တီကျစ်ဒေသတွင် PNO ပြည်သူ့စစ်က ပြည်သူ့စစ်ခေါ်ခြင်း၊ဆက်ကြေးကောက်ခြင်း အတင်းအဓမ္မ ပြုလုပ်နေ
ခမ်းသားငေါဝ်း ဧပြီ ၃၀၊ ၂၀၂၄ တီကျစ်ဒေသတွင် PNO ပြည်သူ့စစ်က ပြည်သူ့စစ်ခေါ်ခြင်း၊ဆက်ကြေးကောက်ခြင်း အတင်းအဓမ္မ ပြုလုပ်နေပြီး ဧပြီနောက်ဆုံးထားစာရင်းပေးသွင်းရကြောင်းဒေသခံထံသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဘုရားဖြူကျေးရွာအုပ်စု တီကျစ်ဒေသတွင် PNOပြည်သူ့စစ်ကကျေးရွာအစည်းဝေးခေါ်ယူပြီး လုံခြုံရေးအတွက်ဆိုကာ တစ်ရွာနှစ်ယောက် တပ်သားသစ်ခေါ်ယူပြီးစာရင်းပေးရန် ဧပြီ၂၈ ရက်ကအစည်းဝေးပြုလုပ်ပြောဆိုခဲ့သည်။ “ရွာသူရွာသားတွေက သူတို့ကိုဆန့်ကျင်လို့မရဘူးလေ၊ သွားချင်တဲ့လူကိုရှာပြီး တစ်ယောက်ကို (၁၀)သိန်းလို့ သဘောတူထားတယ်၊ ကျွန်တော်တို့ရွာပေါ့ တခြားရွာတော့ဘယ်လိုပေးရလည်းမသိဘူး၊ လူနှစ်ယောက်လည်းကောက်ခံတယ်…