Category: နိုင်ငံရေး / တိုက်ပွဲ

တပ်မိသားစုအလိုက်ဖြစ်စေ၊ တပ်ရင်းအလိုက်ဖြစ်စေ ပြည်သူဘက်သို့ပြောင်းရန် KNDF တိုက်တွန်း

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၄၊ ၂၀၂၄ စစ်အာဏာရှင်များကို ဆန့်ကျင်ရန်အတွက် ပြည်သူများထံ တပ်မိသားလိုက်ဖြစ်စေ၊ တပ်ရင်းလိုက်ဖြစ်စေ ဘက်ပြောင်းလာရန် ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF မှ ထပ်မံတိုက်တွန်းလိုက်သည်။ ကရင်နီပြည်နယ် အတွင်းရှိ စစ်ကောင်စီလက်အောက် ခံ တပ်ရင်းဖြစ်သည့် ခြေမြန်၊ ခြေလျင်နှင့် အမြောက်တပ်ရင်းများသည် ကရင်နီပြည်နယ်အတွင်း နှစ်ရှည်လများ မှီတင်းနေထိုင်ခဲ့သည်ကို ထောက်ထားကာ ကရင်နီပြည်သူများနှင့် အတူရပ်တည်ပြီး အာဏာရှင်အားဆန့်ကျင်ရန်နှင့် တပ်ရင်းအလိုက်၊…

စစ်သားအတွက် ထမင်းထုပ်နေ့တိုင်းပို့ပေးရသော်လည်း ဆန်ကိုတစ်အိတ်ထက်ပို၍သယ်ခွင့်မပြု

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၄၊ ၂၀၂၄ ထမင်းထုပ်နေ့ တိုင်းပို့ဆောင်ပေးနေရသော်လည်း ဒေသခံများက ဆန်ကိုတစ်အိတ်ထက်ပို၍ ဝယ်ယူခွင့်မပေးသည့် အတွက် အခက်အခဲဖြစ်နေကြကြောင်း ဒေသခံ များပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ မှော်ဘီလမ်းစုံ အဝိုင်းပတ်တောင်ဘက်ရှိ စစ်ဆေးရေးဂိတ်၌စစ်ကောင်စီတပ်သားများနှင့် PNOတပ်သားများအတွက် ယထမင်းထုပ်ကိုတစ်အိမ်တစ်ထုပ် ရက်တိုင်းပို့ဆောင်ပေးနေရကြောင်းသိရ သည်။ “ခုရက်ပိုင်းမှပဲ သူတို့အတွက် ထမင်းထုပ်နေ့တိုင်းပို့ပေးရတယ်၊ ဆန်ကျတော့တစ်အိတ်ထက်ပိုပြီး ပေးမသယ်ဘူး၊ တအိတ်ထက်ပိုသယ်ရင်သူတို့က နင်တို့ကရင်နီဘက်ကိုထောက်ပံ့ပေးတယ်ဆိုပြီးပြောတာ၊…

ဆီဆိုင်မြို့ပေါ် စစ်ကောင်စီ လေယာဥ် ပျံဝဲပြိီးခြိမ်းခြောက်သည့်အတွက် ဒေသခံများ တစ်မြို့လုံးနီးပါးထွက်ပြေးတိမ်းရှောင်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၄၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် ယနေ့နေ့လည်ပိုင်းတွင် စစ်ကောင်စီက လေယာဥ် ဖြင့် မြို့ပေါ်ပျံဝဲပြီးခြိမ်းခြောက်နေခြင်းကြောင့် ပြည်သူများတစ်မြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။ ဆီဆိုင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ မြို့ကိုစွန့်ခွါပြီ အခြားမြို့နယ်သို့ရှောင်တိမ်းနေကြပြီးဖြစ်ကြောင်းသိရသည်။ “အခုတော့ ပစ်သံတွေတော့မကြားသေးဘူး။ လေယာဉ်တွေ ပျံဝဲနေတာတော့ရှိတယ်”ဟုဒေသခံတစ်ဦးက ပြောသည်။ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွါးနိုင်သည့်အတွက် ဒေသခံလူထုများရှောင်တိမ်းနေကြသော်လည်း အချို့ရှောင်တိမ်းရန် အခက်အခဲကြုံတွေ့နေရကြောင်းသိရသည်။ “အတော်များများက…

စစ်တပ်နှင့် PNO ပြည်သူ့စစ်က ထမင်းထုပ်ပို့ပေးရန် ပြည်သူကိုအမိန်ပေးခဲ့သော်လည်း ကြက်ဥဟင်းဖြစ်ပါက ပို့ခွင့်မပြုဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၄၊ ၂၀၂၄ ထီရီးရွာအတွင်း တပ်စွဲနေသည့် စစ်တပ်နှင့် PNO ပြည်သူ့စစ်များအတွက် စံကားမြို့အနီးတစ်ဝိုက် ‌‌ ဒေသခံများက ထမင်းထုပ်ပို့ပေးနေရပြီး ကြက်ဉဟင်းဖြစ်ပါက ပို့ခွင့်မပြုကြောင့် ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း၊ညောင်ရွှေမြို့နယ် စံကားမြို့ တောင်ဖက်ရှိ ဒေသခံများသည် စစ်တပ်နှင့် PNO ပြည်သူ့စစ်အတွက် ထမင်းထုပ်ပို့ပေးရသည်မှာ တစ်လကျော်ရှိနေပြီဖြစ်ကြောင်းသိရသည်။ “ရွာသားကို သူတို့ပြောလာတယ် ကြက်ဉဟင်းနဲ့…

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ၊ PNOပူးပေါင်းတပ်နှင့် PNLO/PNLA တို့အကြားစစ်ရေးတင်းမာနေဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၄၊၂၀၂၄ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ၊ PNO ပူးပေါင်းတပ်နှင့် PNLO/PNLA တို့အကြားစစ်ရေးတင်းမာနေကြောင်း ဇန်နဝါရီ ၂၄ ရက်က PNLAရှေ့တန်းသတင်းရင်းတစ်ဦးထံမှသိရသည်။ မဲနယ်တောင်ဒေသ ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်နှင့် ယင်း၏ လက်အောက်ခံPNO ပြည်သူ့စစ်ပူးပေါင်းတပ်တို့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)တို့အကြား ဆီဆိုင်မြို့နယ်တွင် နှစ်ဘက်အင်အားဖြည့်တင်းပြီး စစ်ရေးအရတင်းမာနေကြောင်း သိရသည်။ “ဟုတ်တယ်။ စစ်ရေးအရတော့ပြောရခက်တယ်။ အချိန်မရွေးဖြစ်ပွားနိုင်တယ်။ ပုံစံကနေ့တိုင်းသတိကြီးကြီးသွားလာရတော့မယ်။ နေ့တိုင်းလုပ်သွားရတော့မယ့်ပုံရှိတယ်။ ပြောမရဘူး။…

တောင်ကြီးမြို့ထိ စစ်မီးကူးစက်လာမည်ကို ဒေသခံများစိုးရိမ်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၄၊ ၂၀၂၄ ရှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စစ်မီးကူးစက်လာမည်ကို ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြ ကြောင်း ဇန်နဝါရီလ ၂၄ ရက်နေ့တွင် သိရသည်။ ဟိုပုံးမြို့နယ် စံဖူးရွာတွင် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နှင့် PNLAတို့ တိုက်ပွဲဖြစ်ပြီး နောက် တောင်ကြီးမြို့သို့ စစ်မီးကူးစက်လာမည်ကိုဒေသခံများက စိုးရိမ်ကြပြီဟုသိရသည်။ “တိုက်ပွဲတွေ ဖြစ်လာမှာစိုးတယ်၊ ဆွေမျိုးတွေဆိုလည်း စစ်ဖြစ်လို့ ဒီမှာပြေးလာနေကြတာ၊…

စစ်ရေးအခြေအနေအရစစ်ကောင်စီလေကြောင်းတိုက် ခိုက်မည်ကိုစိုးရိမ်သဖြင့် ဒေသခံကြိုတင်တိမ်းရှောင်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၄၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ် ပအိုဝ်းအမျိုးသား လွှတ်မြှောက်ရေးအဖွဲ့ချုပ် PNLA/PNLO ထိန်းချုပ်နယ်မြေတွင် စစ်ကောင်စီ လေကြောင်း တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြသဖြင့်ဒေသခံများ ကြိုတင်တိမ်းရှောင်နေကြကြောင်းသိရသည်။ ဇန်နဝါရီ ၂၃ ရက်တွင် ဗန်းမက်၊ ဘုရားကုန်း၊ မဲဟဲရွာ ဒေသခံများသည် စတင်တိမ်းရှောင်ခဲ့ပြီး တောတောင်ထဲရှိ ချောင်းဘေး ၊ကမ်းဘေးနှင့် ဂူထဲတို့တွင် တိမ်းရှောင်နေကြ ကြောင်းသိရသည်။ “စစ်ကောင်စီက…

တရုတ်ပိုက်လိုင်းတစ်လျှောက် စစ်ကောင်စီတိုက်ခိုက်မှုကြောင့် (၂)လအတွင်း အရပ်သား(၁၀)ဦးသေဆုံး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၄၊ ၂၀၂၄ တရုတ်ပိုက်လိုင်းတစ်လျှောက် စစ်ကောင်စီ၏ဆက်လက် တိုက်ခိုက်မှုကြောင့် (၂)လအတွင်း အရပ်သား(၁၀)ဦးသေဆုံးပြီး၊ (၁၄)ဦးဒဏ်ရာရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ပြောဆိုထားပါသည်။ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်ပိုက်လိုင်းတစ်လျှောက် တွင်ရှိသည့် နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို စသည့်မြို့နယ်များ၌ စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့မှ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့ အထိ အရပ်သား(၁၀)ဦးသေဆုံးခဲ့ရပြီး (၁၄)ဦးဒဏ်ရာရခဲ့ကြောင်း…

နောင်ထောဝ်ရှိ စစ်ကောင်စီ ကင်းစခန်း လေးခုကို PNLA ကသိမ်းပိုက်ရရှိဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၃၊ ၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် နောင်ထောဝ်ဒေသရှိ စစ်ကောင်စီ ကင်းစခန်း(၄)ခုကို PNLAက သိမ်းပိုက်လိုက်ကြောင်းဒေသခံပြောပြချက်အရသိရသည်။ နောင်ထောဝ်ဒေသရှိ စစ်ကောင်စီ ကင်းစခန်း ၄ ခုကို ကျည်ဖောက်စရာမလိုဘဲ စစ်ကောင်စီ တပ်သားများထွက်ပြေးသည့်အတွက် သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။ ” PNLA က သိမ်းလိုက်တာ ဟုတ်ပါတယ်။ အစကတည်းက PNLA ကသူတို့ကို ပတ်ပတ်လည်ဝိုင်းထားပြီးသားလို့ပြောတယ်…

ကိုးကန့်ဒေသရှိ စစ်ကောင်စီလက်အောက်ခံအဖွဲ့များ ပိုင်ဆိုင်သည့်ဥစ္စာပစ္စည်းများ ရောင်းဝယ်ခြင်းနှင့်လွဲပြောင်းမှုများ မပြုလုပ်ရဟု MNDAA သတိပေး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၃၊၂၀၂၄ ကိုးကန့်ဒေသရှိ စစ်ကောင်စီ လက်အောက်ခံ ရုပ်သေးရုပ်အဖွဲ့များ၏ ပိုင်ဆိုင်သည့်ဥစ္စာပစ္စည်းများ ရောင်းဝယ်ခြင်းနှင့် လွဲပြောင်းမှုများ မပြုလုပ်ရန် MNDAA ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသရှိ ကိုးကန့်တပ်မတော် MNDAA က စစ်ကောင်စီလက်အောက်ခံရုပ်သေးရုပ် ခေါင်းဆောင်များ၏ တရားမဝင် စည်းစိမ်ဥစ္စာပစ္စည်းများ၊ မြေယာ၊ ကားများ ဌားရမ်းခြင်းများကို ရပ်ဆိုင်းထားရန် ယနေ့ ဇန်နဝါရီလ ၂၃…