Category: နိုင်ငံရေး / တိုက်ပွဲ

နမ့်ခမ်းစခန်းသစ်ကုန်းကို ပို့ဆောင်သည့်စစ်ကောင်စီ စစ်ကူTNLAတိုက်ခိုက်ပြီး အရာရှိများဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၇၊ ၂၀၂၃ နမ့်ခမ်းစခန်းသစ်ကုန်းမကျဆုံးဖို့အတွက် စစ် ကောင် စီမှပို့လိုက်သည့် စစ်ကူများထဲမှ ဗိုလ်မှူးအဆင့်အပါအဝင် စစ်သုံ့ပန့်များ ဖမ်းဆီးရမိကြောင်းသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ နမ့်ခမ်းစခန်းသစ်ကုန်း မကျဆုံးရန်အတွက် စစ်ကောင်စီမှ ရဟတ်ယာဉ်ဖြင့် စစ်ကူများ ပို့ဆောင်လိုက်သည့် စစ်ကူအင်းအားများကို TNLA မှ လိုက်လံတိုက်ခိုက်ရာဗိုလ်ကြီးအဆင့်ရှိသူသေဆုံးပြီး ၄ ဦးကိုအရှင်ဖမ်းဆီးရမိကြောင်း ဒီဇင်ဘာ၁၆ ရက်နေ့က TNLA ထုတ်ပြန်ထားသည်။…

နမ့်ဆန်မြို့သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးနှင့်လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား လေးဦး သေဆုံး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၆၊၂၀၂၃ နမ်ဆန်မြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီးနှင့်လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်မြှောက်ပိုင်း နမ်ဆန်မြို့ကို တအာင်းတပ်မတော် TNLAက သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦး ပြောပြချက်အရသိရသည်။ နမ်ဆန်မြို့ကို…

ရွာငံမြို့အဝင်ရှိ စစ်ကောင်စီဂိတ်တွင် ဖြန်သန်းသွားလာပြည်သူများကို ငွေအလွန်အကျွံတောင်းခံနေသဖြင့် ဒေသခံများအခက်ခဲကြုံတွေ့ရ ဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၆၊၂၀၂၃ ရွာငံမြို့အဝင်ရှိ စစ်ကောင်စီဂိတ်တွင် ဖြန်သန်းသွားလာပြည်သူများကို ငွေအလွန်အကျွံတောင်းခံနေသဖြင့် ဒေသခံများ အခက်ခဲများကြုံတွေ့ရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့အဝင်ရှိ စစ်ကောင်စီဂိတ်တွင် ဖြန်သန်းသွားလာပြည်သူများကို ငွေအလွန်အကျွံတောင်းခံနေသဖြင့် ဒေသခံများ အတွက် အခက်ခဲများကြုံတွေ့ရကြောင်း ဒေသခံတစ်ဦးက ယနေ့တွင် ပြောဆိုသည်။ အဆိုပါဂိတ်တွင် ဖြတ်သန်းသွားသည့်ဒေသခံများကို ဆိုင်ကယ်ကအစ စစ်ဆေးပြီး မှတ်ပုံတင်မပါသူများအား ပိုက်ဆံတောင်းခြင်း၊ စကားရစ်ခြင်းနှင့် တိုင်ရင်းသားအမျိုးသမီးငယ်များကို ထိကပါး…

ကလေးများအပါအဝင် ပြည်သူ ၆၀ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး ဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၄၊၂၀၂၃ အသက်(၁၈)နှစ်မပြည့်သေးသည့်ကလေးများအပါအဝင် ပြည်သူ ၆၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ရက္ခိုင်ပြည်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ရက်နေ့ နှင့် ၁၂ရက်နေ့တွင် အသက်(၁၈)နှစ်မပြည့်သေးသည့်ကလေးများအပါအဝင် ပြည်သူ ၆၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း AA Info Dask မှ ယနေ့ဒီဇင်ဘာ ၁၄ ရက်နေ့တွင် လူနာမည်စာရင်း…

စစ်ကောင်စီတပ်မှ ပြည်သူလူထုနေရာများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ဒေသခံနေအိမ်များ ထိခိုက်ပျက်စီး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၄၊၂၀၂၃ စစ်ကောင်စီတပ်၏ ပြည်သူလူထုနေရာများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ဒေသခံနေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း စစ်ကောင်စီတပ်မှ ပြည်သူလူထုနေရာများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ဒေသခံနေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရကြောင်းTNLA က ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ နမ့်ဆန်မြိုနယ်တွင် စစ်ကောင်စီ…

နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ(၁)ဦးသေဆုံးပြီး နေအိမ်(၁၆)လုံးပျက်စီး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၃၊၂၀၂၃ နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ(၁)ဦးသေဆုံးပြီး နေအိမ်(၁၆)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းတပ်မတော် PSLF/TNLA ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းမြောက် နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး စေတီပုထိုး၊ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း TNLAက ယနေ့ဒီဇင်ဘာလ(၁၃)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ နမ့်ဆန်မြို့နယ်တွင် ဒီဇင်ဘာလ(၁၀)ရက်နေ့မှ စကာ တအာင်းတပ်မတော် PSLF/TNLA နှင့်…

ထီရီးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး ကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၃၊၂၀၂၃ ထီရီးကျေးရွာအနီးတွင် တိုက်ပွဲထပ်မံဖြစ်ပွားမှုရှိနေပြီး ရွာသူရွာသားများက ကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ထီရီးကျေးရွာတောင်ဘက်ရှိ ဆောင်းနန်းခဲတွင် ပြီးခဲ့သည့်နှစ်ရက်အတွင်း တိုက်ပွဲထပ်မံဖြစ်ပွားနေပြီး ဒေသခံရွာသူ/သားများက ကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်ကြ၍ ဘေးလွတ်ရာ နီးစပ်ရာကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတစ်ဦးက ယနေ့တွင် ပြောဆိုသည်။ “ညဘက်ဆိုရှောင်နေရတယ်။…

တပ်မတော်သားများအနေဖြင့် စစ်ကောင်စီဘက်ရပ်တည်မည့်အစား ပြည်သူဘက်ရပ်တည်ရန် IEC ဥက္ကဌပြော

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၃၊၂၀၂၃ ကယား(ကရင်နီ)ပြည်အတွင်းရှိ တပ်မတော်သားများနှင့် ဝန်ထမ်းများအားလုံး ယနေ့တိုင်းပြည် အခက်ခဲဆုံးအခြေနေ ရောက်ရှိသည့်အချိန်တွင် စစ်ကောင်စီဘက် ရပ်တည်မည့်အစား ပြည်သူဘက်ကို ရပ်တည်ကြရန် ထပ်လောင်းတိုက်တွန်းကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၏ ဒု-ဥက္ကဌခွန်း ဘီထူးက ပြောသည်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)မှတစ်ဆင့် “ဘက်ပြောင်းရေး အစီအမံ”စီမံကြီးကြပ်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းထားကြောင်းလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်အသိပေးထားသည်။ “တပ်မတော်သားတွေဖက်ကတော့…

ပလက်ဝမြို့ရှိ စစ်ကောင်စီ၏ နှုံးဘူးဗျူဟာကုန်းကို ရက္ခိုင့်တပ်တော်(AA)ထပ်မံသိမ်းပိုက်

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၂၊၂၀၂၃ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ် “နှုံးဘူးဗျူဟာကုန်း”ကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ် အခိုင်အမာအထိုင်ချထားသည့် “နှုံးဘူးဗျူဟာကုန်း”ကို ရက္ခိုင့်တပ်တော်(AA)က ဒီဇင်ဘာလ ၁၀ ရက်နေ့ ညသန်းခေါင် ၁၁နာရီ ၄၅ မိနစ်အချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း AA သတင်းနှင့်ပြန်ကြားရေးက ဒီဇင်ဘာ ၁၁ ရက်နေ့တွင်…

ဗန်းမောက်ကျေးရွာအနီး တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး ဒေသခံများတောင်သူများ ခြံမသွားရဲ

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၁၂၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း-ဖယ်ခုံ နယ်စပ်ရှိ ဗန်းမောက်ကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများ ခြံယာမသွားရဲ ဖြစ်နေရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ဗန်းမောက် ကျေးရွာအနီးတစ်ဝိုက် ပြီးခဲ့သည့်နိုဝင် ဘာလတွင် တိုက်ပွဲအနည်းငယ်ဖြစ်ပွားပြီး‌နောက် ဖယ်ခုံရှိ စစ်ကောင်စီတပ်က နေ့စဉ် လက်နက်ကြီးပစ်ခတ်ခဲ့ပြီး ယခု ဒီဇင်ဘာလ ၄ ရက်နေ့တွင် တိုက်ပွဲ ပြန်လည် ပြင်းထန် နေကြောင်း…

You missed