Category: နိုင်ငံရေး / တိုက်ပွဲ

လုံးဒါကျေးရွာတွင် စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ်ဝင်ရောက်ပြီး ပြည်သူနေအိမ်ရှိ ပစ္စည်းများခိုးယူနေဟုဆို

ခမ်းသားငေါဝ်း မတ် ၂၈၊၂၀၂၄ မဲနယ်တောင်ဒေသကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့်ပြည်သူ့စစ်အဖွဲ့က လုံးဒါကျေးရွာအတွင်း ဝင်ရောက်ပြီး ဒေသခံပြည်သူများ၏ နေအိမ်ကိုဖောက်ထွင်း ပစ္စည်းသယ်ယူနေကြောင်းဒေသခံပြောပြချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် မဲနယ်တောင်ဒေသ လုံးဒါကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်တို့ကမတ်လ ၂၆ ရက်နေ့တွင်ဝင်ရောက်လာခဲ့သည်၊၊ “သူတို့ရွာထဲရောက်လာတယ် သူများဟာဖျက်ဆီး ပြီး အိမ်ဖောက်တာတွေ ပစ္စည်းယူတာတွေ ရှိတယ် (ဖဲ့ကွဥ်းသား PNLA)ကမရှိဘူး ရှိရင်တိုက်ပွဲဖြစ်ပြီ ခုကဘယ်သူရှိရှိ…

ကလောတွင် စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီးငွေကောက်ခံနေသည့်အတွက် အခက်ခဲဖြစ်ဟုဆို

ခမ်းသားငေါဝ်း မတ် ၂၈၊၂၀၂၄ ကလောမြို့နယ် ကျေးရွာအချို့တွင် စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး ဒေသခံပြည်သူများထံ ငွေကြေးကောက်ခံနေသည့်အတွက် အခက်အခဲဖြစ်နေရကြောင်း ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ကျေးရွာတချို့တွင် မတ်လ ၂၇ ရက်နေ့၌ စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါများကအိမ်တိုင်ရာရောက် ငွေကြေးလိုက်လံကောက်နေသည့်အတွက် ဒေသခံများအခက်အခဲဖြစ်နေသည်၊၊ “ကျွန်တော်တို့ရွာက တစ်အိမ်ကို ၁ သောင်းကျပ် ပိုက်ဆံပေးရင် စစ်မှုမထမ်းရတော့ဘူးပေါ့အဲ့လို ရွာသားတွေဆိုတော့ ထည့်ဆိုလည်းထည့်ပေးရတာပေါ့လေ အချို့အဆင်မပြေတဲ့သူတွေကျ…

လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကောင်စီတပ်ကျူးလွန်မှုကြောင့် မတ်လအတွင်း အမျိုးသမီးသေဆုံးမှု ၆၁ ဦးထိရှိ

ခမ်းသားငေါဝ်း မတ် ၂၈၊ ၂၀၂၄ လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကောင်စီတပ်ကျူးလွန်မှု ကြောင့် မတ်လအတွင်း မြန်နိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီး ၆၁ ဦးသေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မတ်လ၂၇ ရက်တွင်ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ တစ်နိုင်ငံလုံးရှိသေဆုံးရသည့် အမျိုးသမီးအရေအတွက်ဖြစ်ပြီး အသက် ၁၈ နှစ်အောက်သေဆုံးသူ(၁၆)ဦးနှင့်…

စစ်ကောင်စီက စစ်ရေးရှုံးနိမ့်သည်ကို အာရုံလွဲရန် လူမျိုးရေး ဘာသာရေးပဋိပက္ခဖြစ်ပေါ်အောင်ကြိုးပမ်းနေဟုဆို

ခမ်းသားငေါဝ်း မတ် ၂၆၊ ၂၀၂၄ စစ်ရေးရှုံးနိမ့်နေမှုများကို အာရုံလွဲသွားစေရန် စစ်ကောင်စီသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်ပေါ်ရန်ကြိုးပမ်းနေသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ၏ထုတ်ပြန်ချက်အရသိရသည်။ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်ကစစ်ရေးရှုံးနိမ့်နေမှုများကို အာရုံလွဲသွားစေရန် လူမျိုးရေး ဘာသာရေး ပဋိပက္ခများဖြစ်ပေါ်လာအောင် ယခုရက်ပိုင်းအတွင်း ပိုမိုအားစိုက်ကြိုးပမ်းနေသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ကမတ်လ(၂၅)ရက်နေ့တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်သည် လူမျိုးရေးပဋိပက္ခများဖြစ်ပွားစေရန် ရည်ရွယ်ချက်ဖြင့် မတ်လ(၁၉)ရက်နေ့တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေ…

နမ့်ဟူး ကျေးရွာမှ စစ်ဘေးရှောင်များ စားဝတ်နေရေး အရေးပေါ်လိုအပ်နေ

ခမ်းသားငေါဝ်း မတ် ၂၃၊ ၂၀၂၄ ဟိုပုံးမြို့နယ် ၊နမ့်ဟူးကျေးရွာမှ စစ်ဘေးရှောင်များစားဝတ်နေရေး အရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဟိုပုံးမြို့နယ်၊ နမ့်ဟူးကျေးရွာမှ စစ်ဘေးရှောင်များ စားဝတ်နေရေးအတွက် ဆန်၊ဆီ၊ဆား များအဓိကလိုအပ်နေပြီး အဝတ်အထည် ၊ အခင်းနှင့်စောင်များလည်း လိုအပ်သည်။ ” အမျိုးတွေ၊ အသိမိတ်တွေဆီမှာ ကိုယ်စီ စစ်ဘေးရှောင်နေကြရတော့ အလှူရှင်တွေက လက်လှမ်းမီဖို့ခက်တဲ့အတွက်ကြောင့် စားဝတ်နေရေးအခက်အခဲ ဖြစ်နေတယ်” ဟုစစ်ဘေးရှောင်တစ်ဦးက…

ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းများ လိုက်နာရန် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို NUG ထုတ်ပြန်

ခမ်းသားငေါဝ်း မတ် ၂၃၊ ၂၀၂၄ ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းများ လိုက်နာရန် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များကို အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ထပ်မံထုတ်ပြန်ထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး လိုက်နာရမည့် စစ်သည်ကျင့်ဝတ်များကို၊ စက်တင်ဘာလ (၇) ရက် နေ့၊ ၂၀၂၁ ခုနှစ်တွင် ပထမဦးဆုံးပြဋ္ဌာန်းခဲ့ပြီး စစ်သည်ကျင့်ဝတ်များနှင့် ဆက်လျဉ်း၍ လိုအပ်ချက်များထပ်မံဖြည့်စွက်ကာ မွန်းမံထားသည့် ကျင့်ဝတ်အသစ်အား မတ်လ…

ပင်လောင်း၊ နောင်တရားဖက် စစ်ဘေးရှောင်များထံ PNO ပြည်သူ့စစ် က ငွေကောက်ခံနေဟုဆို

ခမ်းသားငေါဝ်း မတ် ၂၃၊ ၂၀၂၄ ပင်လောင်း၊ နောင်တရားမြို့ပေါ်နှင့် ကျေးရွာဖက် စစ်ဘေးရှောင်စခန်းများတွင် PNO ပြည်သူ့စစ်က စစ်ရှောင်များထံ ငွေကောက်ခံသဖြင့် စစ်ရှောင်များအခက်ခဲ ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်ထံကသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ စစ်ရှောင်စခန်းများတွင် မတ်လ ၂၂ ရက်နေ့က စစ်ရှောင်အိမ်ထောင်စုတစ်စုကို PNO ပြည်သူ့စစ်က ငွေတစ်သိန်းကောက်ခံနေသည်၊၊ “စစ်ရှောင်ပါတယ်ဆိုမ ငွေကလာကောက်တယ်။အိမ်ထောင်စု တစ်စုကို တစ်သိန်းတဲ့…

နန်းတုတ်ရွာကိုစစ်ကောင်စီက ဗုံးလာကြဲသဖြင့် နေအိမ် ၅ လုံးနှင့် ဆေးပေးခန်းတစ်ခု ပျက်စီး

ခမ်းသားငေါဝ်း မတ် ၂၃၊ ၂၀၂၄ နန်းတုတ်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခြင်းကြောင့် ကျေးရွာရှိ နေအိမ် ၅ လုံးနှင့် ဆေးပေးခန်းတစ်ခု ပျက်စီးခဲ့ကြောင်း ရွာခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် ၊နန်းတုတ်ရွာကို မတ်လ ၂၂ ရက်နေ့ ညသန်းခေါင်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးလာကြဲချခဲ့သည်။ “လူအိပ်ချိန်ညသန်းခေါင်မှာ လေယာဥ်နဲ့ဗုံးကြဲ တိုက်ခိုက်တယ်…

ပင်လောင်းတောင်ဘက် တိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း မတ် ၂၂၊ ၂၀၂၄ ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် မတ်လ ၂၁ ရက်တွင် ကလေးငယ်တစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်း၊ နမ့်ဖာမူကျေးရွာတို့တွင် မတ်လ ၁၀ ရက်နေ့ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ ယနေ့အထိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။ “ဒဏ်ရာရတဲ့ကလေးက နမ်းဖာမူဖက်ပါ။လက်နက်ကြီးထိတာပါ ။…

တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လအိကျေးရွာ ဆေးရုံကို စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ပြည်သူ ၂ ဦး သေဆုံး

ခမ်းသားငေါဝ်း မတ် ၂၂၊ ၂၀၂၄ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံမြို့နယ် လအိကျေးရွာဆေးရုံကိုစစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဖယ်ခုံမြို့နယ်၊ လအိကျေးရွာဆေးရုံကို စစ်ကောင်စီက မတ်လ ၂၂ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်ခန့်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ (၂) ဦးသေဆုံးခဲ့ပြီး၊ (၃) ဦးထိခိုက်ဒါဏ်ရာရသွားသည်၊၊ ” ကျန်းမာရေးကိစ္စတွေဆိုလည်း ဒီဆေးရုံပဲအားထားကြရတာ၊ ဒါမျိုးတော့မလုပ်သင့်ပါဘူး”…

You missed