Category: နိုင်ငံရေး / တိုက်ပွဲ

ရပ်စောက်မြို့နယ် လွယ်တင်ရွာဘက် တောထဲတွင် RCSSနှင့် SSPP တို့တိုက်ပွဲဖြစ်

ခမ်းသားငေါဝ်း ဇွန် ၂၅ ၊ ၂၀၂၄ ရပ်စောက်မြို့နယ် လွယ်တင်ရွာဘက် တောထဲတစ်နေရာတွင် ဇွန်လ ၂၄ ရက် မနက် ၈ နာရီအချိန်က RCSS နှင့် SSPP တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် လွယ်တင်ရွာဘက်တောထဲတစ်နေရာတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့တိုက်ပွဲဖြစ်ပွားခဲ့သည်၊၊ “နည်းနည်းဝေးပါတယ်ပစ်ကြတာ ဆက်သေမြေမဲမြောက်ဘက်…

စစ်အကြွင်းအကျန်တစ်ခုပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိ

ခမ်းသားငေါဝ်း ဇွန်လ ၂၂၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက် ပိုင်း၊ လားရှိုးမြို့ ရပ်ကွက် ( ၇ )နယ်မြေ( ၆ )ရှိ ရပ်ကွက်ရုံးရှေ့တွင် စစ်လက်နက်ကြွင်းကျန်တစ်ခုပေါက်ကွဲမှုကြောင့် အသက် ၁၂ အရွယ်ကလေး လက်နှစ်ဖက်ပြတ်ဒဏ်ရာရပြီး ၃ ဦးအပြင်းထန်ဒဏ်ရာရသွားကြောင်း TNLA က ဇွန်လ ၂၁ ရက်နေ့တွင်ထုတ်ပြန်ထား သည်။ အဆိုပါကလေးငယ်များသည် ရပ်ကွက်ရုံးအနီးတွင် လက်နက်အမျိုးအစားမသိသည့်…

စစ်ကောင်စီ စုကလိစစ်ဆင်‌ရေးခြေကုတ်စခန်းကို KNLAပူး‌ပေါင်းအဖွဲ့များက အပြီးသိမ်းပိုက်

ခမ်းသားငေါဝ်း ဇွန် ၂၀ ၊ ၂၀၂၄ မြဝတီမြို့တောင်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်၏ စုကလိစစ်ဆင်ရေးခြေကုတ်စခန်းကို ဇွန်လ(၁၈)ရက်နေ့၌ KNLAနှင့် ပူးပေါင်းအဖွဲ့က အပြီးသတ်သိမ်းပိုက်ထားသည်ဟု Kawthoolei Todayက ဇွန်လ(၁၉)ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။ ကရင်ပြည်နယ်၊ ကော်သူးလေရာမတီးမြို့(မြဝတီ) တောင်ဘက်ရှိ ၎င်းစစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့်ရက်ပိုင်းမှစကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၆)နှင့် ပူးပေါင်းတပ်ဖွဲ့တို့က စတင်တိုက်ခိုက်ခဲ့ပြီး အပြီးသိမ်းပိုက်နိုင်ခဲ့သည်။ ထိုသို့ထိုးစစ်ဆင်တိုက်ခိုက်နေစဥ် စစ်ကောင်စီတပ်ဘက်မှ ဝေါလေ…

လွယ်မောတောင်ဘက် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇွန် ၁၉၊ ၂၀၂၄ ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်ဘက် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ကဆိုသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်ဒေသ ထမ်းယံတိုင်ကျေးရွာအနီး၌ ဇွန်လ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာသဖြင့် PNLA နှင့်တိုက်ပွဲ ဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၃…

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် TNLA တပ်သား ၁ ဦးသေဆုံး ၄ ဦးဒဏ်ရာ

ခမ်းသားငေါဝ်း ဇွန် ၁၉၊ ၂၀၂၄ ရှမ်းပြည်မြောက်ပိုင်း၊နောင်ချို့မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်းဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA တပ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့ကြောင်း TNLA က ဇွန်လ ၁၈ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ အုမ္မတီးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဆမ္မဆယ် ရွာဘက်သို့ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းရှိရာသို့ကျရောက်ပေါက်ကွဲခဲ့ပြီး ဇွန်လ…

ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲပြင်းနေထန်ပြီး ဒေသခံများစွာပိတ်မိနေ

ခမ်းသားငေါဝ်း ဇွန် ၁၈၊ ၂၀၂၄ ပင်လောင်းတောင်ဘက်တွင် တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်း ဒေသခံများစွာပိတ်မိ နေကြောင်းဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နမ်းဖာမူ၊ နောင်ဝိုး ၊ဗန်းမောက် ၊ ကုန်းပေါ၊ လဲလောင်းရွာ အနီးတစ်ဝိုက်တွင် ယနေ့ မနက်ပိုင်းက စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးအင်အားစုတပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။ “မနေ့ကလက်နက်ကြီးဘဲပစ်တာ ဒီနေကျတစ်နေကုန် တိုက်နေကြတယ်။ မထွက်နိုင်တဲ့လူလည်းအများကြီးရှိတယ်။…

မောင်တောမြို့အား ရခိုင့်တပ်တော် AA ကထိုးစစ်ဆင်တိုက်တော့မည်ဖြစ်သည့်အတွက် ပြည်သူများကို အသိပေးချက်ထုတ်ပြန်

ခမ်းသားငေါဝ်း ဇွန် ၁၇၊ ၂၀၂၄ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အား ရခိုင့်တပ်တော် AA ကထိုးစစ်ဆင်တိုက်တော့မည်ဖြစ်သည့်အတွက် ပြည်သူများ မြို့တွင်းမှထွက်ခွါရန် ဇွန်လ ၁၆ ရက်တွင် သသိပေးချက်ထုတ်ပြန်ထားသည်၊၊ မောင်တောဒေသခံပြည်သူလူထုတို့၏အသက်အန္တရာယ်ကိုစိုးရိမ်သည့်အတွက်ကြောင့် မောင်တောမြို့နယ်ရှိသများ ဇွန်လ(၁၆)ရက်၊ည(၉)နာရီအချိန်မှစတင်ပြီးမောင်တောမြို့အတွင်းမှအမြန်ဆုံးချက်ချင်းထွက်ခွာကြရန်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်မှအလေးအနက်အသိပေးခြင်းဖြစ်ကြောင်း ဆိုထားသည်။ စစ်ကောင်စီသည်မောင်တောမြို့အား ၎င်းတို့၏စစ်စခန်းများသဖွယ်အသုံးပြုပြီး မြို့ပြစစ်‌ဆင်ရေးကိုပြုလုပ်ရန်ကြိုတင်ပြင်ဆင်ထားသည်မှာ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ကျန်စခန်းများအားလုံးကိုAAမှဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တော့မည်ဟုဆိုသည်၊၊ မြို့သူမြို့သားများအနေဖြင့်စစ်ကောင်စီ၏လမ်းမ၊အိမ်များအတွင်းမှခုခံစစ်ပြင်ထားသည့်နေရာများ၊တိုက်အဆောက်အအုံများပေါ်ရှိစနိုက်ပါပစ်ရန်ပြုလုပ်ထားသောနေရာများနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာနေရာများတွင်အတူပူးတွဲနေထိုင်ခြင်းမျိုးမရှိစေရန်သတိပေးအပ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ ဘင်္ဂလားပင်လယ်အော်နှင့်အပြိုင်တည်ရှိနေသောမောင်တောမြို့နယ်ရှိစစ်ကောင်စီ၏စခန်းများအားလုံးနီးပါးအားအာရက္ခတပ်တော်ထိုးစစ်ဆင်တိုက်ခိုက်၍အပြီးသတ်သိမ်းပိုက်ထားပြီးသည့်အချိန်တွင်မောင်တောမြို့နှင့်မောင်တောပတ်ဝန်းကျင်ရှိစစ်ကောင်စီ၏လက်ကျန်စခန်းများအားလုံးကိုလည်းဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ PPV0010

မိုးရေနှင့်မျောပါလာသည့်စစ်ကောင်စီတပ်အလောင်းများ တော်လှန်ရေးတပ်ဖွဲ့သင်္ဂြိုလ်ပေး

ခမ်းသားငေါဝ်း ဇွန် ၁၇၊ ၂၀၂၄ ညောင်လေးပင် ရွာအနီးတိုက်ပွဲအတွင်းသေဆုံးသည့် စစ်ကောင်စီတပ်သားများ ၃ လကျော်သည့်အထိ လာရောက်ကောက်ယူခြင်းမရှိခြင်းကြောင်း မိုးရွာသည့်အခါ လမ်းပေါ်နှင့်ပြောင်းခြံများထဲထိ မျောပါလာကြောင်း ဒေသခံထံကသိရသည်၊၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ၊ညောင်လေးပင်ရွာ၊ ရေပူရွာအနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် မတ်လတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြသည့် စစ်ကောင်စီတပ်သားအလောင်းများကို လာရောက်ကောက်ယူခြင်းမရှိခြင်းကြောင့် ယခုလ မိုးကြီးသည့်အခါ ချောင်းထဲမြောင်းထဲရှိ ယင်းအလောင်းများ ရေထဲမျောပါလာပြီး တော်လှန်ရေးတပ်ဖွဲ့များက သင်္ဂြိုလ်ပေးခဲ့သည်၊၊…

အင်းလေးကန်အနောက်ဘက်ခြမ်းလုံကန်ကျေးရွာတွင် PNO ပြည်သူ့စစ်တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇွန် ၁၆၏ ၂၀၂၄ ညောင်ရွှေမြို့နယ် အင်းလေးကန်အနောက်ဘက်ခြမ်း လုံကန်ကျေးရွာရှိ PNO ပြည့်သူ့စစ်ဂိတ် ဇွန်လ ၁၅ ရက် မနက် ၈ နာရီအချိန်တွင် တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးသွားကြောင်း ဒေသခံထံက သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်အနောက်ခြမ်း လုံကန်ကျေးရွာအနီးနမ့်ဟူးလမ်းဆုံတွင်ဦးခွန်ဇော် ဦးဆောင်သည့် PNO ပြည်သူ့စစ်ဂိတ်အား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက လာရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် PNO…

စစ်အာဏာရှင် မှန်သမျှအမြစ်ပြတ်တိုက်ဖျက်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု PNLA ပြောဆို

ခမ်းသားငေါဝ်း ဇွန်လ ၁၅၊၂၀၂၄ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) သည် ဘဝတူ ညီနောင်များနှင့်အတူ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်တိုက်ဖျက်ရေးတွင် ဆက်လက်ပါဝင်လက်တွဲသွားမည်ဟု တပ်တည်ထောင်ခြင်း ၁၇ နှစ်ပြည့်အခမ်းအနားတွင်ပြောဆိုလိုက်သည်။ ” ကျွန်တော်တို့ရဲ့မူလ ရည်မှန်းချက်ဖြစ်တဲ့၊ အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးတွင် ညီနောင်တိုင်းရင်းသားများနှင့်အတူ ဆက်လက်လက်တွဲဆောင်ရွက်သွားမယ်”ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ခမ်းသားငေါဝ်းကို ပြောသည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တည်ထောင်ခြင်း…