ဆီဆိုင်မြို့သို့တစ်ပတ်ပစ္စည်းပြန်သယ်ယူခွင့်စစ်ကောင်စီခွင့်ပြုသည့်အတွက် ပြန်သူများနေ
ခမ်းသားငေါဝ်း ဧပြီ ၃၊၂၀၂၄ ဆီဆိုင်မြို့အတွင်း ပြည်သူများအနေဖြင့် ပစ္စည်းပြန်သယ်ရန် အချိန်တစ်ပတ်ခွင့်ပြုမည်ဟုစစ်ကောင်စီကပြောဆိုသည့်အတွက် ပြန်ကြသူများနေကြောင်း သိရသည်။ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့အတွင်းသို့ပြန်ရန် စစ်ကောင်စီကခွင့်ပြုသည့်အတွက် ပြည်သူများ မိမိအိမ်ရှိပစ္စည်းပြန်သယ်ကြရာတွင် မြေမြုပ်မိုင်းများနင်းမိပြီး ထိခိုက်ဒဏ်ရာရမှုရှိသော်လည်း ပြန်ယူရန်လိုအပ်သည့်ပစ္စည်းအား အရဲစွန်းပြီးပြန်ကြသူများရှိနေသည်။ “လိုင်းပေါ်မှာ သူများပြန်တာလည်းတွေ့တော့ ကိုယ်လည်းရရာပစ္စည်းပြန်သယ်ချင်တာပေါ့ အရင်ရက်က မိုင်းနင်းမိတဲ့သူတွေလည်းရှိတော့ စိုးရိမ်မှုလည်းဖြစ်တာပေါ့”ဟုဆီဆိုင်မြို့ခံတစ်ဦးကခမ်းသားငေါဝ်းကိုပြောသည်။ ယခုရက်ပိုင်းတွင်ဆီဆိုင်သို့ ပစ္စည်းပြန်သယ်သူများနေပြီး အိမ်တိုင်းလိုလိုသူခိုးက တန်ဖိုးကြီးပစ္စည်းများခိုးယူပြီး ဖွထားကြောင်း သိရသည်၊၊…