Category: နိုင်ငံရေး / တိုက်ပွဲ

ပေါင် ၅၀၀ ဗုံးဖြင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ထမ်းယမ် ရွာနေအိမ်မီးလောင်

ခမ်းသားငေါဝ်း မတ် ၁၆၊၂၀၂၄ ထမ်းယမ်းကျေးရွာကို တစ်ရက်အတွင်း စစ်ကောင်စီ လေယာဉ်ဖြင့်နှစ်ကြိမ် ဗုံးကြဲခဲ့သဖြင့် ဘုန်းကြီးကျောင်းနှင့်နေအိမ်နှစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထမ်းယမ်ရွာ မတ်လ ၁၅ ရက်နေ့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် နေ့လည် ၁ နာရီပထမအကြိမ် ဗုံးနှစ်လုံးကြဲချပြီး ည ၅ နာရီကျော်ဒုတိယကြိမ် ဗုံးလေးလုံးဖြင့် လာရောက်ကြဲချခဲ့ကြောင်း သိရသည်။ “ပထမတစ်ကြိမ်ကဘုန်ကြီးကျောင်းဆောင်တွေ ပျက်စီးသွားတယ်။…

ပင်လောင်းမြို့ပေါ် အထိ တိုက်ပွဲဖြစ်လာမည်ကိုစိုးရိမ်ပြီး ဒေသခံများ နောင်တရားထိတိမ်းရှောင်ကြ

ခမ်းသားငေါဝ်း မတ် ၁၄၊ ၂၀၂၄ ပင်လောင်းမြို့ပေါ်အထိ တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်ပြီး ဒေသခံများ ပင်လောင်းမြို့အကျော်နောင်တရားဘက်တွင် ထပ်မံပြီးစစ်ရှောင်နေရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တောင်ဘက်တွင် မတ်လ ၁၀ ရက်က စတင်ခဲ့သည့် တိုက်ပွဲကြောင့် ဆက်လက်ပြင်းထန်နိုင်သည့် အခြေအနေတွင်ရှိနေပြီး ဒေသခံများ လုံခြုံရေးစိုးရိမ်ကြောင့် ပင်လောင်းအနီးအနားတွင်မနေရဲဘဲ နောင်တရား ဘက်တို့တွင် တိမ်းရှောင်နေရကြောင်း သိရသည်။ “နီးစပ်ရာဒေသက မလုံခြုံတော့ဘူးလေ တိုက်ပွဲက…

သေမင်းလက်မှ သီသီလေး လွတ်မြောက်လာခဲ့သူများ

ခမ်းသားငေါဝ်း မတ်လ ၁၃၊ ၂၀၂၄ ရေးသားသူ- ခွန်ပေ “ဒရုန်းပစ်ချပြီး ငိုသံဆို ဆူညံနေတာဘဲ။ ဒဏ်ရာတွေလည်းရတော့ ညည်းသံတွေရော အော်သံတွေရောဘဲ။ အဲတာနဲ့ မပြီးသေးဘူး ကလေးတွေက ညီမတို့ရှိတဲ့ သဖန်းပင်အောက် ထပ်ပြေးလာကြတယ်။ ထပ်မံပြီး ဒရုန်းက သဖန်းပင် အပေါ်တည့်တည့် ပြန်ပစ်ချတယ် ကွက်တိပစ်ချတယ်။ လွဲတောင်မလွဲဘူး”ဆိုပြီး တုန်ရီတဲ့အသံ ငိုသံ တွေနဲ့ ပြောပြနေရှာပါတယ်။ ထိုသူကတော့…

မိုင်းပွန်ဂိတ်ကို အချိန်အကန့်အသတ်ဖြင့်သာ ဖွင့်ပြီးသွားလာခွင့်ပေး

ခမ်းသားငေါဝ်း မတ် ၁၃၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပွန်မြို့ အဝင်အထွက်ဂိတ်ကို စစ်ကောင်စီက အချိန်အကန့်အသတ်ဖြင့်သာ ဖွင့်လှစ်ပြီး ဖြတ်သန်းသွားလာခွင့်ပေးကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ဟိုပုံးနှင့် မိုင်းပွန်ကြားတိုက်ပွဲကြောင့် စစ်ကောင်စီက မိုင်းပွန်အဝင်အထွက်လမ်းများကိုပိတ်ထားကာ မတ်လ ၁ ရက်နေ့က ပြန်ဖွင့်ပေးထားသော်လည်း လက်ရှိတွင် ည ၆ နာရီမှ မနက် ၆ နာရီထိ ကားကြီး၊ ကားငယ်များကို…

ထမ်းယမ်ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနှင့် ၂ ညဆက်တိုက်အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်

ခမ်းသားငေါဝ်း မတ် ၁၃၊ ၂၀၂၄ ထမ်းယမ် ကျေးရွာဖက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် ၂ ညဆက်တိုက် ပစ်ခတ်တိုက်ခိုက်လာကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ထမ်းယမ်ကျေးရွာကို စစ်ကောင်စီက မတ်လ ၁၁ ရက်နေ့ညနှင့် မတ်လ ၁၂ ရက်နေ့ညတို့တွင် အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လာကြောင်း သိရသည်။ “အရင် လက်နက်ကြီးအိမ်ကိုထိကတည်းက…

ပင်လောင်းမြို့တောင်ဘက် တိုက်ပွဲပြင်းထန်ပြီး ရွာသားများနှင့် စစ်ရှောင်များဘေးကင်းရာ ထွက်ပြေးနေရ

ခမ်းသားငေါဝ်း မတ်လ ၁၀၊ ၂၀၂၄ ပင်လောင်းတောင်ဘက်ကျေးရွာတွင် စစ်ကောင်စီ၊ PNOပြည်သူ့စစ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး PDF တပ်တို့ အကြား တိုက်ပွဲဖြစ်ပွားနေပြီး ရွာသားနှင့်စစ်ဘေးရှောင်များ ဘေးကင်းရာ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ရွာသားတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် နမ်းဖာမူ၊ ဗန်းမောက်၊ကုန်းပေါ၊ကားရား ကျေးရွာတို့တွင် ယနေ့ မနက်ပိုင်းက တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “အကုန်လုံးနီးပါးထွက်ပြေးကုန်ပြီ။ တစ်ချို့ကျ အနီးနား…

တောင်ကြီးထိ စစ်ပွဲကျယ်ပြန့်လာခြင်းမလာခြင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီအပေါ်မှာသာမူတည်ကြောင်း PNFC ဥက္ကဌပြောဆို

ခမ်းသားငေါဝ်း မတ်လ ၁၀၊ ၂၀၂၄ ရှမ်းတောင်တိုက်ပွဲသည် တောင်ကြီးမြို့ထိ စစ်ပွဲကျယ်ပြန့်လာခြင်း မလာခြင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီ အပေါ်သာမူတည်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဌ ခွန်မြင့်ထွန်းက ပြောဆိုလိုက်သည်။ စစ်ကောင်စီက ဆီဆိုင်မြို့နယ်အတွင်း ဓာတုအဆိပ်ငွေ့ဖြင့်အသုံးပြုပြီးတိုက်ခိုက်လာသလို လေကြောင်းအသုံးပြုဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် လူနေအိမ်ပျက်စီးမှု တစ်နေ့ထက်တစ်နေ့များလာကြောင်း PNLAထုတ်ပြန်ချက်အရသိရသည်။ ‘’စစ်ကောင်စီက အခုလို လူထုကိုနှိပ်စက်ညှင်းပန်းပြပြီးတော့ တော်လှန်ရေးတပ်ဖွဲ့ကို ခြိမ်းခြောက်တယ်၊ ဖိအား ပေးတာတွေ လုပ်တယ်ဆိုရင်တော့ဖိနှိပ်မှုကြီးလေလေ တော်လှန်ရေးဟာ…

ကျောက္ကဆျားရွာအား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ဗုံး လာကြဲသဖြင့် နေအိမ်များပျက်စီးပြီးပြည်သူ တစ်ဦးသေဆုံး

ခမ်းသားငေါဝ်း မတ် ၈၊ ၂၀၂၄ ဟိုပုံးမြို့နယ် ကျောက္ကဆျား ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခြင်းကြောင့် ရွာခံတစ်ဦးသေဆုံးပြီး နေအိမ် ၆ လုံးထက်မနည်း ပျက်စီးခဲ့ရကြောင်း ပအိုဝ်းအမျိုးသား လွှတ်မြှောက်ရေး တပ်မတော် PNLA ထုတ်ပြန်ချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ ကျောက္ကဆျားကျေးရွာကို ယနေ့ မနက်ပိုင်း ၁၁ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ…

ဆီဆိုင်မြို့အတွင်း စစ်ကောင်စီက ဓာတုအဆိပ်ငွေ့ဗုံးဖြင့် အသုံးပြု တိုက်ခိုက်

ခမ်းသားငေါဝ်း မတ် ၈၊ ၂၀၂၄ ဆီဆိုင်မြို့အတွင်း စစ်ကောင်စီက ဓာတု အဆိပ်ငွေ့ဗုံးဖြင့် အသုံးပြုတိုက်ခိုက်နေကြောင်း ပအိုဝ်း အမျိုးသား လွှတ်မြှောက်ရေးတပ်မတော်PNLAက ယနေ့တွင် ထုတ်ပြန်ထားသည်။ ယင်းအဆိပ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခြင်းကြောင့် PNLA မှ ရဲဘော်များ အရေပြားယားယံခြင်း ၊မူးဝေ့ခြင်း၊ အသက်ရှူမြန်ဆန်ခြင်း ၊မအီမသာခံစားရခြင်း၊ စိတ်လှုပ်ရှားမှုမြန်ဆန်ခြင်း၊ မေားပန်းခြင်းနှင့် အောက်စီဂျင် ကျခြင်းတို့ ခံစားခဲ့ရကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။…

ဗန်းမောက်ရွာတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်များ လာရောက်တပ်စွဲသဖြင့် ဒေသခံနှင့်စစ်ဘေးရှောင်များ ထွက်ပြေးရ

ခမ်းသားငေါဝ်း မတ် ၇၊ ၂၀၂၄ ဗန်းမောက်ရွာတွင်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များ လာရောက်တပ်စွဲသဖြင့် ဒေသခံနှင့် စစ်ဘေးရှောင်လာသူများ ရွာထဲ မနေရဲပဲ ထွက်ပြေးနေရကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ၊ ဗန်းမောက်ကျေးရွာတွင် ယမန်နေ့နှင့် ယနေ့ တွင်စစ်ကောင်စီအင်အား များစွာနှင့် လာရောက်တပ်စွဲ ခြင်းကြောင့် ရွာသားများ ရွာထဲမနေရဲပဲ ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။…

You missed