Category: နိုင်ငံရေး / တိုက်ပွဲ

ရှမ်းတောင်တိုက်ပွဲ (၇၇) ရက်အတွင်း အရပ်သား သေဆုံးသူ ၅၈ ဦးအထိရှိလာ

ခမ်းသားငေါဝ်း ဧပြီ ၉ ၊ ၂၀၂၄ ရှမ်းတောင်တွင် တိုက်ပွဲဖြစ်ပွားသည့် (၇၇)ရက်အတွင်းအရပ်သားသေဆုံးသူ ၅၈ ဦးရှိပြီဖြစ် ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO က ဧပြီလ ၈ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ ယင်းသေဆုံးမှုတွင်အမျိုးသမီး ၃ ဦး ကလေး ၆ ဦး အမျိုးသား ၄၃ ဦး ကျားမအတည်မပြုနိုင်သူ ၆ ဦးပါဝင်ပြီး သေဆုံးမှုများသည်…

တိုင်းနှင့်ပြည်နယ် အသီးသီးရှိအကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသားများ သေဆုံးမှုမြင့်တက်နေ

ခမ်းသားငေါဝ်း ဧပြီ ၉ ၊ ၂၀၂၄ ဇန်နဝါရီလမှ မတ်လအထိ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ နိုင်ငံရေးအကျဥ်းသားများ သေဆုံးမှုမြင့်တက်လာကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီရေးအသင်း AAPP က ဧပြီလ ၈ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ နိုင်ငံရေးအကျဥ်းသား သေဆုံးမှုနှုန်း မြင့်တက်လာကာ နိုင်ငံရေးအကျဥ်းသူ ၂ ဦး၊ နိုင်ငံရေးအကျဥ်းသား ၈…

စစ်ကောင်စီလက်နက်ကြီးကြောင့် ကျောင်းသူသုံးဦးထိမှန် တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ

ခမ်းသားငေါဝ်း ဧပြီ ၉၊၂၀၂၄ စစ်ကောင်စီပစ်ခတ်သည့်လက်နက်ကြီးသည် တွေပူရွာတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသူသုံးဦးထိမှန်ပြီး တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် တွေပူကျေးရွားအတွင်း ဧပြီ ၈ ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပစ္စည်းပြန်ယူသည့် ကျောင်းသူ ၃ ဦးထိမှန်ပြီးတစ်ဦးပွဲချင်းပြီး သေဆုံးခဲ့သည်၊၊ “သူတို့ကတောထဲစစ်ရှောင်တာ မနေ့ကရေလိုလို့ဆိုပြီး အတူပြန်ယူကြတာ လက်နက်ကြီးက…

ပင်လောင်းတွင် PNO ပြည်သူ့စစ်နှင့် စစ်ကောင်စီက ဒေသခံများ၏ကားကိုချောဆွဲပြီး တိုက်ပွဲ ဖြစ်ပွားရာအထိ ခေါ်သွား

ခမ်းသားငေါဝ်း ဧပြီ ၅၊ ၂၀၂၄ ပင်လောင်းတွင် PNO ပြည်သူ့စစ်နှင့်စစ်ကောင်စီမတို့သည် ဒေသခံများ၏ ကားကို ချောဆွဲပြီး တိုက်ပွဲဖြစ်ပွားရာ နေရာအထိ ခေါ်သွားကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် PNO ပြည်သူ့စစ်နှင့် စစ်ကောင်စီတို့က မတ်လအတွင်း ဒေသခံများ၏ ကားကို ချောဆွဲပြီး လိုရာခရီးကို ပို့ဆောင်းခိုင်းရာ တိုက်ပွဲဖြစ်ပွါးနေရာထိသွားခဲ့ရသည်။ “သူတို့က တိုက်ပွဲဖြစ်ပွားတဲ့ နေရာ…

ထီရီးတောင်ဘက် တိုက်ပွဲဖြစ်ပွားခြင်းကြောင့် ဒေသခံများ တိမ်းရှောင်နေရ

ခမ်းသားငေါဝ်း ဧပြီ ၅၊ ၂၀၂၄ ထီရီးတောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားသောကြောင့် ‌ဒေသခံများ ထပ်မံထွက်​ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံတစ်ဦးပြောဆိုချက်အရ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ လင်လမ်တောင်ကျေးရွာအုပ်စု ထီရီးတောင်ဘက်တွင် ဧပြီလ (၄) ရက်နေ့၌ စစ်ကောင်စီတပ်၊ လက်အောက် ခံပြည်သူ့စစ်နှင့် တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ပွားသောကြောင့် ဒေသခံများထပ်မံတိမ်းရှောင်နေရသည်။ “တိုက်ပွဲက မနက်(၉)နာရီခွဲလောက်က စဖြစ်တာ၊ တနေကုန်ပဲ ခုချိန်ထိလက်နက်ကြီးသံတွေ ကြားနေရတုန်းပဲ…

ဆတ်သေမြေမဲ​ဒေသတွင် RCSS/SSA ကဂိတ်ကဲ့သို့ဖွင့်ပြီး ဆက်ကြေးကောက်ခံနေ

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ ရပ်စောက်မြိုနယ် ဆတ်သေ၊ မြေမဲ(ချို့ထီ၊ ဟမ်းဖြေင်း)ကျေးရွာဘက်တွင် (ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ)RCSS/SSAက ရွာတွင် ဂိတ်ကဲ့သို့ဖွင့်လှစ်ပြီး ဆက်ကြေးများတောင်းခံနေကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ဆတ်သေ၊ မြေမဲ (ချို့ထီ၊ ဟမ်းဖြေင်း)တွင် RCSS/SSA က တွဲကားတစ်စီး ၁၂ သိန်း၊ ၆ ဘီးကား ၆ သိန်း၊ ထွန်စက်…

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့်လက်ပါးစေကြောင့် သေဆုံးသူ လေးထောင်ရှစ်ရာကျော်ထိရှိလာ

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ အာဏာသိမ်းဖြစ်စဥ် စတင်ချိန်ကစပြီး စစ်ကောင်စီနှင့် လက်ပါးစေကြောင့် သေဆုံးသူစုစုပေါင်းမှာ (၄၈၃၀) ဦးရှိခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီရေးအသင်း AAPP က ဧပြီ ၃ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲသတ်ဖြတ်ခံရသူ (၁၇၀၀) ဦး ဝန်းကျင်ကိုလည်းသီးခြားပြုစုထားသည်ဟု ဖော်ပြထားသည်။ တော်လှန်ရေးနှင့်ပါတ်သက်၍ သေဒါဏ်ချမှတ်ထားခံရ၍ အကျဥ်းထောင်တွင်ထိန်းသိမ်းခံရသူ စုစုပေါင်း (၁၂၃)ဦး၊ မျက်ကွယ်သေဒါဏ်ချမှတ်ထားခံရသူ (၄၃)…

လွိုင်ကော်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသား ၁၃ ဦးအပါအဝင် အကျဥ်းသား/သူ ၃၈ ဦးလွတ်မြောက်လာ

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ လွိုင်ကော်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသား ၁၃ ဦးအပါအဝင် အကျဥ်းသား/သူ စုစုပေါင်း ၃၈ ဦးလွတ်မြောက်လာကြောင်း KPPA ထံကသိရသည်။ ကရင်နီပြည်နယ် လွိုင်ကော်အကျဥ်းထောင်တွင် အကျဥ်းသား ၃၈ ဦးကို ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ည ၁၂ ရီက လွတ်မြောက်လာကြောင်း KPPA ကရင်နီနိုင်ငံရေးအကျဥ်းသားအစည်းအရုံးကဆိုသည်။ “အပြစ်ဒဏ်ခံရမယ့်ရက်စေ့တော့ပြန်လွတ်လာတာပေါ့ မြို့မရဲစခန်းကိုပို့ဆောင်ပေးပြီးတော့…

ညောင်ရွှေမြို့နယ်တွင် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးအချို့ တာဝန်များမှ နှုတ်ထွက်ရပ်ဆိုင်း

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ ညောင်ရွှေမြို့ နှင့် အင်းလေးဒေသ အတွင်းရှိ အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှုးအချို့ တာဝန်မှ နှုတ်ထွက် ရပ်ဆိုင်းလိုက်ကြောင်း JMC – Innlay ထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ နှင့် အင်းလေးဒေသ ရှိ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး အချို့တို့သည် တာဝန်မှနှုတ်ထွက်ရပ်ဆိုင်းလိုက်ပြီး စစ်ကောင်စီအပေါ်ပံ့ပိုးကူညီပေးနေ မှုများကို…

ဒေသခံများ တိုင်တန်း၍ ဖမ်းမိသည့်သူခိုးများအား PNLA စစ်ဆေးနေဆဲဟုဆို

ခမ်းသားငေါဝ်း ဧပြီ ၄၊ ၂၀၂၄ ဆီဆိုင်တွင် သူခိုးများ အိမ်ဖောက်ခိုးယူနေချိန်တွင် အိမ်ရှင်များကမြင်ပြီး PNLA ကိုတိုင်းတန်းလာသဖြင့် ဖမ်းမိထားသည့် သူခိုးများအား ယခုတွင် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့ တိုက်ပွဲဖြစ်ပွားသည့် နှစ်လအတွင်းတွင် ပစ္စည်းလိုက်ခိုးနေသည့် သူခိုးများအား ပအိုဝ်းအမျိုးသားလွှတ်မြှောက်ရေးတပ်မတော် PNLA က ဖမ်းမိထားသည့်သူများရှိသည်။ “ဖမ်းမိတဲ့သူခိုးအများစုက ပြည်သူတွေသတင်းပေးပြီး ဖမ်းမိတာများတယ်။ ဖမ်းမိတာတွေကို အခုအရေးယူတာ စစ်ဆေးတားမျိူးပြုလုပ်နေတယ်”ဟု…

You missed