Category: နိုင်ငံရေး / တိုက်ပွဲ

တိုက်ပွဲကြောင့် လွိုင်လင်တိုးဂိတ်နှင့် မိုင်းပွန်တံတား ပိတ်လိုက်၊ ဖွင့်လိုက်ပြုလုပ်နေ

ခမ်းသားငေါဝ်း မတ် ၅၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်ဂိတ်နှင့် မိုင်းပွန်တံတားကိုတိုက်ပွဲ စစ်ကောင်စစ်နှင့်လက်အောက်ခံများက ပိတ်လိုက်ဖွင့်လိုက်ပြုလုပ်နေကြောင်းဒေသခံထံက သိရသည်။ မိုင်းပွန်ဘက်မှာ လက်နက်ကြီး ပစ်ခတ်သံ ကြားရသောကြောင့် တံတားကို ယနေ့မတ်လ ၅ ရက်နေ့နံနက် ၉ နာရီအချိန်တွင် ပိတ်လိုက်ခြင်းဖြစ်ပြီး လမ်းမပေါ်တွင် ပိတ်မိနေသည့် ကားများလည်းရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ” တံတားက ပိတ်ထားတယ်။ မနက်…

TNLAသိမ်းဆည်းထားသည့် မန်တုံ၊ နမ္မတူ၊ နမ့်ဆန် မြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာ

ခမ်းသားငေါဝ်း မတ်လ ၄၊ ၂၀၂၄ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းဆည်းထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံ၊ နမ္မတူနှင့် နမ့်ဆန် မြို့တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြောင်း ယနေ့ည ၈ နာရီသတင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။ စစ်ကောင်စီက မြို့နယ် ၃ မြို့နယ်၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေအေးချမ်းရေးကိုပိုမိုဆောင်ရွက်နိုင်ရန်အကြောင်းပြပြီး စစ်အုပ်ချုပ်ရေးကြေညာခြင်းဖြစ်သည်ဟုပြောဆိုထားသည်။ စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးအမိန့်အရ အဆိုပါ…

စစ်ကောင်စီကို သတင်းမပေးကြရန် ပအိုဝ်းပြည်သူတောင်းဆို

ခမ်းသားငေါဝ်း မတ်လ ၄၊ ၂၀၂၄ စစ်ကောင်စီ ကိုသတင်းပေးခြင်းကြောင့် လက်နက် ကြီးရမ်းသမ်းပစ်ခတ်ခြင်း၊ လေယာဥ် ဗုံးကြဲခြင်းပြုလုပ်ပြီး လူထုထိခိုက်သည့်အတွက် သတင်းမှားမပေးရန် ဒေသခံ ပြည်သူကတောင်းဆို သည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသများဖြစ်သည့်ဆီဆိုင်၊လွိုင်လင်၊ဟိုပုံးမြို့နယ်ရှိ တိုက်ပွဲမဖြစ်ပွားသည့် ကျေးရွာများကို သတင်းပေးခြင်းကြောင့် စစ်ကောင်စီကလေယာဉ်၊ ဒရုန်းဖြင့် ဗုံးလာကြဲသည့်အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းလည်း အဆက်မပြတ် ပြုလုပ်လာသည်။ “သတင်းပေးတာမို့လို့ ပအိုဝ်းပြည်သူအိမ် ဘုန်းကြီး…

နမ္မတူတွင် မပေါက်ကွဲသေးသည့်လက်နက်ကြီးကိုယူဆော့ရာမှ ပေါက်ကွဲပြီး ကလေးငယ်တစ်ဦးသေဆုံး၊တစ်ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း မတ် ၃၊၂၀၂၄ တောင်သုံးလုံးကျေးရွာတွင်မပေါက်ကွဲသေးသည့် လက်နက်ကြီးကို ယူလာဆော့ကစားရာမှ ပေါက်ကွဲပြီး ကလေးတစ်ဦးပွဲချင်းပြီးသေဆုံး၊ တစ်ဦး ဒဏ်ရာရခဲ့ကြောင်းဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းမြောက်ပိုင်း နမ္မတူမြို့နယ် တောင်သုံးလုံးကျေးရွာတွင် မတ်လ ၃ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်က အသက် ၁၁ အရွယ် မောင်ပုရစ်နှင့် အသက် ၁၃ အရွယ်မောင်ထွန်းထွန်းဝင်း ညီအစ်ကို မပေါက်ကွဲသေးသည့်လက်နက်ကိုယူပြီးဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ “ညီအစ်ကိုနှစ်ယောက်…

စစ်ကောင်စီ လေယာဥ်ဗုံးကြဲခြင်းကြောင့် ပုံးအယ် ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်း ပျက်စီး

ခမ်းသားငေါဝ်း မတ်လ၂၊ ၂၀၂၄ စစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပုံးအယ် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း မီးလောင်ပြာကျသွားကြောင်း ပုံးအယ်ရွာဒေသခံတစ်ဦးကပြောသည်။ ဟိုပုံးမြို့နယ် တောင်ကြီး မိုင်းပွန်သွားလမ်းဘေးရှိ ပုံးအယ်ရွာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို ဖေဖော်ဝါရီ ၂၅ ရင်နေ့က စစ်ကောင်စီ လေယာဥ်ဗုံးကြဲခြင်းကြောင့်မီးလောင်ပျက်စီးသွားခြင်းဖြစ်သည်။ “စစ်ကောင်စီ လေယာဥ် ဖြင့်ဗုံးကြဲပြီးပစ်ချလိုက်တာပါ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းပါမကျန် အကုန်မီးရှိုက်လိုက်တာပါ”ဟု ပုံးအယ်ဒေသခံတစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။ စစ်ကောင်စီက…

ဆီဆိုင်မြို့တွင်း ပစ္စည်းပြန်ယူစဉ် ဒရုန်းနဲ့ဗုံးကြဲခံရပြီး ဒဏ်ရာရသူတစ်ချို့ ဆေးကုသခွင့်မရ

ခမ်းသားငေါဝ်း မတ် ၂၊ ၂၀၂၄ ဆီဆိုင်မြို့တွင်းသို့ ပစ္စည်းများ ပြန်ယူစဉ် ဒရုန်းဖြင့် ဗုံးကြဲခံရပြီး ဒဏ်ရာရသူတစ်ချို့ ဆေးကုသခွင့်မရနေကြောင်း မိသားစုဝင်ထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင်းသို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မြို့တွင်း ပစ္စည်း ပြန်သယ်သည့် ဒေသခံများဒရုန်းဖြင့် ဗုံးကြဲခံရပြီး ကလေးငယ်နှစ်ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တောထဲတွင် စစ်ဘေးရှောင်နေကြသဖြင့် ဆေးဝါးကုသရန်…

မိုင်းပွန် – တောင်ကြီးလမ်းပြန်ဖွင့်ပေးသော်လည်း တိုက်ပွဲဖြစ်နေ၍ ခရီးသွားလာသူများစိုးရိမ်နေရ

ခမ်းသားငေါဝ်း မတ် ၁၊ ၂၀၂၄ လွိုင်လင်၊ မိုင်းပွန်- တောင်ကြီးလမ်းကို ပြန်လည်ဖွင့် လိုက်သော်လည်း တိုက်ပွဲဖြစ်ပွားနေ၍ ဒေသခံနှင့် ကားသမားများစိုးရိမ် နေကြကြောင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။ ဟိုပုံးမြို့နှင့် မိုင်းပွန်မြို့ကြားတိုက်ပွဲကြောင့် လွိုင်လင် မိုင်းပွန် တောင်ကြီးပြည်ထောင်စု လမ်းမကို ပိတ်ထားခဲ့ရာ မတ်လ ၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီခွဲခန့်က ပြန်ဖွင့်ပြီး ကားများသွားခွင့်ပြုလိုက်သည်ဟု…

နန်းတုတ်ရွာကို စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်၍ အမျိုးသမီးတစ်ဦးဒဏ်ရာရ ၊ နေအိမ်သုံးလုံးပျက်စီး

ခမ်းသားငေါဝ်း မတ် ၁၊ ၂၀၂၄ နန်းတုတ်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်သုံးလုံးပျက်စီး ခဲ့ကြောင်း ရွာခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုတ်ရွာတွင် ဖေဖော်ဝါရီ ၂၉ ရက် ည ၅ နာရီကျော်တွင် စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ကျေရွာထဲကို လက်နက်ကြီးရမ်းသမ်း ပစ်ခတ်လာခဲ့ကြောင်း သိရသည်။ “လက်နက်ကြီးထိတာက အမျိုးသမီးပေါင်မှာထိတယ် ဒဏ်ရာတော့တအားမကြီးဘူး”ဟု…

ရွာငံမြို့တွင်းဖွင့်လှစ်သည့် လောင်းကစားဝိုင်းကို Yawngan PDF (JPRF)မှ ဝင်ရောက်ဖမ်းဆီး

ခမ်းသာငေါဝ်း ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄ ရွာငံမြို့နယ်တွင်းဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများကို Yawngan PDF (JPRF)မှ ဝင်ရောက်ဖမ်းဆီးခြင်းပြုလုပ်ခဲ့ကြောင်း Yawngan PDF (JPRF)ရဲ့ ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့ မြိုင်တိုက်နယ် မြောက်လက်ကုန်းကျေးရွာတွင် ဘောလုံးအားကစားကို ဘန်းပြပြီးလောင်းကစားဝိုင်းများပြုလုပ်နေပါသဖြင့် Yawngan PDF (JPRF)မှ ဖေဖော်ဝါရီ (၂၈) ရက်နေ့ ည ၇ နာရီခွဲအချိန်တွင်…

စစ်သင်တန်း၌ပအိုဝ်းဝတ်စုံဖြင့် အသုံးပြုခြင်းကို ပအိုဝ်းစာပေယဉ်ကျေးမှုဗဟိုနှင့် သံဃာများကန့်ကွက်သင့်ကြောင်း ကျေးရွာပအိုဝ်းရပ်မိရပ်ဖအချို့ပြောဆို

ခမ်းသားငေါဝ်း ဖေဖော်ဝါရီ ၂၉၊၂၀၂၄ ပအိုဝ်းအမျိုးသားဝတ်စုံကို PNO ပြည်သူ့စစ်သင်တန်း၌ စစ်ရေးပြ အသုံးပြုခြင်းနှင့်ပတ်သက်ပြီး ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုဗဟို၊ ပအိုဝ်းသံဃာတော်များအနေဖြင့်ကန့်ကွက်သင့်ကြောင်းကျေးရွာ ပအိုဝ်းရပ်မိရပ်ဖ အချို့ကပြောဆိုသည်။ ပအိုဝ်းအမျိုးသားရေးတွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအပြင် ပအိုဝ်းရဟန်းတော်သံဃာတော် ဆရာတော်များလည်း အထူးအရေးပါသဖြင့် ယင်းအပေါ်ကို ပအိုဝ်းတမျိုးသားလုံး၏ အနာဂတ်ကိုရှေ့ရှု့ငှဲ့ညာခြင်းအားဖြင့်ကန့်ကွက် စေလိုကြောင်းဆိုထားသည်။ “မဖြစ်သင့်တာမို့ အမှန်တကယ် တတ်နိုင်ရင်ပေါ့ ပအိုဝ်းရဟန်းသံဃာတွေ ပအိုဝ်းဆရာတော်ကြီးတွေ မေတ္တာရပ်ခံပေးစေချင်တယ် ပအိုဝ်းတိုင်း အထွဋ်မြတ်ထား…

You missed