စစ်ကောင်စီတပ်က သဘောတူထားသည့်အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး TNLA တပ်ကိုထိုးစစ်ဆင်
ခမ်းသားငေါဝ်း ဇန်နဝါရီ ၁၃၊၂၀၂၄ စစ်ကောင်စီတပ်သည် ဇန်နဝါရီလ(၁၁)ရက်နေ့မှ ပူပူနွေးနွေးထိုးထားခဲ့သည့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ကို ပေါ်ပေါ်တင်တင်ချိုးဖောက်လိုက်ပြီဖြစ်ကြောင်း တအာင်းတပ်မတော်(PSLF/TNLA)၏ ယနေ့ထုတ်ပြန်ချက်အရသိရသည်။ ရှမ်းမြောက်၊ ကျောက်မဲမြို့ရှိ စစ်ကောင်စီ ၅၀၁-၅၀၂တပ်စခန်းမှ အင်အားအလုံးအရင်းဖြင့် ယနေ့နံနက်(၉း၁၈) နာရီအချိန်တွင် တအာင်းတပ်မတော်(PSLF/TNLA)တည်ရှိရာ ငြိမ်းချမ်းရေးကုန်းသို့ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းဆိုထားသည်။ တအာင်းတပ်မတော်(PSLF/TNLA)နှင့် စစ်ကောင်စီတပ်တို့ (၂)နာရီကြာထိတွေ့တိုက်ပွဲဖြစ်ပွားပြီး မိဘပြည်သူများစစ်ဘေးသင့်မည်ကိုစိုးရိမ်ပြီး ဆုံးရှုံးမှုများမည်ကိုစိုးသောကြောင့် တအာင်းတပ်မတော်(PSLF/TNLA) အခြေချတပ်စွဲထားသည့် ငြိမ်းချမ်းရေးကုန်းမှ ယာယီနောက်ဆုတ်ပေးလိုက်ရကြောင်း သိရသည်။…