Category: နိုင်ငံရေး / တိုက်ပွဲ

တောင်ကြီးရောက် ဆီဆိုင်စစ်ရှောင်များကို ဝိုင်းဝန်းကူညီပေးရန် ဆီဆိုင်ဒေသခံများတောင်းဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅၊၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် တောင်ကြီးမြို့သို့ အရေးပေါ် တိမ်းရှောင်လာရသည့် စစ်ရှောင်များအတွက် လိုအပ်နေသည်များကို ဝိုင်းဝန်းကူညီပေးရန် ဆီဆိုင်ဒေသခံများမှ တောင်းဆိုပြောကြားလာသည်။ ဆီဆိုင်မြို့နယ်တွင် ဇန်နဝါရီလ ၂၄ ရက် ညနေ ၅ နာရီမှ စတင်ပြီး စစ်ကောင်စီ၊ PNOပြည်သူ့စစ် ပူးပေါင်းတပ်နှင့် PNLA၊ KNDF၊ SSPP၊ PDF…

ဆိုက်ခေါင်တွင်ပေါ်တာ ဖမ်းသည်ဟုသတင်းထွက်ခြင်းကြောင့် လူငယ်အချို့ထွက်ပြေးနေရ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅၊၂၀၂၄ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြဒေသအတွင်း စစ်ကောင်စီကပေါ်တာဆွဲခေါ် ဖမ်းဆီးသည်ဟု ကောလာဟလသတင်းပြန့်ပြီးနောက် ဒေသတွင်းရှိ လူငယ်လူရွယ်အချို့ထွက်ပြေးနေရကြောင်းဒေသခံအချို့ထံသိရသည်။ ယနေ့ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်က ပေါ်တာဆွဲ ဖမ်းသည် ဟူသောသတင်းများ အွန်လိုင်းပေါ်၌ စတင်ပျံ့နှံ့သွားသည်။ “ပေါ်တာ ဖမ်းနေတယ်တဲ့ ကျွန်တော့်သူငယ်ချင်းကပြောလာတာ။ အဲ့ဒါနဲ့ လွယ်ပွတ်ကသူငယ်ချင်းလည်းမေးလာတယ် မင်းတို့ဈေးအနောက်ဘက်ခြမ်းဘယ်လိုလည်း ပေါ်တာ ဖမ်းနေလားဆိုပြီးမေးလာတာ မကြားမိဘူးပြောလိုက်သေးတယ်။…

ဆီဆိုင်မြို့နယ်ရောက် ကရင်နီစစ်ရှောင်များ ထပ်မံတိမ်းရှောင်ရန် အခက်ခဲရှိနေဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅၊၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှာ ရောက်လာသည့် ကရင်နီပြည်စစ်ဘေးရှောင်များသည် ယခုမှထပ်မံတိမ်းရှောင်ရန်အခက်ခဲရှိနေကြောင်း ဆီဆိုင်ရောက် စစ်ရှောင်အမျိုးသမီးတစ်ဦးထံမှသိရသည်။ ဆီဆိုင်မြို့သည် လက်ရှိမှာ စစ်ကောင်စီ၊PNO ပြည်သူ့စစ်ပူးပေါင်းတပ်နှင့် PNLA၊KNDF၊PDFနှင့်တော်လှန်ရေးအင်အားစုအပါ SSPP/SSAတို့အပါပူးပေါင်းပြီး တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဆီဆိုင်မြို့ခံများနှင့် ဆီဆိုင်ကို ရောက်လာသော ကရင်နီစစ်ရှောင်များထပ်မံရှောင်နေရသည်။ “ဒီမှာရောက်လည်း ဒီကလူတွေလည်း ထွက်ပြေးနေကြပြီဟော၊ အခုတစ်ခေါက်ထပ်ပြေးရရင် အဆင်မပြေဘူး ၄ ခေါက်ရှိနေပြီပြေးနေရတာ။…

ပအိုဝ်းဒေသ စစ်ရေးမငြိမ်မသက်ဖြစ်ချိန် Facebook ပေါ်ဝါဒဖြန့် page၊သတင်းအမှား တင် သော page များ ပိုများလာ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅၊၂၀၂၄ ပအိုဝ်းဒေသတွင် စစ်ရေးမငြိမ်မသက် ဖြစ်ချိန်ကာလအတွင်း Facebook လူမှုကွန်ယက်ပေါ်တွင် ဝါဒဖြန့် page၊ သတင်းတုသတင်းအမှား တင်သော page ပိုများ လာကြောင်း တွေ့နေရပါသည်။ ထို page အများစုသည် ပအိုဝ်းစာ၊ ပအိုဝ်းဘာသာစကားဖြင့် ရေးတင် ပြောဆို နေပြီး ပအိုဝ်း လူထုများအကြား ကြည့်ရှုသူ၊မျှဝေသူလည်း များစွာ ရှိပြီး ယုံကြည်နေကြသည်ကို…

PNOပြည်သူ့စစ်ရှိသည့် ကျေးရွာများတွင် ရွာသားများအား ဘုန်းကြီးကျောင်း၌ စုနေခိုင်းပြီး အပြင်ပေးမထွက်ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅ ၊ ၂၀၂၄ ဆီဆိုင်မှတောင်ကြီးတက်သည့် ကားလမ်းတလျှောက်ရှိ ကျေးရွာများနှင့် PNO ပြည်သူ့စစ်ရောက်ရှိသည့် ကျေးရွာများတွင် ရွာသားများအား ဘုန်းကြီး ကျောင်း၌စုနေခိုင်းပြီး ထွက်ခွင့်မပေးခြင်းများပြုလုပ်နေကြောင်း သိရသည်။ လက်ရှိတွင် ဆီဆိုင်မြို့နယ် နမ်းဩနှင့်ထီတမောင်ကြားတွင် သေနတ်သံများကြားနေရပြီး ဘုန်းကြီး ကျောင်းမှထွက်ခွာချင်သည့် ရွာသားများအား PNO ပြည်သူစစ်က တားဆီးနေကြောင်း ဒေသခံသတင်းအရင်းအမြစ်က ခမ်းသားငဝ်းသို့ ပြောလာသည်။ “ထွက်ချင်တဲ့သူတွေရှိပေမယ့်…

Page အတုအယောင်များကို သတိပြုကြရန် PNLAက သတိပေး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅၊ ၂၀၂၄ ဆီဆိုင်မြို့မရဲစခန်း ကို PNLA နှင့်မဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းကြောင့် PNLA လူမှုကွန်ယက် Facebook page အတုဖြန့်ဝေမှုပေါ်ပေါက်လာခဲ့ကြောင်းသိရသည်။ ပအိုဝ်းဘာသာစကားဖြင့် ထို page သည် မိမိတို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ကို ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် မသမာသူ ရန်သူက လုပ်ကြံထားသည့် page အတုသာဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွှတ်မြှောက် ရေးအဖွဲ့ချုပ်PNLO/ PNLAက…

ဆီဆိုင်မြို့မရဲစခန်းကို PNLA နှင့်ပူးပေါင်းတပ်တို့ သိမ်းပိုက်ရရှိ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅၊ ၂၀၂၄ ဆီဆိုင်မြို့ရှိရဲစခန်းကို ဇန်နဝါရီ ၂၄ ရက်နေ့ ညက PNLA နှင့်ပူးပေါင်း တပ်တို့ကမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ဆီဆိုင်တောင်ဘက် ပုံးလောင်းကျေးရွာနှင့် အနီးတဝိုက်တွင်စစ်ကောင်စီ လေယာဉ်​ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၅ နာရီကျော်အချိန်ခန့်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLA နှင့် ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့မရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ “ဝင်လာတာတောင်မသိလိုက်ဘူး မိနစ်ပိုင်းလေးအတွင်းပဲ…

ဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားပြီး ပိတ်မိပြည်သူအများအပြားရှိနေ

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၅၊ ၂၀၂၄ ဆီဆိုင်မြို့အတွင်း ဇန်နဝါရီ ၂၄ ရက်ညနေပိုင်းတွင် တိုက်ပွဲစတင်ဖြစ်ပွားပြီ မြို့တွင်း ပိတ်မိပြည်သူအများအပြားရှိနေသေးကြောင်းသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့တွင် တိုက်ပွဲစတင်ဖြစ်ပွားပြီး စစ်ကောင်စီမှ တောက်လျောက်ဗုံးလာကြဲကာ လူနေအိမ်ထိခိုက် မီးလောင်မှုရှိသလို ပြည်သူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုလည်းရှိနေကြောင်းဆိုသည်။ “မနေ့ညကထဲက အခြေနေတအားဆိုးနေခဲ့တာ ဘယ်ကိုပြေးလို့ပြေးရမှန်းမသိဘူး။ ကျွန်မတို့က ထွက်လာနိုင်ပြီ သူငယ်ချင်းအချို့ကပိတ်မိနေသေးတယ် ။ ထွက်လာမရသေးဘူး”ဟုဆီဆိုင်မြို့ခံအမျိုးသမီးတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။…

ပအိုဝ်းဒေသတွင်း လူဆိုး၊သူခိုး၊ဓားပြ ဘေးရန်မှ ကာကွယ်ရန် လုံခြုံရေးလှုပ်ရှားမှုလုပ်ဆောင်နေဟု PNLAပြောဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၄၊ ၂၀၂၄ လုံးခြုံရေး အားနည်းလာသည့် ပအိုဝ်းဒေသတွင်း လူဆိုး၊သူခိုး၊ဓားပြ ဘေးရန်မှ ကာကွယ်ရန် လုံခြုံရေးလှုပ်ရှားမှုလုပ်ဆောင်နေဟု ဇန်နဝါရီ ၂၄ ရက် PNLA ထုတ်ပြန်ပြောဆိုလိုက်သည်။ PNLO/PNLAအနေဖြင့် ဒေသတွင်းသွားလာ လှုပ်ရှားနေသည်မှာ ပြည်သူ၏ လုံခြုံရေးအတွက်၊ ပြည်သူများ ကောင်းကောင်းမွန်မွန်သွားလာနေထိုင်နိုင်ရေးအတွက်ကြောင့် လှုပ်ရှားရခြင်းသာဖြစ်ကြောင်း ယနေ့ရက်စွဲဖြင့်ပြည်သူကို ထုတ်ပြန်အသိပေးထားသည်။ PNLAသည် အခြေနေအားလျော်စွာ ပအိုဝ်းဒေသရှိ ပအိုဝ်းလူမျိုးများနှင့်…

ဆီဆိုင်ဘက်မှ စစ်ရှောင်လာမည့်ပြည်သူအတွက် ဘုန်းကြီးကျောင်းများလက်ခံမည်ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၂၄၊၂၀၂၄ ဆီဆိုင်မြို့တွင် လက်ရှိ၌ စစ်ရေးပဋိပက္ခဖြစ်ပွားနိုင်​ပြီး အရပ်သားပြည်သူများအနေဖြင့် ဟိုပုံးမြို့ ဗန်းကွန်ဘုန်းတော်ကြီးကျောင်းတွင် ဦးရေအကန့်သတ်ဖြင့်လက်ခံပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ဟိုပုံးမြို့ ဗန်းကွန်ဘုန်းကြီးကျောင်းအပြင် တောင်ကြီးမြို့နယ် နမ်းဆီးအုပ်စု ဘုရားငါးဆူဘုန်းတော်ကြီးကျောင်းနှင့် ကံ့ကော်ဘုန်းတော်ကြီးကျောင်းတို့တွင်လည်း လက်ခံသွားမည်ဖြစ်ကြောင်းအသိပေးထားသည်။ “ဆီဆိုင် ဘုရားဖြူကတဲ့ အယောက် ၃၀ပေါ့၊ လက်ခံထားတယ်။ နောက်ပြီးတော့ ဌာနဆိုင်ရာမှာလား အယောက် (၁၀၀) လည်း ဆရာတော်က လက်ခံထားပြီ။ အခုတော့မရောက်လာသေးဘူး။…