Category: နိုင်ငံရေး / တိုက်ပွဲ

လွိုင်ကော်အကျဥ်းထောင်တွင် နိုင်ငံရေးအကျဥ်းသူတစ်ဦးအပါအဝင် အကျဥ်းသား/သူစုစုပေါင်း ၆ ဦးလွတ်မြောက်လာ

ခမ်းသားငေါဝ်း ဇွန် ၄၊ ၂၀၂၄ လွိုင်ကော်အကျဥ်းထောင်တွင်နိုင်ငံရေးအကျဥ်းသူတစ်ဦးအပါအဝင် အကျဥ်းသား/သူစုစုပေါင်း ၆ဦးလွတ်မြောက်လာကြောင်း KPPA ထံမှ သိရပါသည်။ ကရင်နီပြည်နယ်ရှိ လွိုင်ကော်အကျဥ်းထောင်တွင် အကျဥ်းသား/သူ ၆ ဦးသည် ဇွန်လ ၄ ရက်နေ့ မနက်ပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း ကရင်နီနိုင်ငံရေးအကျဥ်းသားအစည်းအရုံး KPPAက ဆိုသည်။ “အရင်ကလိုပဲပြစ်ဒဏ်ချမှတ်ခံရတဲ့ရက်စေ့တော့ပြန်လွတ်လာတာပေါ့နော် အဲထဲမှာ နိုင်ငံရေးအမှုကတစ်ဦးပါတယ် ကျန်တဲ့လူတွေက တခြားအမှုတွေနဲ့လွတ်လာတယ်”ဟု KPPAမှတာဝန်ရှိသူတစ်ဦး‌က ပြောသည်။…

စစ်တွေမြို့ ၊ ဗျိုင်းဖြူရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအား ပြင်းထန်စွာရှုံ့ချကြောင်း NUG ဆို

ခမ်းသားငေါဝ်း ဇွန် ၄ ၊ ၂၀၂၄ ရခိုင်ပြည်နယ်၊စစ်တွေမြို့၊ ဗျိုင်းဖြူရွာတွင် စစ်ကောင် စီကရွာသားတွေကို အစုလိုက်အပြုံလိုက်နှိပ်စက်သတ်ဖြတ်မှုကို ပြင်းထန်စွာရှုံ့ချကြောင်း NUG က ဇွန်လ ၃ ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။ စစ်ကောင်စီတပ်ဖွဲ့၏ အင်အား ၁၇၀ ကျော်ပါသောစစ်ကြောင်းသည် မေလ ၂၉ ရက်နေ့တွင်ဗျိုင်းဖြူကျေးရွာကို အလုံးအရင်းဖြင့်ဝင်ရောက်လာပြီး တစ်ရွာလုံးပိတ်ဆို့ကာ သက်ကြီးရွယ်အိုနှင့် နို့စို့အရွယ်ကလေးပါမကျန် လမ်းပေါ်ထွက်ခိုင်းကာနှိပ်စက်သတ်ဖြတ်ခဲ့သည်။ အဆိုပါအသတ်ခံရသူများထဲတွင် အသက်…

စစ်ကောင်စီလက်နက်ကြီးကြောင့် လွယ်ပေါရွာသားသုံးဦး ပြင်းထန်စွာဒဏ်ရာရရှိပြီး နေအိမ်တစ်ချို့ ထိခိုက်ပျက်စီး

ခမ်းသားငေါဝ်း ဇွန် ၃ ၊ ၂၀၂၄ စစ်ကောင်စီလက်နက်ကြီးကြောင့် လွယ်ပေါရွာသားသုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး လူနေအိမ်တစ်ချို့ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ် ၊ လွယ်ပေါရွာတွင်မေလ ၃၁ ရက်နေ့က လွိုင်လင်လေး ၅၃၀ အမြှောက်တပ်မှ လက်နက်ကြီးပစ်ခတ်လာခြင်းကြောင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိပြီး လူနေအိမ်တသ်ချို့ပျက်စီးခဲ့ရကြောင်း သိရသည်။ “လူသုံးယောက်ထိတယ်။၂ ယောက်တော့ စိုးရိမ်ရတယ်လို့။…

တိုက်ပွဲအတွင်း ပျက်စီးခဲ့ရသည့် ဒေသခံနေအိမ်များ ပြန်ဆောက်ရန်အခက်အခဲရှိဟုဆို

ခမ်းသားငေါဝ်း မေ ၃၀၊ ၂၀၂၄ ဆီဆိုင်မြို့တွင် တိုက်ပွဲအတွင်း ပျက်စီးခဲ့ရသည့် ဒေသခံနေအိမ်များသည် ပြန်ဆောက်နိုင်ရန်အခက်အခဲကြုံနေရသည်ဟု မေလ(၃၀)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် တိုက်ပွဲအတွင်း ဒေသခံနေအိမ်များ လက်နက်ကြီး၊လေကြောင်း ဗုံးကြဲခံရမှုတို့ကြောင့် ပျက်စီးသွားခဲ့သည့် အိမ်များသည် ပြန်ဆောက်ရန်အခက်အခဲများ ကြုံနေရသည်။ “အခုတော်တော်များများတော့ မြို့ထဲပြန်နေကြပြီဆိုပေမယ့် မီးထဲနေအိမ်ပါသွားတဲ့လူတွေကျတော့ မပြန်နိုင်ကြသေးဘူး၊ နေအိမ်ပြန်ဆောက်ဖို့လိုတယ် အချို့ခါကျတော့ ဆောက်နေကြပါပြီ၊ အလုပ်မရှိအကိုင်မရှိတော့…

ရခိုင်တွင် ရိုဟင်ဂျာအရေးနှင့်ပတ်သက်ပြီး အတိတ်ကကြုံခဲ့ဖူးသည့် အမှားများအား သင်ခန်းစာယူရန် ယာယီသမ္မတ ပြော

ခမ်းသားငေါဝ်း မေလ ၂၉၊ ၂၀၂၄ ရခိုင်တွင် နိုင်ငံတကာရဲ့အာရုံစိုက်မှုကိုရရှိနေသည့် ရိုဟင်ဂျာအရေးနဲ့ပါတ်သက်ပြီး အတိတ်က ကြုံခဲ့ဖူးသည့် အမှားများအား သင်ခန်းစာယူကာ ငြိမ်းချမ်းစွာ အတူယှဥ်တွဲရေးအပေါ်ရပ်တည်ကြရန် အမျိုး သားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပြောဆိုခဲ့သည်။ ရခိုင်ပြည်နယ်တွင် အနောက်တံခါးပြဿနာဟုခေါ်သည့် ပထဝီနိုင်ငံရေးပြသနာဟာ ကိုလိုနီစနစ်၏ အမွေဆိုးတစ်ခုအနေဖြင့် အခုချိန်ထိခံစားနေရကြောင်း၊ ယခုအချိန်တွင် ရိုဟင်ဂျာအရေးနှင့် ပါတ်သက်ပြီး စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်အောင်…

နိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့်မြို့ ၆၀ နီးနီးထိရှိလာ

ခမ်းသားငေါဝ်း မေ ၂၉ ၊ ၂၀၂၄ ရှမ်းမြောက်ဒေသက အစပျိုးခဲ့သည့် ၁၀၂၇ စစ်ဆင် ရေးနောက်ပိုင်း နိုင်ငံတစ်ဝန်းတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထိန်းချုပ်ထားသည့်မြို့ပေါင်း ၅၉ မြို့ထိရှိလာသည်ဟု BNI – Myanmar Peace Monitor ကထုတ်ပြန်ထားသည်။ အဆိုပါသိမ်းပိုက်ထိန်းချုပ်ထားနိုင်သည့် မြို့များမှာ ရှမ်းမြောက်တွင် ၁၇ မြို့၊ ချင်းတွင် ၁၃ မြို့၊ ရခိုင်တွင်…

ရပ်​စောက်မြို့နယ်အတွင်း မတ်လကုန်မှ မေလအထိ RCSS က ၆ ကြိမ် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း SSPP ပြောဆို

ခမ်းသားငေါဝ်း မေ ၂၇ ၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း သွားလာလုပ်ရှားသည့် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့အား ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS မှမတ်လကုန်မှ မေလအထိ ခြုံခိုတိုက်ခိုက်မှု(၆)ကြိမ် ရှိကြောင်း SSPP က မေလ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ RCSS ဖက်က မိုင်းဆွဲတိုက် ခိုက်ခြင်း ၊ ခြုံခိုတိုက်ခိုက်ခြင်းများပြုလုပ်ခြင်းအား…

ရခိုင်ပြည်တွင် ပထမဆုံးအကြိမ်၊ အရာရှိလေ့ကျင့်ရေးသင်တန်းဆင်းပွဲပြုလုပ်

ခမ်းသားငေါဝ်း မေလ၂၄၊ ၂၀၂၄ ရခိုင်ပြည်တွင် ပထမဆုံးအကြိမ်အဖြစ် AA က အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဥ် ၃ သင်တန်း ဆင်းပွဲကို မေလ ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ စစ်ရေး၊ နိုင်ငံရေးရည်ရွယ်ချက်ဖြင့်၊ အာရက္ခတပ်တော် AA၊ စစ်ရုံးချုပ်မှ ဦးဆောင်ကျင်းပသော အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဥ် ၃ သင်တန်းဆင်းပွဲ…

ရှမ်းတောင်တိုက်ပွဲတွင် သုံးလကျော်အတွင်း အရပ်သားထိခိုက်ဒဏ်ရာရမှု ၉၈ ဦးအထိတိုးလာ

ခမ်းသားငေါဝ်း မေ ၂၁ ၊ ၂၀၂၄ ရှမ်းတောင်တိုက်ပွဲတွင် သုံးလကျော်အတွင်း အရပ်သားထိခိုက်ဒဏ်ရာရမှု ၉၈ ဦး အထိတိုးလာသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO)မှ မေလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ပင်လောင်းတိုက်ပွဲ ရက်ပေါင်း(၁၁၉)ရက်အတွင်းတွင် အရပ်သားထိခိုက်ဒဏ်ရာရသူ ၉၈ ဦးအထိရှိနေပြီး ယင်းအထဲမှ အမျိုးသား ၄၈ ဦး၊ အမျိုးသမီး၂၂…

နောင်ချိုမြို့တွင်စစ်ဘေးရှောင်များ စားနပ်ရိက္ခာအရေးပေါ်လိုအပ်

ခမ်းသားငေါဝ်း မေ ၂၁ ၊ ၂၀၂၄ နောင်ချိုမြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ထံက သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်သော ကြောင့် ဒေသခံစစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။ “ဒေသခံတွေကတော့ အများကြီးပဲစစ်ရှောင်နေရတယ်၊ သူတို့အတွက်အဓိကတော့ စားနပ်ရိက္ခာတွေပေါ့နော်၊ အလှူရှင်တွေလည်းလိုအပ်နေတယ်၊ အခုကမိုးတွင်းလည်းရောက်လာပြီဆိုတော့ ခြင်တွေပေါလာတော့မှာ ခြင်ထောင်တွေလည်းလိုအပ်တာပေါ့၊…