Category: နိုင်ငံရေး / တိုက်ပွဲ

ပင်လုံ-ကျောက်တန်းလမ်းကို စစ်ကောင်စီက ပိတ်လိုက်ဖွင့်လိုက်လုပ်နေသည့်အတွက်ကြောင့် ကားတန်းများ ထပ်မံပိတ်မိနေ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ထမ်းစန်းဂူနှင့် ပင်လုံကို ဆက်သွယ်ထားသော ပင်လုံ- ကျောက်တန်းလမ်းကို စစ်ကောင်စီက ပိတ်လိုက်ဖွင့်လိုက်ပြုလုပ်နေ​ခြင်း ကြောင့် ကားများတန်းစီ၍ ထပ်မံပိတ်မိနေကြောင်း သိရသည်။ မိုင်းပွန်တိုက်ပွဲကြောင့် တောင်ကြီး-တာချီလိတ်သွားရာလမ်းကို ပိတ်ထားပြီး ပြည်သူများက ကျောက်တန်းလမ်းကိုအသုံးပြုသွားလာရာတွင်ဖေဖော်ဝါရီ ၂၇ ရက်က ၎င်းလမ်းကို ခေတ္တပိတ်ခဲ့သော်လည်း ဖေဖော်ဝါရီ ၂၈ ရက်က ပြန်ဖွင့်ခဲ့သည်ဟု သိရသည်။…

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် လွယ်ဝိုးတုတ်ရှိ လျှပ်စစ်ဓာတ်တိုင်များပျက်စီး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၉၊ ၂၀၂၃ စစ်ကောင်စီက လေကြောင်းခိုက်မှုကြောင့် ဖေဖော်ဝါရီ ၂၈ ညပိုင်း ၁၀ ရာရီခွဲကျော်ခန့်က လွယ်ဝိုးတုတ်ရှိ လျှပ်စစ်ဓာတ်တိုင်များ ပျက်စီးသွားခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာတွင် စစ်ကောင်စီက အကြောင်းမဲ့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လျှပ်စစ်ဓာတ်တိုင်ပျက်စီးသွားပြီး လျှပ်စစ်ဓာတ်ကြိုးများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။ “မနေ့ညက စကစက အကြောင်းမဲ့ဗုံးလာကြဲသွားတာ ဓာတ်ကြိုးပြတ်သွားပြီး…

စစ်ကောင်စီကလေယာဥ်ဖြင့်မီးလောင်ဗုံးကြဲချ၍ ပင်လျမ်းဘုန်းတော်ကြီးကျောင်းမီးလောင်ပျက်စီး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီလ ၂၈၊ ၂၀၂၄ တိုက်ပွဲ မဖြစ်ပွားဘဲ အကြောင်းမဲ့ စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်၍ ပင်လျမ်းဘုန်းကြီးကျောင်းမီးလောင်ပျက်စီးသွားကြောင်းသိရသည်။ ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ပင်လျမ်းဘုန်းကြီးကျောင်းကို စစ်ကောင်စီက ယနေ့နေ့လည် ၁၂း၀၀ နာရီခန့်တွင် မီးလောင်ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့်မီးလောင်ပျက်စီး သွားကြောင်းသိရသည်။ ယနေ့မနက်ပိုင်းကလည်း စစ်ကောင်စီလေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာမှ ပြည်သူတစ်ဦးသေဆုံးပြီး နေအိမ်…

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်​ဖြင့်ဗုံးကြဲမှုကြောင့် နားခုဲင်းရွာ အရပ်သားတစ်ဦးသေဆုံးပြီး နေအိမ် ၄ လုံးပျက်စီး

ခမ်သားငေါဝ်း ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တိုက်လေယာဉ်​ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နားခုဲင်းရွာ အရပ်သားတစ်ဦးသေဆုံးပြီး နေအိမ် ၄ လုံးပျက်စီးသွားကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နားခုဲင်းကျေးရွာတွင် ယနေ့မနက်ပိုင်း ၉ နာရီခွဲ အချိန်က စစ်ကောင်စီ လေယာဉ်ဖြင့် ၈ ကြိမ်ဗုံးကြဲတိုက်ခိုက် ခဲ့ကြောင်း သိရသည်။ “ပေါင် ၅၀၀ ဗုံးနဲ့ လာချတာ…

ဗုံးပေါက်ကွဲစထိမှန်ခဲ့သည့် ဆီဆိုင်ဒေသခံတစ်ဦး ဆေးကုရန် ငွေကြေးအကူအညီလိုအပ်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄ နေအိမ်သို့ပစ္စည်းများ ပြန်လာယူစဉ် ဒရုန်းဖြင့် ဗုံးကြဲခံရပြီး ကျောတွင်ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည့် ဆီဆိုင်မြို့နေ အမျိုးသမီးတစ်ဦး ဆေးကုသရန်ငွေကြေးအခက်ခဲရှိနေကြောင်းသိရသည်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် နေအိမ်ပစ္စည်းပြန်ယူစဉ် ဒဏ်ရာရရှိခဲ့ပြီး တောတောင်တွင်းသာ ရှောင်နေသောကြောင့် ဆေးကုသမှု ချက်ချင်းမပြုလုပ်နိုင်ဘဲ ဆေးနီနှင့် ရှေ့ဦးလူနာပြုစုနည်းဖြင့် ကုသစဉ် ဒဏ်ရာပြင်းထန်လာသဖြင့် ဖေဖော်ဝါရီ ၂၃ ရက်နေ့တောင်ကြီးမြို့စဝ်စံထွန်းဆေးရုံသို့ ကုသမှုခံယူခဲ့ပြီး ငွေကြေးအခက်ခဲများရှိနေကြောင်း…

မှော်ဘီကျေးရွာတောင်ဖက်ရှိ စစ်ဆေးရေးဂိတ်တွင် လက်နက်တင်ဆောင်လာသည့် ကားတစ်စီးဖမ်းမိ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄ မှော်ဘီစျေးနေ့တွင် မှော်ဘီကျေးရွာတောင်ဖက်ရှိ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် စစ်ဆေးရေးဂိတ်၌ တောင်ဖက်မှ လက်နက်တင်ဆောင်လာသည့် ကားတစ်စီး ဖမ်းမိခဲ့ကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊မှော်ဘီကျေးရွာရှိ အဝိုင်းပတ်တောင်ဖက်ရှိဂိတ်တွင် လက်နက်သယ်လာသောကားတစ်စီးကို ဖေဖော်ဝါရီလ၂၆ရက်နေ့က ဖမ်းမိခဲ့ကြောင်းသိရသည်။ “ကားက canter နဲ့ပေါ့နော်။ ငှက်ပျေားသီးအပြည့်တင်ထားပြီး သူတို့စစ်ဆေးလိုက်တဲ့အချိန်ငှက်ပျေားသီးအောက်မှာ သေနတ် တွေ့တယ်။ကားပေါ်လူသုံးယောက်ပါတယ်။ အကုန်ဖမ်းသွားသိမ်းသွားတယ်။ပြီးရင် အဲနေ့က အဲဂိတ်ဖြတ်သွားလို့မရတော့ဘူး။လုံးလုံးပိတ်ထားတယ်။စျေးသွားသူလည်း အကုန်ပြန်ရတယ်။မနေ့မှပြန်ဖွင့်ပေးတာ”ဟု…

ပအိုဝ်းအမျိုးသားဝတ်စုံကို စစ်ယူနီဖောင်းအဖြစ် အသုံးပြုမှုကို ပအိုဝ်းလူငယ်အချို့ ကန့်ကွက်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၇၊၂၀၂၄ PNO ပြည်သူ့စစ်သည် စစ်ရေးလေ့ကျင့်ခြင်းနှင့်စစ်သင်တန်းပေး ပြုလုပ်ရာတွင် ပအိုဝ်းအမျိုးသားဝတ်စုံကို စစ်ယူနီဖောင်းအဖြစ် အသုံးပြုမှုအပေါ် ပအိုဝ်းလူငယ်များအချို့က ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြကြောင်း သိရသည်။ ပအိုဝ်းဒေသတွင်း လူငယ်လူရွယ်များကို ပြည်သူ့စစ် အဖြစ်ခေါ်ယူစုဆောင်းပြီး ပအိုဝ်းရိုးရာဝတ်စုံဖြစ်သည် အပေါ်အကျီ အဖြူနှင့် ဘောင်းဘီ အနက်ပြာရောင်ကိုဝတ်ဆင်စေကာ သေနတ်ထမ်း၊ စစ်ရေးပြ၊ ဘယ်ညာလျှောက်သည်ကို အွန်လိုင်းပေါ်ပြန့်နှံ့ခြင်းနှင့်ပတ်သက်ပြီး ပအိုဝ်းလူငယ်တစ်ချို့က ကန့်ကွက်ကြောင်း သိရသည်။…

စငေါကျေးရွာအုပ်စု တဖူကဲင်းရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄ စငေါကျေးရွာအုပ်စု တဖူကဲင်းရွာတွင်ဖေဖော်ဝါရီလ (၂၆)ရက်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် စငေါကျေးရွာအုပ်စုတဖူကဲင်း ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က တိုက်လေ ယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။ “မနေ့ည ၇ နာနီလောက်ကဖြစ်မယ်၊ စစ်ကောင်စီတိုက်လေယာဉ်နဲ့ ဗုံးလာကြဲတော့ ရွာထဲကအိမ်တလုံးထိသွားတယ်၊ ရွာထဲမှာတော့…

စစ်ကောင်စီအကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်တချို့ပျက်စီး

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄ အင်းလေးဒေသတွင် စစ်ကောင်စီကအကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်းတစ်ခုနှင့် အရပ်သားနေအိမ်နှစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း အင်လေးဒေသ ဟိုပန်ကျေးရွာနှင့် တောင်ပို့ကွဲကျေးရွာတွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “တိုက်ပွဲဖြစ်တာလည်း မရှိဘူး အကြောင်းမဲ့သက်သက်ရွာထဲပစ်ထည့်တာ ထီရီးဂိတ်မှာ လက်နက်ကြီး…

ပြည်သူ့စစ်ကားဝယ်ရန် PNO က ဆက်ကြေးကောက်ခံသလို ​ပြည်သူ့စစ်မှုမထမ်းပါက ကျပ်သိန်း ၅၀ ပေးဆောင်ရ

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၆၊၂၀၂၄ ဆတ်သေ၊မြေမဲရွာဘက်တွင် PNO ပြည်သူ့စစ်များအတွက် ကားဝယ်ရန်ဟုဆိုပြီး ဆက်ကြေးကောက်သလို ​ပြည်သူ့စစ်ထဲမဝင်လျှင်တစ်ဦးကို ငွေကျပ်သိန်း ၅၀ ဒေသခံများထံ PNOပြည်သူ့စစ်ကကောက်ခံနေကြောင်းသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်းရပ်စောက်မြို့နယ် ဆတ်သေ မြေမဲကျေးရွာနှင့် တောင်ကြီးမြို့မြောက်ဘက် ဇလဲကျေးရွာဘက်တွင် ပြည်သူ့စစ်များအတွက် ကားဝယ်ပေးရန်ဆိုပြီး တစ်အိမ် ၂ သောင်းကျပ်ကောက်ခံနေပြီး စစ်မှုမထမ်းပါကသိန်း ၅၀ ပေးဆောင်ရကြောင်း သိရသည်။ “အရင်ကသေနတ်ဖိုးကောက်တယ် အခုလည်းစစ်သားအတွက်ကားဝယ်ပေးဖို့တဲ့ PNO…

You missed