Category: နိုင်ငံရေး / တိုက်ပွဲ

ကွတ်ခိုင်မြို့ကို TNLA က(၈ )ရက်ကြာ တိုက်ခိုက်ပြီးအလုံးစုံ သိမ်းပိုက်နိုင်ခဲ့

ခမ်းသားငေါဝ်း ဇန်နဝါရီ ၈၊ ၂၀၂၄ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ကိုတအာင်းတပ်မတော် TNLAတပ်က ၈ ရက်ကြာအချိန်ပေးတိုက်ခိုက်ခဲ့ပြီး အလုံးစုံသိမ်းပိုက်ခဲ့ကြောင်းသိရသည်။ ကွတ်ခိုင်မြို့အတွင်း အခြေချလှုပ်ရှားသော စစ်ကောင်စီ၏ ဗျူဟာတပ်စခန်းအပါ ၂၄၁၊၂၄၂တပ် နှင့် ၄၈ တပ်တို့ကို တိုက်ခိုက်ပြီး မနေ့ည ၇ နာရီအချိန်တွင် အပြီးသတ်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့သည်။ “ကွတ်ခိုင်ကတော့ မနေ့ညက ကျွန်တော်တို့အဖွဲ့တွေက အားလုံးစုံနယ်မြေရှင်းလင်းနိုင်ခဲ့ပြီဖြစ်တယ်၊ အသေးစိတ်ကိုတော့ အတိကျမသိသေးဘူး။”ဟု TNLA…

သိန္နီမြို့ စကခ ၁၆ ဧရိယာတခုလုံးကို တခုမကျန် အောင်မြင်စွာသိမ်းပိုက်ရရှိဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၈၊ ၂၀၂၄ သိန္နီမြို့ရှိ စကခ ၁၆ ၏ဧရိယာတခုလုံကို တစ်ခုမကျန်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLAက ထုတ်ပြန်လိုက်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့ရှိ စစ်ကောင်စီ စကခ ၁၆ ကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA၊ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နှင့် မြောက်ပိုင်းညီနောင်သုံး ဖွဲ့ဖြစ်သည့် TNLA,MNDAA,AA တို့နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ဇန်နဝါရီ ၁ရက်နေ့က…

ဖယ်ခုံမြို့ရှိ ရဲစခန်း၊ထွေအုပ်ရုံးနှင့်ဒေသခံအိမ်တစ်ချို့များ မီးလောင်ပြာကျ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၈၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့အတွင်း ရဲစခန်း ၊ထွေအုပ်ရုံးနှင့်အရပ်သားနေအိမ်တချို့တို့မီးလောင် ပြာကျခဲ့ ကြောင်းသိရသည်။ ဇန်နဝါရီ ၇ ရက် ည ၆ နာရီခွဲအချိန်တွင် မီးစတင်လောင်ခဲ့ရာ ည ၁၁ ထိ မီးလောင်ခဲ့ပြီး ရဲစခန်း၊ ထွေအုပ်ရုံးနှင့် ဒေသခံအိမ်နှစ်လုံး မီးလောင်ပြာကျ ခဲ့ ကြောင်းသိရသည်။ ” မီး ဘယ်လို…

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦး သေဆုံး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၇၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေးကြောင်းဖြင့်အရပ်သား များအပေါ် စစ်ကောင်စီကဗုံးကြဲချခြင်းကြောင့် နမ့်ဆန်မြို့နယ်ရှိ ပြည်သူ ၆ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီက ပြည်သူလူထုနေထိုင်ရာအရပ်သို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း ဇန်နဝါရီလ ၇ ရက်နေ့ (TWO…

လွိုင်ကော်မြို့တွင် စစ်ရှောင်များနေအိမ် ပစ္စည်း ဖောက်ထွင်းအခိုးခံရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၇၊ ၂၀၂၄ လွိုင်ကော်မြို့အတွင်းစစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်​​ပြီးပြည်သူလူထုနေအိမ်ဖောက်ထွင်းခိုးယူမှုများ ရှိနေကြောင်းသိရသည်။ ကရင်နီပြည် လွိုင်ကော်မြို့သည် တိုက်ပွဲပြင်းထန်သည့်အတွက် ပြည်သူလူထုများသည် မိမိတို့အိုးအိမ်ပစ်ထားပြီး စစ်ဘေးရှောင်နေရသည်။ “ သူခိုးတွေအရမ်းသောင်းကျန်းတယ်။ အိမ်ဆို အဖောက်ခံရတာ ဘာမှကိုမရှိတော့ဘူး။ အဲလိုသူခိုးတွေကိုလည်း တာဝန်ယူဖြေရှင်းပေးတဲ့သူလည်းမရှိဘူး။” ဟု လွိုင်ကော်စစ်ရှောင်တစ်ဦးကပြောသည်။ ထိုအပြင် အိမ်တိုင်းလိုလိုတန်ဖိုးရှိ ပစ္စည်းများနေ့စဉ်ပျောက်ရှနေလျက်ရှိကြောင်းနှင့် စစ်ရှောင်များအနေဖြင့် နေရပ်ပြန်နေထိုင်ပါကလည်း အခက်အခဲရှိကြောင်း၄င်းမှဆက်ပြောသည်။ “…

ကိုးကန့်ဒေသတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်လုံးဝမရှိတော့ကြောင်း MNDAAပြော

ခမ်းသားငေါဝ်း ဇန်နဝါရီ ၇၊၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များလုံးဝမရှိတော့ကြောင်း MNDAA ကိုးကန့်တပ်မတော် သတင်းပြန်ကြားရေးဌာန၏ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။ ကိုးကန့်ဒေသလောက်ကိုင်မြို့ကို ဇန်နဝါရီ ၅ ရက်နေ့၌ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ဟုလည်းသိရသည်။ “ကိုးကန့်ဒေသတစ်ခုလုံးတော့ အခုစစ်ကောင်စီတပ်ဖွဲ့ဝင် လုံးဝမရှိတော့တဲ့ အနေအထားမှာ ရှိပါတယ်” ဟု MNDAA ကိုးကန့်တပ်မတော် သတင်းပြန်ကြားရေးတာဝန်ခံ လီကျာဝင်းကခမ်းသားငေါဝ်းကိုပြောသည်။ လောက်ကိုင်မြို့ရှိ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ)မှ ဗိုလ်မှူးချုပ်အဆင့်…

ပင်လောင်းတွင် ထပ်မံရောက်လာသည့် ဖယ်ခုံစစ် ရှောင်များအတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၆၊၂၀၂၄ ပင်လောင်းတောင်ဖက်တွင် ထပ်မံရောက်လာသည့် ဖယ်ခုံစစ်ရှောင်များအတွက် စားနပ်ရိက္ခာများနှင့် မိုးကာ၊ အနွေးထည်၊စောင်များ အရေးပေါ်လိုအပ်‌ နေကြောင်း ဇန်နဝါရီ ၆ ရက် နေ့တွင် သိရသည်။ ဖယ်ခုံမြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ၂၅ ရက်ကစပြီး တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီဖက်မှ ရပ်ကွက်နှင့် ကျေးရွာများထဲတွင် ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးများ ပစ်ခတ်လာခြင်းကြောင်း ဒေသခံများ ဘေးကင်းရာ ပင်လောင်းမြို့နယ်သို့…

သံဘိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီး စစ်ကြောင်းမှူးဒုဗိုလ်ကြီး ၁ ဦးအရှင်ဖမ်းဆီးရမိ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၄၊၂၀၂၄ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့် ပြည်သူ့ကာကွယ်‌ရေးတပ်မတော်(မန္တလေး)တို့ကဇန်နဝါရီလ (၃)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန(NUG)၏ ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းမြောက် နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းကို တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့် ပြည်သူ့ကာကွယ်‌ရေးတပ်မတော်(မန္တလေး)တို့က ဇန်နဝါရီလ(၂)ရက်နေ့တွင် ပူးပေါင်းတိုက်ခိုက်ကာ ယမန်နေ့ မနက်(၇း၃၀)နာရီခန့်အချိန်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဆိုထားပါသည်။ သိမ်းပိုက်ရရှိသည့် စစ်ကောင်စီတပ်စခန်းအတွင်း…

စစ်ကောင်စီအား ယခုချိန် မည်သည့်နေရာတွင် တိုက်တိုက်အနိုင်ရရန် အခြေနေကောင်းသည် ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၄၊၂၀၂၄ လက်ရှိရရှိထားသည့် အောင်မြင်မှုများထက် နှစ်ပေါင်းများစွာအတွင်း ရရှိထားပြီးဖြစ်သော အတွေ့အကြုံ၊ သင်ခန်းစာများကို ကောင်းစွာသိနားလည်ထားခြင်းက ပို၍အရေးကြီးသည်ဟု ညီနောင်မဟာမိတ်(၃)ဖွဲ့က ယမန်နေ့ ဇန်နဝါရီလ(၃)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားပါသည်။ လက်ရှိရရှိထားသောအောင်မြင်မှုများထက် တစ်ရက်ပြီးတစ်ရက် အခြေနေဆိုးဝါးလာသည့် စစ်ကောင်စီအား ကြမ္မာညင်ခွင့်သာပေးကာ မိမိတို့အပေါ်တန်ပြန်တိုက်စစ်အတွက် မည်သည့်အခွင့်အရေးမျှ ပေး၍မရဆိုသည်ကို နှစ်ပေါင်းများစွာအတွင်း ရရှိထားပြီးဖြစ်သော အတွေ့အကြုံ၊ သင်ခန်းစာများအား ကောင်းစွာသိနားလည်ထားခြင်းက ပို၍အရေးကြီးကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က…

စစ်ကောင်စီ၏ ချင်းလက်ဝစခန်းကို AA သိမ်းပိုက်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၄၊၂၀၂၄ ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ ချင်းလက်ဝစခန်းကို ရက္ခိုင့်တပ်တော် AA မှ ယမန်နေ့ ဇန်နဝါရီလ ၃ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ၂၀၂၄ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂ ရက်နေ့တွင် စစ်ကောင်စီ၏ ခမောင်းဝစခန်းကို သိမ်းပိုက်နိုင်ခဲ့သလို တဆက်တည်းတွင်…

You missed