ်ရွာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို ဖေဖော်ဝါရီ ၂၅ ရင်နေ့က စစ်ကောင်စီ…

ဆီဆိုင်မြို့တွင်း ပစ္စည်းပြန်ယူစဉ် ဒရုန်းနဲ့ဗုံးကြဲခံရပြီး ဒဏ်ရာရသူတစ်ချို့ ဆေးကုသခွင့်မရ

ခမ်းသားငေါဝ်း မတ် ၂၊ ၂၀၂၄ ဆီဆိုင်မြို့တွင်းသို့ ပစ္စည်းများ ပြန်ယူစဉ် ဒရုန်းဖြင့် ဗုံးကြဲခံရပြီး ဒဏ်ရာရသူတစ်ချို့ ဆေးကုသခွင့်မရနေကြောင်း မိသားစုဝင်ထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင်းသို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မြို့တွင်း ပစ္စည်း…

မိုင်းပွန် – တောင်ကြီးလမ်းပြန်ဖွင့်ပေးသော်လည်း တိုက်ပွဲဖြစ်နေ၍ ခရီးသွားလာသူများစိုးရိမ်နေရ

ခမ်းသားငေါဝ်း မတ် ၁၊ ၂၀၂၄ လွိုင်လင်၊ မိုင်းပွန်- တောင်ကြီးလမ်းကို ပြန်လည်ဖွင့် လိုက်သော်လည်း တိုက်ပွဲဖြစ်ပွားနေ၍ ဒေသခံနှင့် ကားသမားများစိုးရိမ် နေကြကြောင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။ ဟိုပုံးမြို့နှင့် မိုင်းပွန်မြို့ကြားတိုက်ပွဲကြောင့် လွိုင်လင် မိုင်းပွန် တောင်ကြီးပြည်ထောင်စု…

နန်းတုတ်ရွာကို စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်၍ အမျိုးသမီးတစ်ဦးဒဏ်ရာရ ၊ နေအိမ်သုံးလုံးပျက်စီး

ခမ်းသားငေါဝ်း မတ် ၁၊ ၂၀၂၄ နန်းတုတ်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်သုံးလုံးပျက်စီး ခဲ့ကြောင်း ရွာခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုတ်ရွာတွင် ဖေဖော်ဝါရီ ၂၉ ရက် ည ၅…

ရွာငံမြို့တွင်းဖွင့်လှစ်သည့် လောင်းကစားဝိုင်းကို Yawngan PDF (JPRF)မှ ဝင်ရောက်ဖမ်းဆီး

ခမ်းသာငေါဝ်း ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄ ရွာငံမြို့နယ်တွင်းဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများကို Yawngan PDF (JPRF)မှ ဝင်ရောက်ဖမ်းဆီးခြင်းပြုလုပ်ခဲ့ကြောင်း Yawngan PDF (JPRF)ရဲ့ ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့ မြိုင်တိုက်နယ် မြောက်လက်ကုန်းကျေးရွာတွင် ဘောလုံးအားကစားကို…

စစ်သင်တန်း၌ပအိုဝ်းဝတ်စုံဖြင့် အသုံးပြုခြင်းကို ပအိုဝ်းစာပေယဉ်ကျေးမှုဗဟိုနှင့် သံဃာများကန့်ကွက်သင့်ကြောင်း ကျေးရွာပအိုဝ်းရပ်မိရပ်ဖအချို့ပြောဆို

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၉၊၂၀၂၄ ပအိုဝ်းအမျိုးသားဝတ်စုံကို PNO ပြည်သူ့စစ်သင်တန်း၌ စစ်ရေးပြ အသုံးပြုခြင်းနှင့်ပတ်သက်ပြီး ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုဗဟို၊ ပအိုဝ်းသံဃာတော်များအနေဖြင့်ကန့်ကွက်သင့်ကြောင်းကျေးရွာ ပအိုဝ်းရပ်မိရပ်ဖ အချို့ကပြောဆိုသည်။ ပအိုဝ်းအမျိုးသားရေးတွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအပြင် ပအိုဝ်းရဟန်းတော်သံဃာတော် ဆရာတော်များလည်း အထူးအရေးပါသဖြင့် ယင်းအပေါ်ကို ပအိုဝ်းတမျိုးသားလုံး၏…

ပင်လုံ-ကျောက်တန်းလမ်းကို စစ်ကောင်စီက ပိတ်လိုက်ဖွင့်လိုက်လုပ်နေသည့်အတွက်ကြောင့် ကားတန်းများ ထပ်မံပိတ်မိနေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထမ်းစန်းဂူနှင့် ပင်လုံကို ဆက်သွယ်ထားသော ပင်လုံ- ကျောက်တန်းလမ်းကို စစ်ကောင်စီက ပိတ်လိုက်ဖွင့်လိုက်ပြုလုပ်နေ​ခြင်း ကြောင့် ကားများတန်းစီ၍ ထပ်မံပိတ်မိနေကြောင်း သိရသည်။ မိုင်းပွန်တိုက်ပွဲကြောင့် တောင်ကြီး-တာချီလိတ်သွားရာလမ်းကို ပိတ်ထားပြီး ပြည်သူများက…

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် လွယ်ဝိုးတုတ်ရှိ လျှပ်စစ်ဓာတ်တိုင်များပျက်စီး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၉၊ ၂၀၂၃ စစ်ကောင်စီက လေကြောင်းခိုက်မှုကြောင့် ဖေဖော်ဝါရီ ၂၈ ညပိုင်း ၁၀ ရာရီခွဲကျော်ခန့်က လွယ်ဝိုးတုတ်ရှိ လျှပ်စစ်ဓာတ်တိုင်များ ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာတွင် စစ်ကောင်စီက အကြောင်းမဲ့…

စစ်ကောင်စီကလေယာဥ်ဖြင့်မီးလောင်ဗုံးကြဲချ၍ ပင်လျမ်းဘုန်းတော်ကြီးကျောင်းမီးလောင်ပျက်စီး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီလ ၂၈၊ ၂၀၂၄ တိုက်ပွဲ မဖြစ်ပွားဘဲ အကြောင်းမဲ့ စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်၍ ပင်လျမ်းဘုန်းကြီးကျောင်းမီးလောင်ပျက်စီးသွားကြောင်းသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ပင်လျမ်းဘုန်းကြီးကျောင်းကို စစ်ကောင်စီက ယနေ့နေ့လည် ၁၂း၀၀ နာရီခန့်တွင် မီးလောင်ဗုံးဖြင့်…