Category: နိုင်ငံရေး / တိုက်ပွဲ

PNO အသွင်ပြောင်း ပြည်သူ့စစ် ( ဌာနေ ) တပ်ဖွဲ့ဝင်များအား စစ်ကောင်စီက လက်နက်တပ်ဆင်အပ်နှင်းပွဲ အခမ်းအနားပြုလုပ်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄ PNO အသွင်ပြောင်း ပြည်သူ့စစ် ( ဌာနေ ) တပ်ဖွဲ့ဝင်များအား စစ်ကောင်စီက လက်နက်တပ်ဆင်အပ်နှင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ PNO အသွင်ပြောင်းပြည်သူ့စစ်( ဌာနေ ) တပ်ဖွဲ့ဝင်များအားလက်နက် တပ်ဆင်အပ်နှင်းခြင်းကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိုးလုံလေလုံအားကစားခန်းမ၌ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့် Telegram…

အာဏာရှင်စနစ် တော်လှန်ရင်းကျဆုံးခဲ့သည့် ရဲဘော်မန်းကီး ၂ နှစ်ပြည့် လွမ်းဆွတ်သတိရခြင်းအထိမ်းအမှတ်ပြုလုပ်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄ ရှမ်းပြည်နယ် တောင်ပိုင်း တော်လှန်ရေး တပ်ဖွဲ့ SSRY Eagle Force က ရဲဘော်မန်းကီး ကျဆုံးခြင်း ၂ နှစ်ပြည့်လွမ်းဆွတ်အောက်မေ့သတိရခြင်း အထိမ်းအမှတ် ကိုလွတ်မြောက်နယ်မြေတစ်နေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။ ရဲဘော်မန်းကီး အတွက် ဘုန်းကြီးကျောင်းသို့ဆွမ်းပို့ပေးခြင်းနှင့်အလေးပြုခြင်းအခမ်းအနားပြုလုပ်ခဲ့ ကြောင်းသိရသည်။ “ရဲဘော်မန်းကီး တာဝန်ကျေပါတယ် ကျွန်တော် တို့ SSRY Eagle…

မဲနယ်တောင်ဒေသကျေးရွာသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်နေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄ မဲနယ်တောင်ဒေသရှိကျေးရွာများအား စစ်ကောင်စီကလက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်ခြင်းပြုလုပ် နေကြောင်း ဖေဖော်ဝါရီလ(၁၇)ရက်နေ့က ဒေသခံတစ်ဦးပြောပြချက်အရသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ကျေးရွာများအား ဖေဖော်ဝါရီလ (၁၆)ရက်နေ့ညတွင်စစ်ကောင်စီကလက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်နေကြောင်း သိရသည်။ “မနေ့ညကျွန်တော်တို့ရွာဘက်ကို စစ်ကောင်စီတပ်က အောက်မြေပြန့်ဘက်ကနေလက်နက်ကြီးနဲ့ လှမ်းထုတာ၊ လက်နက်ကြီးကရွာထိတော့မကျဘူး၊ တောတောင်မှာပုန်းခိုနေတဲ့လူနီးနားမှာကျတာ လူထိခိုက်တာတော့မရှိဘူး” ဟုဒေသခံအမျိုးသားတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ စစ်ကောင်စီတပ်သည် ယမန်နေ့ည(၁၀)နာရီဝန်းကျင်တွင် ဟိုနားကျေးရွာဘက်မှ စံဖူးကျေးရွာဘက်သို့ လက်နက်ကြီးဖြင့်လှမ်းပစ်လာပြီး…

PNO ပြည်သူ့စစ်က ပအိုဝ်းပြည်သူကိုအတင်းအဓမ္မ ခေါ်ဆောင်ပြီး စစ်ကောင်စီတပ်စခန်းတွင် စစ်သင်တန်းပေးနေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၁၇၊ ၂၀၂၄ PNO ပြည်သူ့စစ်မှ အတင်းအဓမ္မခေါ်ယူ စုဆောင်းသည့် ပင်လောင်းရှိ ပအိုဝ်းလူငယ်များကို ရင်းမှီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွင် စစ်သင်တန်း ပေးနေကြောင်းဒေသခံများကပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တောင်ပိုင်း ကျေးရွာရှိ အမျိုးသားလူငယ်များကို PNO ပြည်သူ့စစ်က တပ်သားသစ်ခေါ်ယူပြီး စစ်ကောင်စီက သင်တန်းပေးနေပြီဖြစ်ကြောင်းသိရသည်။ “သင်တန်းက ရင်းမှီးတပ် ထီတလိ တောင်ခြေမှာ ရှိတဲ့ လေးကျင်းရေးကွင်းမှာ သွားတက်ရတယ်…

ပအိုဝ်းဒေသတွင်း PNOပြည်သူ့စစ်က PNLO နာမည်အလွဲသုံးစားပြီး ပြည်သူကိုဆွဲဆောင်ကာ ပြည်သူ့စစ်တပ်သားသစ်စုဆောင်းနေ ဟုဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၀၊ ၂၀၂၄ ပအိုဝ်းဒေသတွင်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် အဖွဲ့က PNLO အဖွဲ့နာမည်အသုံးပြုပြီး ပြည်သူကိုလိမ်လည်ဆွဲဆောင်ကာ ပြည်သူ့စစ်တပ်သားသစ်စုဆောင်းခြင်း၊ ငွေကောက်ခြင်းများပြုလုပ်နေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ကျောက်တစ်လုံးကြီးမြို့နယ်နှင့် ဟိုပုံးမြို့နယ် စငေါ ဒေသတွင် PNO ပြည်သူ့စစ်အဖွဲ့က တပ်သားသစ်စုဆောင်းခြင်းနှင့် ငွေကောက်ခံခြင်းများ ပြုလုပ်နေကြောင်းသိရ သည်။ ထိုသို့ PNO ပြည်သူ့စစ်က…

ကက္ကူရောက် စစ်ရှောင် သက်ကြီးရွယ်အိုနှင့် ကလေးများ ကျန်းမာရေးစောင့်ရှောက်မှု အရေးကြီးလိုအပ်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၀၊၂၀၂၄ ကက္ကူဘုရားတွင် ရောက်ရှိလာသည့်စစ်ရှောင် သက်ကြီးရွယ်အိုနှင့် ကလေးများ ကျန်းမာရေးစောင့်ရှောက်မှု အရေးကြီးလိုအပ်နေကြောင်း ကူညီသူတစ်ဦးထံမှ သိရသည်။ ဆီဆိုင်မြို့နယ်မှ မွေတော်ကက္ကူဘုရားသို့ ရောက်ရှိသည့်စစ်ဘေးရှောင် ပြည်သူသက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု အရေးကြီးလိုအပ်နေကြောင်း ကူညီသူတစ်ဦးက ယနေ့တွင် ပြောဆိုသည်။ “အဓိက သက်ကြီးရွယ်အိုနဲ့ ကလေးတွေအတွက် ကျန်းမာရေးပိုင်းမှာ ပိုလိုအပ်တယ်။ လက်ရှိသူတို့အစားအသောက်ကတော့ အဆင်ပြေသေးတယ်။ အလှူရှိတော့ ကျွန်မလည်း…

စစ်ကောင်စီအတွက် ပအိုဝ်းအချင်းချင်းမတိုက်ခိုက်လို၍ PNLA ထံအလင်းဝင်လာသည့် ပြည်သူ့စစ်သားတစ်ဦးအား ဆုငွေချီးမြင့်

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၀၊၂၀၂၄ အလင်းဝင်လာသည့် PNO ပြည်သူ့စစ်တစ်ဦးအား PNLA မှ လွတ်လပ်စွာနေထိုင်သွားလာခွင့်နှင့် ဆုငွေများပေးအပ်ခဲ့ကြောင်း သိရသည်။ အလင်းဝင်လာသည့် ပြည်သူ့စစ်တစ်ဦးကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေတပ်မတော် (PNLA) က နွေးထွေးစွာကြိုဆိုပြီး ဆုကြေးငွေများကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သိရသည်။ အဆိုပါ အလင်းဝင်လာသည့် ပြည်သူ့စစ်သားတစ်ဦးသည် စစ်ကောင်စီအတွက် ပအိုဝ်းအချင်းချင်းမတိုက်ခိုက်လိုသဖြင့် PNLA ထံ…

ဆီဆိုင်တိုက်ပွဲအတွင်း ရဲစခန်းက ထိန်းသိမ်းထားသည့် အသက်မပြည့်လူငယ် လူသားဒိုင်းပြုလုပ်ခံရပြီးသေဆုံး

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၀၊ ၂၀၂၃ ဆီဆိုင်မြို့နယ် စစ်ကောင်စီ ခမရ ၄၂၄ တပ်တိုက်ပွဲတွင် ရဲစခန်းက ထိန်းသိမ်းခံထားရသည့် ဆီဆိုင်မြို့နေ အသက်မပြေည့်သေးသည့် လူငယ်တစ်ဉီး လူသားဒိုင်းပြုလုပ်ခံရပြီး သေဆုံးသွားခဲ့ရကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်ထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်နေ့က ခမရ ၄၂၄ တပ်ကို PNLA နှင့်…

အာဏာရှင်စနစ်ကို ရည်ရွယ်ချက်တူ မိတ်ဆွေများနှင့်အတူ တိုက်ထုတ်ပြီး တန်းတူရေးကိုအခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတည်ဆောက်သွားမည် ဟု SSPP ဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၀၊၂၀၂၄ အာဏာရှင်စနစ်ကို ရည်ရွယ်ချက်တူ မိတ်ဆွေများနှင့်အတူပူးပေါင်းကာ တိုက်ထုတ်ဆန့်ကျင်ပြီး တန်းတူရေးကိုအခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း SSPP က ဆိုသည်။ တန်တူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်ဆောက် သွာမည်ဟု ရှမ်းပြည်တပ်မတော် SSPP ဗဟိုကော်မတီမျက်နှာစုံညီ အစည်းအဝေးမှ ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ အာဏာရှင်စနစ်နှင့်လူမျိုးကြီးဝါဒ၊ နယ်မြေကျဲထွင်ရေးဝါဒဆန့်ကျင်ပြီး တန်းတူရေးနှင့်…

ဆီဆိုင်မြို့တွင်း အခြေနေမငြိမ်သေးသည့်အတွက် နေရပ်ပြန်၍မရသေး ဟု ဆို

ခမ်းသားငေါဝ်း ဇန်နဝါရီ ၃၀၊၂၀၂၄ ဆီဆိုင်မြို့နှင့် ကျေးရွာများအတွင်း အခြေနေတည်ငြိမ်မှုမရှိသေးသောကြောင့် တိမ်းရှောင်ရသည့်ပြည်သူများအနေဖြင့် နေရပ်ကိုမပြန်လာသင့်သေးကြောင်း ဒေသခံအမျိုးသားတစ်ဦးထံမှသိရသည်။ လက်ရှိ ဇန်နဝါရီ ၃၀ ရက်နေ့အထိ စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ်များက ဆီဆိုင်မြို့တွင်း လေယာဥ်ဖြင့်ဗုံးကြဲခြင်း လက်နက်ကြီးဖြစ်ပစ်ခတ်ခြင်းတို့ကိုပြုလုပ်နေသေးကြောင်းသိရသည်။ “မြို့ထဲမှာအခြေနေမကောင်းဘူး။ ဗုံးတွေကြဲချနေတုန်း၊ လက်နက်ကြီးတွေပစ်ခတ်နေတုန်း အခြေနေကမငြိမ်သေးဘူး။ တိုက်ပွဲတွေကလည်းဖြစ်ပွားနေသေးတာမို့ အန္တရာယ်ရှိတယ်။ မပြန်လာသေးဖို့ပြောချင်တယ်”ဟုဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကိုပြောသည်။ ဆိုင်ခေါင်ဒေသခံတစ်ဦးကလည်း”လက်နက်ကြီးနဲ့ပစ်နေတုန်း အသံကြားနေရတယ်။ ညလည်းကြားရတယ်၊အခြေနေကမကောင်း သေးဘူး။…

You missed