Category: နိုင်ငံရေး / တိုက်ပွဲ

ကုန်စျေးနှုန်းများ မြင့်တက်လာပြီး ဝယ်သူနည်းလာသဖြင့် တစ်ပိုင်တစ်နိုင်စီးပွါးဖြစ်ဆိုင်များပိတ်သိမ်းလာရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၃၊၂၀၂၄ ကုန်စျေးနှုန်းများ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာပြီး ပြန်လည်ရောင်းချသည့်အိမ်ဆိုင်များတွင်လည်း ဝယ်သူနည်းပါးလာသဖြင့် တစ်ပိုင်တစ်နိုင် စီးပွါးဖြစ်ကိုယ်ပိုင်ဆိုင်များ ရပ်တန့်လာရကြောင်း ဆိုင်ပိတ်လိုက်ရသူတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ တစ်ပိုင်တစ်နိုင်စီးပွါးဖြစ် အိမ်ဆိုင်များ၊ ဆိုင်ခန်းများ၊ အကင်ဆိုင်များနှင့် အကြော်ဆိုအချို့သည် ပြည်သူများ ဝင်ငွေကြပ်တည်းလာသည်နှင့်အမျှ ဝယ်ယူစားသုံးသူများနည်းပါးလာသဖြင့် အရင်းအနှီးပြုတ်ပြီး ဆိုင်များပိတ်သိမ်းလိုက်ရကြောင်း ဆိုင်ပိတ်လိုက်ရသူ အမျိုးသမီးတစ်ဦးက ယနေ့တွင် ပြောဆိုသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း…

ဆောင်းပြောင်းရှိ စစ်ကောင်စီဂိတ်တွင် ဖြတ်သွားလာပြည်သူများအား တင်းကြပ်စွာစစ်ဆေးနေပြီး ငွေတောင်းနေ

ခမ်းသားငါဝ်း ဇန်နဝါရီ ၂၃၊ ၂၀၂၄ ဆောင်းပြောင်းကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဖြတ်သွားဖြတ်လာပြည်သူများကို တင်းကြပ်စွာစစ်ဆေးနေပြီး ကုန်ကားများကိုလည်း ငွေတောင်းခံမှုများရှိနေကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ပင်လောင်းတောင်ဖက်၊ ဆောင်းပြောင်းကျေးရွာ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဖြတ်သွားဖြတ်လာသည့် ဒေသခံပြည်သူများ၊ ကားဆိုင်ကယ်များနှင့် ကုန်ကားများကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေပြီး ငွေတောင်းခံနေကြောင်း ဒေသခံတစ်ဦးက ယနေ့တွင် ပြောဆိုသည်။ “ကားဆို ဂိတ်ဖြတ်ရင် အရင်ကထက် ပိုက်ဆံပိုပေးရတယ်၊ ပိုက်ဆံပေးမှ…

နမ်းခမ်းမြို့နယ်အတွင်း (SSPP/SSA)မှ တပ်သားများစုဆောင်းခြင်းနှင့် စစ်ရေး၊ အုပ်ချုပ်ရေး ကိစ္စရပ်များ မလုပ်ဆောင်ရန် TNLA မေတ္တာရပ်ခံ

ခမ်းသားငေါဝ ဇန်နဝါရီ ၂၃၊၂၀၂၄ နမ်းခမ်းမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)မှ တပ်သားများစုဆောင်းခြင်း၊စစ်ရေး၊ အုပ်ချုပ်ရေး၊ ငွေကြေးကောက်ခံရေးကိစ္စရပ်များ ဆက်လက်မလုပ်ဆောင်ရန် (PSLF/TNLA)မှမေတ္တာရပ်ခံထားပါသည်။ ရှမ်းမြောက်၊ တအာင်းတပ်မတော်(PSLF/TNLA)မှ သိမ်းပိုက်ရရှိထားသည့် နမ်းခမ်းမြို့နယ်အတွင်း SSPP/SSA မှ တပ်သားများစုဆောင်းခြင်းအပါအဝင် စစ်ရေး၊ အုပ်ချုပ်ရေး၊ငွေကြေးကောက်ခံရေး ကိစ္စရပ်များကို ဆက်လက်မလုပ်ဆောင်ရန် PSLF/TNLA က ဇန်နဝါရီလ (၂၁)ရက်တွင် ထုတ်ပြန်ပေးပို့ထားကြောင်း သိရသည်။ နမ်းခမ်းမြို့ဧရိယာအတွင်း စစ်ကောင်စီများအား…

စစ်ကောင်စီတပ် ဗုံးကြဲသဖြင့် နောင်ထဝ်ကျေးရွာရှိ စစ်ရှောင်ပြည်သူ ၂ ဦး ထိခိုက်သေဆုံး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၃၊၂၀၂၄ နောင်ထောဝ်ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်မှ အကြောင်းမဲ့လေယာဥ်ဖြင့် လာရောက်ဗုံးကြဲ၍ စစ်ရှောင်ပြည်သူ ၂ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၂ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်တွင် နောင်ထဝ်ကျေးရွာကို စစ်ကောင်စီတပ်မှ အကြောင်းမဲ့ ရုတ်တရက် လေယာဥ်ဖြင့် ဗုံးသုံးကြိမ်လာကြဲသောကြောင့် ကယန်းပိုင်းရှိ စစ်ရှောင်တစ်ဦးနှင့်…

တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်သဖြင့် နောင်ထောဝ် ဒေသခံများ ဘေးကင်းရာ ထွက်ပြေးတိမ်းရှောင်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၃၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင် ထောဝ်ကျေးရွာတွင် တိုက်ပွဲဖြစ်လာမည်ကို ဒေသခံများစိုးရိမ်သဖြင့် ဒေသခံအကုန်လုံးနီးပါး ထွက် ပြေးတိမ်းရှောင် နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ ယ‌‌မန်နေ့ ဇန်နဝါရီ ၂၂ ရက်နေ့ညအချိန်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးလာကြဲပြီးနောက်ယနေ့ ဇန်နဝါရီ၂၃ ရက် နေ့ မနက်အစေားပိုင်းတွင် ဒေသခံများက ဆီဆိုင်မြို့ပေါ် ရှောင်လာကြ ကြောင်းသိရသည်။…

တိုက်ပွဲဖြစ်လာနိုင်သည့်အတွက် ဆီဆိုင်မြို့ရှိ စစ်ကောင်စီတပ်မိသားစုဝင်များ တောင်ကြီးသို့ပြောင်းရွေ့နေကြ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၃၊ ၂၀၂၄ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားလာနိုင်သည့်အတွက် ဆီဆိုင်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ ၄၂၄ နှင့် ခမရ ၄၂၃ တပ်မှ မိသားစုဝင်များ တောင်ကြီးသို့ ပြောင်းရွေ့နေကြကြောင်း သိရသည်။ စစ်ကောင်စီဘက်မှ ခမရ ၄၂၄ တပ်ကို စစ်ကူအယောက် ၂၀၀ ပို့ပေးမည့်ဖြစ်ကြောင်း နှင့် အသေခံတိုက်ရန်အမိန့်‌ပေးထားကြောင်း၊ သို့သော်လက်ရှိအချိန်ထိ စစ်ကူရောက်လာခြင်းမရှိသေးကြောင်း…

ဆီဆိုင်မြို့နယ် နောင်ထောဝ်ကျေးရွာတွင် စစ်ကောင်စီ လေယာဉ်ဖြင့်လာရောက် ဗုံးကြဲ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၂၊ ၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ဆီဆိုင်မြို့နယ် နောင်ထောဝ် ကျေးရွာတွင် ယနေ့ညစစ်ကောင်စီက လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးလာကြဲခဲ့ကြောင်းသိရသည်။ ယနေ့ည ၈ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီကလာကြဲခဲ့ပြီး ယခုတွင် ရွာသူရွာသားနှင့် စစ်ရှောင်များစွာ ဘေးကင်းရာထွက်ပြေး တိမ်ရှောင် နေရကြောင်းသိရသည်။ ” လေယာဉ်နဲ့ အခုကြုံဖူးပြီ။လူတစ်ယောက် ထိတယ်ကြားတယ်။ သေချာ တိကျတော့ မသိရသေးဘူး…

မလေးရှားနိုင်ငံရောက် မြန်မာရွေ့ပြောင်းလုပ်သားများယခင်ထက်အခွန်နှစ်ဆပေးဆောင်နေရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၂၊ ၂၀၂၄ မလေးရှားနိုင်ငံရောက် မြန်မာရွေ့ပြောင်းလုပ်သားများသည် ယခင်ကထက် အခွန်နှစ်ဆပေးဆောင်နေရပြီး အခက်အခဲများဖြစ်နေကြာင်း မြန်မာလုပ်သားတစ်ဦးထံမှ သိရှိရပါသည်။ မြန်မာပြည်သို့ ငွေလွဲခြင်းပြုလုပ်သည့်အခါ မိမိလွဲသည့်နှုန်းအတိုင်းအခွန်နှစ်ဆပေးဆောင်နေရသည့်အပြင် မိမိတို့ကိုင်ဆောင်ထားသည့် နိုင်ငံကူးလက်မှတ်များကိုလည်း အခွန်များပေးဆောင်နေရကြောင်းသိရသည်။ “အမိမြေသို့ပိုက်ဆံပို့ရင်တော့ လွဲတဲ့နှုန်းပေါ်မူတည်ပြီး ၂ ရာခိုင်နှုန်း ဖြတ်တယ် နောက်တစ်ခုက ကျွန်တော်တို့ ကိုင်ဆောင်ထားတဲ့ နိုင်ငံကူးလက်မှတ်က အခွန်မဆောင်ရခင်က Rm.200 ပဲပေါ့နော် ရက်ကုန်တော့မယ်…

လူထုတစ်ရပ်လုံး စစ်အာဏာရှင်ကို ပြန်မချရင်မရဘူး ပြန်ချမှရမယ်ဆိုသည့်ဆုံးဖြတ်ချက်ချနိုင်ခြင်းသည် CDM နိုင်ငံ့ဝန်ထမ်း၏တောင့်ခံထားမှုကြောင့်ဟု PNFC ဥက္ကဌ ပြောဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၂၊ ၂၀၂၄ လူထုကြီးတစ်ရပ်လုံး စစ်အာဏာရှင်ကို ပြန်မချရင်မရဘူး ပြန်ချမှရမယ်ဆိုသည့်ဆုံးဖြတ်ချက်ချနိုင်ခြင်းသည် CDM နိုင်ငံ့ဝန်ထမ်း၏တောင့်ခံထားမှုကြောင့်ဟု PNFC ဥက္ကဌ ပြောဆိုလိုက်သည်။ ထို့အ​ပြင် CDM နိုင်ငံဝန်ထမ်းထုကြီးညီလာခံ ကျင်းပနိုင်ခြင်းသည် ကျွန်တော်တို့ တိုင်းပြည်မှာလိုအပ်နေသည့် နိုင်ငံရေး ဦးဆောင်မှုတစ်ရပ် ထူထောင်နေခြင်း ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ- PNFC ဥက္ကဌ ခွန်မြင့်ထွန်းက ညီလာခံတွင် ပြောကြားလိုက်ကြောင်းသိရသည်။ CDM…

အချစ်ရေးပိုင်ဆိုင်ရာစုစည်းမှာ Facebook page မှ တင်သည့် တိုက်ပွဲဗီဒီယိုသည်သတင်းမှားဖြစ်ကြောင်း ဒေသခံအတည်ပြု

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၂၊ ၂၀၂၄ အချစ်ရေးပိုင်ဆိုင်ရာစုစည်းမှာ Facebook page မှ ဖြန့်လာသည့် တိုက်ပွဲဗီဒီယိုသည် မဲနယ်တောင်ဒေသ ဒုံလုံးဟီး (စံဖူး) ကျေးရွာက မဟုတ်ကြောင်း စံဖူးဒေသခံတစ်ဦးမှ အတည်ပြုပြောကြားလာသည်။ ထိုဗီဒီယိုဖိုင်သည် ဇန်နဝါရီ ၂၂ ရက်မနက်ပိုင်းက ဖြန့်ဝေလာခြင်းဖြစ်ပြီး ဗီဒီယို ဖိုင်ပေါ်တွင် ဇန်နဝါရီ ၂၁ရက်က ဟိုပုံးမြို့နယ် လုံးဟီးရွာတွင်း PNLA နှင့်…