Category: နိုင်ငံရေး / တိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းဟောင်းအနီးရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်း (၈)ခုကို (K.N.L.A)ချေမှုန်းရှင်းလင်း

ခမ်းသားငေါဝ်း ဇန်နဝါရီ ၄၊၂၀၂၄ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ကညွတ်ကွင်းမြို့အနီးရှိ တောင်ဂုန်းတဲရွှာအနီးမှ စစ်ကောင်စီတပ်၏ ကာကင်းစခန်း (၈) ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်ပြီး လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များနှင့် ပူးပေါင်း တပ်များက တိုက်ခိုက်ချေမှုန်း ရှင်းလင်းခဲ့ကြောင်း ကေအဲန်ယူက ယနေ့တွင် ထုတ်ပြန်ထားပါသည်။ ယနေ့ ဇန်နဝါရီလ(၄)ရက်နေ့တွင် ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရထားလမ်းနှင့် စစ်ကောင်စီ၏ စခန်းအနီးအနားတွင်…

စစ်ကောင်စီတပ်က မြေပြင်၌ အသာစီးမရသဖြင့် လက်နက်ကြီးရာချီပစ်ခတ်ပြီး ပြည်သူကိုခြိမ်းခြောက်‌နေ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၊၂၀၂၄ ကယား(ကရင်နီ)ပြည် မြို့တော်လွိုင်ကော်အတွင်း စစ်ကောင်စီတပ်က မြေပြင်၌ အသာစီးမရသဖြင့် လက်နက်ကြီးရာချီပစ်ခတ်ပြီး ပြည်သူကိုခြိမ်းခြောက်‌နေခြင်းဖြစ်ကြောင်း KNDF သတင်းပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။ ဇန်နဝါရီ ၁ ရက်နေ့တွင် လွိုင်ကော်မြို့အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီ၏ ခလရ ၂၅၀ တပ်မှ ၁၂၀၊ ၁၂၂ မမ လက်နက်ကြီးများဖြင့် အကြိမ်ရေ ၁၀၀ ကျော်ပစ်ခတ်မှုကြောင့် ရပ်ကွက်အတွင်းလူနေအိမ်များ…

တော်လှန်ရေးအင်အားစုများ မဟာဗျူဟာမြောက်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန် အထူးလိုအပ်ကြောင်း PNFC ဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၊၂၀၂၄ တော်လှန်ရေးအောင်ပွဲ မြန်မြန်ဆန်ဆန်ရရှိရန် စစ်ကိုင်းဖိုရမ်အပါအဝင် တော်လှန်ရေးအင်အားစုများက Strategic Communication -မဟာဗျူဟာမြောက်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန် အထူးလိုအပ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ဒီမိုကရေစီ (PNFC)က ယနေ့ဇန်နဝါရီလ(၃)ရက်နေ့တွင် ဆိုထားပါသည်။ မိမိတို့၏ တော်လှန်ရေးအောင်ပွဲ မြန်မြန်ဆန်ဆန်ရရှိရေး၊ ပီပြင်ခိုင်မာသောအောင်ပွဲဖြစ်ရေးအတွက် စစ်ကိုင်းဖိုရမ်အပါအဝင် တောင်လှန်‌ရေးအင်အားစုများအားလုံးက Strategic Communication -မဟာ ဗျူဟာမြောက်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန် အထူးလိုအပ်ကြောင်း ဒုတိယအကြိမ် စစ်ကိုင်းဖိုရမ်သို့ ပေးပို့သည့်ဂုဏ်ပြုသဝဏ်လွှာတွင် (PNFC)က…

စစ်ကောာင်စီတပ်က ပြည်ထောင်စုလမ်းမကြီးကို ပိတ်ထားသဖြင့် ဖယ်ခုံမြို့ထဲ ဒေသခံများ ပိတ်မိနေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၊၂၀၂၄ စစ်ကောာင်စီတပ်က ပြည်ထောင်စု လမ်းမကြီးကို ပိတ်ထားသဖြင့် ဖယ်ခုံမြို့ထဲ ဒေသခံများ ပိတ်မိနေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် တိုက်ပွဲပြင်းထန်‌ပြီး စစ်ကောင်စီ ပစ်ခတ်သည့်လက်နက်ကြီးထိမှန်မှုကြောင့် ကုန်ဆုံကျေးရွာ ဘုန်းကြီးကျောင်း ပျက်စီးကာ၊ မထွက်နိုင်သည့် ဒေသခံများစွာလည်း ပိတ်မိနေသေးကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ လက်ရှိတွင် စစ်ကောာင်စီတပ်သည် ဖယ်ခုံမြို့နယ် ကုန်ဆုံကျေးရွာ မှ…

အစုလိုက်အပြုံလိုက်​ပြည်သူသတ်ဖြတ်ခံရမှု တဖြည်းဖြည်း မေ့ပျောက်သွားခြင်းမျိုး အဖြစ်မခံဘူးဟု IEC ပြော

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၅၊၂၀၂၃ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရသည့်အပြစ်မဲ့ပြည်သူနှင့် ကျန်ရစ်မိသားစုများအတွက်တရားမျှတမှုမရပဲ တဖြည်းဖြည်း မေ့ပျောက်သွားခြင်းမျိုး အဖြစ်မခံနိုင်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)မှ ဒီဇင်ဘာ ၂၅ ရက်နေ့ ခမ်းသားငေါဝ်းကိုပြောသည်။ ကရင်နီပြည် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး၌ ၂၀၂၁ ခု ဒီဇင်ဘာ၂၄ ရက်နေ့တွင် အသက် ၁၈ မပြည့်သေးသောလူငယ် ၃ဦးနှင့် လူမှုရေးအဖွဲ့အစည်းဝန်ထမ်း ၂ဦး၊ အရပ်သား (၄၅)ဦးနှင့် နယ်ခြား စောင့်တပ်ဖွဲ့ဝင်…

စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် စစ်ရှောင် ပြည်သူ ၂ ဦးထိခိုက်သေဆုံး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၅၊ ၂၀၂၃ ဖယ်ခုံသို့ ပြောင်းဖူးပြန်သယ်သည့် စစ်ရှောင်ပြည်သူများ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်​ခြင်းကြောင့် ယာဉ်မောင်းတစ်ဦးနှင့် လိုက်ပါလာသူ တစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဗန်းမောက်ဒေသခံ တစ်ဦးပြောပြချက်အရသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် – ဖယ်ခုံနယ်စပ်ရှိ ဗန်းမောက်ကျေးရွာဆိုင်းဘုတ်အနီးတွင်ဒီဇင်ဘာ ၂၀ ရက်က စစ်ရှောင်များ မိမိနေရပ်၌ စိုက်ပျိုးထားသည့် ပြောင်းကိုပြန်သယ်ယူရာ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်လိုက်သည့်အတွက်…

ဖရူဆိုမြို့ စစ်ကောင်စီကျူးလွန်သည့်စစ်ရာဇဝတ်မှု ၂ နှစ်ပြည့်တွင် နိုင်တကာမှအရေးယူပေးရန်IEC တိုက်တွန်း

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၄၊၂၀၂၃ (၂ )နှစ်ပြည့်ပြီဖြစ်သည့် ဖရူဆိုမြို့မိုဆို​ကျေးရွာ၌ ပြည်သူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု စစ်ကောင်စီကျူးလွန်သည့်ထိုစစ်ရာဇဝတ်မှုအရေးယူပေးရန်ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီIEC က နိုင်ငံတကာ အဖွဲ့အစည်းကို တိုက်တွန်းထားသည်။ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး၌ ခရစ္စမတ်အကြိုနေ့တွင် အပြစ်မဲ့ပြည်သူ (၃၅) ဦးထက်မနည်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး စစ်ရာဇတ်မှုကျူးလွန်သည့်စစ်ကောင်စီကို ပစ်ဒဏ်ပေးရန် IEC တောင်းဆိုသလို ကရင်နီပြည်နယ် ကြားကာလလွတ်တော် (KSIP)၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)တို့ကလည်း…

မန်တုံမြို့ရှိ စစ်ကောင်စီ ဗျုဟာမှူးကွပ်ကဲသည့် တပ်စခန်း ကို TNLAမှ အပြီးသတ်ရှင်းလင်းချေမှုန်း သိမ်းပိုက်နိုင်ခဲ့ဟုဆို

ခမ်းသားငေါဝ်း ဒီဇင်ဘာ၂၄၊ ၂၀၂၃ ရှမ်းပြည်နယ် မြောက်ပိုင်းမန်တုံမြို့ရှိ စစ်ကောင်စီ ဗျုဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းပွဲကို တအောင်းတပ်မတော် TNLA က ဒီဇင်ဘာ ၂၂ ၌ အလုံးစုံထိန်းချုပ်သိမ်းပိုက် နိုင်ခဲ့ကြောင်းသိရသည်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၁၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး သီတင်းပတ် (၄)ရက်ကြာ ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ(၆း၃၀)နာရီ အချိန်တွင်…

စစ်ကောင်စီတပ်လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် (၁၅‌)လုံး ထိခိုက်ပျက်စီး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၃၊၂၀၂၃ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် (၁၅‌)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းမြောက် မန်တုံမြို့တွင် တအာင်းတပ်မ‌တော် PSLF/TNLA နှင့် စစ်ကောင်စီတပ်တို့ ဒီဇင်ဘာလ(၁၉)ရက်နေ့မှ ဒီဇင်ဘာလ(၂၂)ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားနေအိမ်(၁၅)လုံးခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ယနေ့ဒီဇင်ဘာလ(၂၃) ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့်…

နမ်းခမ်းမြို့တိုက်ပွဲတွင် အရပ်သား(၁၄)ဦးသေဆုံးပြီး အရပ်သားနေအိမ်(၁၂၇)လုံး ထိခိုက်ပျက်စီး

ခမ်းသားငေါဝ်း ဒီဇင်ဘာ ၂၃၊၂၀၂၃ တိုက်ပွဲတစ်လကျော်ကာလကြာမြင့်ခဲ့သည့် နမ်းခမ်းမြို့တိုက်ပွဲတွင် အရပ်သား(၁၄)ဦးသေဆုံး၊ (၂၆)ဦးဒဏ်ရာရခဲ့ပြီး အရပ်သားနေအိမ်(၁၂၇)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ရှမ်းမြောက် နမ်းခမ်းမြို့တွင် တအာင်းအမျိုးသားလွတ်မြောက်‌ရေးတပ်မတော် (TNLA)နှင့် စစ်ကောင်စီတပ်တို့ တစ်လကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ရာ အရပ်သား(၁၄)ဦးသေဆုံး၊ (၂၆)ဦးဒဏ်ရာရခဲ့ပြီး အရပ်သားနေအိမ် (၁၂၇)လုံးထိခိုက်ပျက်စီးသွားခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)က ယနေ့ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် ထုတ်ပြန်ထားပါသည်။ တိုက်ပွဲဖြစ်ပွားသည့်ကာလအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင်(၅၀၀)ဗုံးဖြင့်ကြဲချခြင်း၊ လက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်ခြင်းကြောင့်…

You missed