Category: နိုင်ငံရေး / တိုက်ပွဲ

မောင်တောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို AA ထပ်မံသိမ်းပိုက်လိုက်ပြီး ဗိုလ်မှူးကြီး ၁ ဦးအပါအဝင် ၂၀၀ ကျော်သေဆုံး

ခမ်းသားငေါဝ်း ဇွန်လ ၁၅၊ ၂၀၂၄ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကိုဇွန်လ ဒုတိယပါတ်အတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း အာရက္ခတပ်တော် AA ကဇွန်လ ၁၄ ရက်နေ့တွင်ထုတ်ပြန်ထားပါသည်။ မောင်တောမြို့နယ်အတွင်းရှိ နခခ ၄ တပ်ရင်းငှာနချုပ်နှင့် အလယ်သံကျော်စခန်းတို့ကို ဇွန်လ ၁၀ ရက်နေ့ တွင်လည်းကောင်း၊ မောရဝတီဗျူဟာနှင့် နခေါင်းတိုစခန်းတို့အား ဇွန်လ ၁၃ ရက်နေ့တွင်လည်းကောင်း…

စစ်ကောင်စီ၏ လက်နက်ကြီးနှင့်မြေမြုပ်မိုင်းကြောင့် ဇွန်လအတွင်း ပြည်သူ ၁ ဦးသေဆုံး၊ ၆ ဦးထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း ဇွန် ၁၃၊ ၂၀၂၄ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေလယ်ခထွီခရိုင်အတွင်း၌ ဇွန်လအတွင်း စစ်ကောင်စီ၏လက်နက်ကြီးနှင့်မြေမြုပ်မိုင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့ကြောင်း ကေအဲန်ယူဗဟိုမှ ထုတ်ပြန်ထားသည်။ ကေအဲန်ယူ-မူးမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း ဇွန်လ ၄ ရက်နေ့တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကြိတ်ခါးကုန်းကျေးရွာနေ ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရခဲ့ ပြီး ဇွန်လ ၆ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ ထွနီကုန်းကျေးရွာအတွင်းသို့ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီးပစ်ခတ်ခဲ့ခြင်းကြောင့်…

ရှမ်းတောင် တိုက်ပွဲအတွင်း အရပ်သားသေဆုံးသူ ၇၇ ဦးရှိလာ

ခမ်းသားငေါဝ်း ဇွန် ၁၃၊ ၂၀၂၄ ရှမ်းပြည်နယ်တောင်ပိုင်း၊ တိုက်ပွဲဖြစ်ပွားသည့် လေးလကျော်အတွင်း အရပ်သားသေဆုံးသူ ၇၇ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ဦးကျော်ရှိပြီဖြစ်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ထုတ်ပြန်ချက်အရသိရသည်။ တိုက်ပွဲဖြစ်သည့် ၁၄၀ ရက်အတွင်း အရပ်သားပြည်သူ ၇၇ သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၁ ရှိကာသေဆုံးသူသည် လက်နက်ကြီး၊လေကြောင်းတိုက်ခိုက်မှု၊ ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရခြင်းတို့ကြောင့် သေဆုံးမှုအများဆုံးဖြစ်ကြောင်း သိရသည်။…

မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် လာတိုက်ခိုက်ရာ ၃ ဦးဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇွန် ၁၀၊ ၂၀၂၄ မိုးမိတ်မြို့နယ်ရှိ တအာင်းတပ်မတော် TNLAတပ်စခန်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးဖြင့် လာရောက်တိုက်ခိုက်ပြီး TNLA တပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇွန်လ ၉ ရက်နေ့တွင် TNLA ကထုတ်ပြန်ထားသည်။ တအာင်းပြည်၊ တပ်မဟာ(၃) စစ်ဒေသ၊ မိုးမိတ်မြို့နယ်ရှိ TNLA တပ်စခန်းအား ဇွန်လ ၉…

ရွာငံPDF အပတ်စဉ် ၁ အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်

ခမ်းသားငေါဝ်း ဇွန် ၁၀ ၊ ၂၀၂၄ ရွာငံPDF-(JPRF) Localအဖွဲ့မှ အပတ်စဥ်(၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇွန်လ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း ရွာငံPDFထုတ်ပြန်ချက်အရ သိရသည်။ ယင်းစစ်သင်တန်းကို၂ လကြာပြုလုပ်ပြီး သင်တန်းကာလတွင်ရဲဘော်များအား ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေရန်နှင့်ခက်ခဲ ၊ ကြမ်းတမ်း၊ ပြင်းထန်သည့် သင်တန်းအမျိုးအစားများ ပါဝင်သကဲ့သို့ စိတ်ဓာတ်ပိုင်း လိုအပ်ချက်ဖြစ်သည့် နိုင်ငံရေး အခြေခံအသိကိုလည်း ထည့်သွင်းသင်ကြားပေးခဲ့ကြောင်း…

ပြည်သူ့စစ်သင်တန်းတက်ထားသည့် ရွှာသားများ ပြည်သူ့လုံခြုံရေးစောင့်ရှောက်ရန် ရွာသူကြီးကအဖွဲ့ ဖွဲ့ပေး

ခမ်းသားငေါဝ်း ဇွန် ၉ ၊ ၂၀၂၄ ပင်လောင်း မြို့နယ် တခါးယဥ်ကျေးရွာတွင် စစ်သင်တန်းတက်ထားသည့် ရွာသားများအား ပြည်သူ၏လုံ ခြုံရေးစောင့်ရှောက်ရန် ရွာသူကြီးက အဖွဲ့များ ဖွဲ့ပေးခဲ့ကြောင်း သိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပင်လောင်း မြို့နယ် လိန်းညာကျေးရွာအုပ်စု တခါးယဥ်ကျေးရွာရှိ စစ်သင် တန်းတက်ထားသည့် ရွာသားများအား ပြည်သူ့လုံ ခြုံရေးစောင့်ရှောက်ရန်နှင့် စစ်ပွဲဖြစ်လျှင်ဝင်ကူရန်ဟုဆိုကာဇွန်လ ၇ ရက်နေ့…

အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ရှမ်းလူငယ်ထုဆို

ခမ်းသားငေါဝ်း ဇွန်လ ၈၊ ၂၀၂၄ ရှမ်းအမျိုးသားညီညွတ်ရေး၊ တိုင်းရင်းသားများနှင့်ယှဥ်တွဲနေထိုင်ရေး၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပထမအကြိမ် ရှမ်း(တိုင်း)လူငယ်ထုညီလာခံမှသဘောထားထုတ်ပြန်ထားသည်။ ရှမ်းလူငယ်ထုညီလာခံကို ကမေလ ၁၃ ရက်နေ့ မှ ၁၅ ရက်နေ့ထိ ထိုင်း​မြန်မာနယ်စပ်တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပကြောင်းသိရ သည်။ ညီလာခံတွင် နိုင်ငံရေး၊စစ်ရေး၊တော်လှန်ရေးဆိုင်ရာကဏ္ဍများအပါအဝင် သဘာဝပါတ်ဝန်းကျင်နှင့်သယံဇာတအရင်းမြစ်ဆိုင်ရာကဏ္ဍ၊ လူ့အခွင့်အရေးနှင့် အမျိုးသမီးဆိုင်ရာကဏ္ဍတို့ကို ဦးစားပေးဆွေးနွေးဖလှယ်ခဲ့ကြကြောင်းသိရသည်။ ” လက်ရှိညီလာခံသဘောထားအကျဥ်းချုပ်ရလဒ်ရတော့ ရှမ်း အမျိုးသားညီညွတ်ရေး၊…

စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ကိုယ်ဝန်သည် ၁ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး

ခမ်းသားငေါဝ်း ဇွန်လ ၇၊ ၂၀၂၄ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်သည် ၁ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီသွားကြောင်း ကေအဲန်ယူ-ဗဟိုကဇွန်လ ၆ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း ဇွန်လ ၂ ရက်နေ့တွင် သိမ်ဇရပ်မြို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီးအလုံး ၃၀ ကျော်ပစ်ခတ်ခဲ့ရာ စစ်ကွင်းရွာတွင်နေအိမ် ၂ လုံးပျက်စီးသွားကြောင်းသိရသည်။ ထို့အပြင်…

နမ့်ခမ်းတွင် စည်းကမ်းမလိုက်နာသည့် ဆေးရုံ၊ဆေးခန်းများအားအရေးယူမည်ဟု TNLA ဆို

ခမ်းသားငေါဝ်း ဇွန်လ ၇၊ ၂၀၂၄ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ရှိ ပုဂ္ဂလိကဆေးရုံ၊ဆေးခန်း၊ ဆေးဆိုင်တွင် သက်တမ်းကုန်ဆေးဝါးများရောင်းဝယ်သုံးစွဲခြင်းနှင့် ခွင့်ပြုချက်မရှိသောဆေးဝါးများရောင်းဝယ်ခြင်းများမပြုလုပ်ရန် မလိုက်နာပါက အရေးယူမည်ဟု တအောင်းအမျိူးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဇွန်လ ၆ ရက်နေ့တွင်ထုတ်ပြန်ကြေညာခဲ့သည်။ နမ့်ခမ်းမြို့ရှိ ပုဂ္ဂလိကဆေးရုံများကို PSLF/TNLA အုပ်ချုပ်ရေးဌာန လက်အောက်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ နှင့် ဆေးဝါးကျွမ်းကျင် CDM ဝန်ထမ်းများ ပူးပေါင်းစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်းသိရသည်။…

နိုင်ငံတစ်ဝန်း ၅ လအတွင်းစစ်ကောင်စီကြောင့် ပညာရေးကဏ္ဍမှ ၂၈ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇွန် ၅ ၊ ၂၀၂၄ နိုင်ငံတစ်ဝန်းတွင် ဇန်နဝါရီလမှ မေလအထိ ၅ အတွင်း စစ်ကောင်စီ ကြောင့် ပညာရေးကဏ္ဍမှ အမျိုးသမီး ၁၂ ဦးနှင့် အမျိုးသား ၁၆ ဦးစုစုပေါင်း ၂၈ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီရေးအသင်း AAPP က ဇွန်လ ၄ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ အဆိုပါသေဆုံးသူများထဲတွင် ၁၉ ဦးသည်လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့ပြီး…