Category: နိုင်ငံရေး / တိုက်ပွဲ

ဒုံးတပ် ၆၀၆ ထွက်ပြေးစစ်သားများကို လိုက်ရှင်းရင်း ဂုတ်ထိပ်/ဂုတ်တွင်းစခန်းကို TNLA/DPLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ခမ်းသားငေါဝ်း ဇူလိုင်၁၃၊ ၂၀၂၄ လားရှိုး -မန္တလေးလမ်းပေါ်ရှိ ဂုတ်ထိပ်/ဂုတ်တွင်းစခန်းကို TNLAနှင့် DPLA ပူးပေါင်းအဖွဲ့က သိမ်းပိုက် နိုင်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။ နောင်ချိုမြို့ နောက်ဆုံးခံတပ် ဒုံးတပ်(၆၀၆)တပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဂုတ်ထိပ်/ ဂုတ်တွင်းစခန်းထံ ထွက်ပြေးသွားကာ လိုက်လံရှင်းလင်းရာမှသိမ်းဆည်းရမခြင်းဖြစ်ကြောင်း PSLF/TNLA က ဆိုသည်။ ထိုဒီစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများနှင့်အတူ လက်နက် ၁၅…

KNU ထိန်းချုပ်နယ်မြေတွင် ၆ လတာအတွင်း တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၁၉၀၃ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၈၁ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင် ၁၃၊ ၂၀၂၄ KNU ထိန်းချုပ် နယ်မြေတွင် ၆ လတာအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ၁၉၀၃ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်လိုက်သည်။ ၂၀၂၄ ခုနှစ် ပထမ ၆ လတာ တိုက်ပွဲများအတွင်း ဖြစစ်ကောင်စီတပ်သား ၁၉၀၃ ဦး သေဆုံးပြီး ၁၂၇၅ ဦးခန့် ထိခိုက်…

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) တိုက်ပွဲ ၁၈ ရက်အတွင်း အရပ်သားပြည်သူ ၅၈ ဦးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင်၁၃၊၂၀၂၄ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) တိုက်ပွဲ ၁၈ ရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှကြောင့် အရပ်သားပြည်သူ ၅၈ ဦးအထိသေဆုံးခဲ့ရပြီဖြစ်ကြောင်း TNLA သတင်းထုတ်ပြန်ချက်အရသိရသည်။ စစ်ကောင်စီက အရပ်သားများကို ဦးတည်ကာ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် (၁၀၀) နီးပါးထိခိုက်ပျက်စီးပြီး ပြည်သူ ၈၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဆိုသည်။ ဇူလိုင် ၁၂ ရက်နေ့က လားရှိုးမြို့…

မကျည်းချောင်းနယ်ခြားစောင့်တပ်စခန်းကို AA သိမ်းပိုက် စစ်ကောင်စီတပ်သားအချို့ ဘင်္ဂလားဘက်ထွက်ပြေး

ခမ်းသားငေါဝ်း ဇူလိုင် ၁၂၊ ၂၀၂၄ ရခိုင်ပြည်နယ် မောင်တောမြို့ရှိ နခခ (၅)၏ အနီးပတ်ဝန်းကျင် မကျည်းချောင်း( မကျီးချောင်း) နယ်ခြားစောင့်တပ်စခန်းကို၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် အာရက္ခတပ်တော်(AA) သည်သိမ်းပိုက်ရရှိကြောင်း ထုတ်ပြန်ထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား အလောင်း၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့ကာ သုံ့ပန်းအချို့ကိုလည်း လက်ရဖမ်းဆီးရမိခဲ့သည်။ ထို့အ​ပြင် စစ်ကောင်စီတပ်သား…

နောင်ချိုမြို့ရှိစစ်ကောင်စီ လက်ကျန်စခန်း အမှတ် ၆၀၆ ဒုံးတပ်ရင်းကို TNLA ပူးပေါင်းတပ်တို့ သိမ်းပိုက်

ခမ်းသားငေါဝ်း ဇူလိုင် ၁၀၊၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ တပ် အမှတ် ၆၀၆ ဒုံးတပ်ရင်းကို ဇူလိုင် ၁၀ ရက်မွန်းလွဲပိုင်းက သိမ်းပိုက်နိုင်ခဲ့ကြောင်း TNLA ထံက သိရသည်။ ဇွန်လ ၂၅ ရက်နေ့ကစသည့် ၁၀၂၇ စစ်‌ဆင်ရေး ဒုတိယလှိုင်းအဖြစ်တိုက်ခိုက်ခဲ့သည့် စစ်ဆင်ရေး ၁၀ ရက်ကျော်အကြာတွင် နောင်ချိုမြို့ရှိ အမှတ် ၆၀၆ ဒုံးတပ်ရင်းကို…

ချင်းအမျိုးသားတပ်မတော်မှ ဖမ်းဆီးထားသည့်တပ်ဖွဲ့ဝင်(၂)ဦးကိုအမြန်ဆုံးပြန်လွှတ်ပေးရန်ယောကာကွယ်ရေးတပ်( YDF) တောင်းဆို

ခမ်းသားငေါဝ်း ဇူလိုင် ၁၀၊ ၂၀၂၄ ချင်းအမျိုးသားတပ်မတော် (CNA) မှ မကွေးတိုင်း ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ်(YDF) မှ တပ်ဖွဲ့ဝင် နှစ်ဦးအား အကြောင်းအရင်း ခိုင်လုံမှုမရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားသည့်အတွက် အမြန်ဆုံးပြန်လွှတ်ပေးရန် YDF မှ ဇူလိုင်လ (၉) ရက်နေ့တွင် သဘောထားထုတ်ပြန်ထားသည်။ YDF တပ်ဖွဲ့ဝင် နှစ်ဦးဖြစ်သည့် ထောက်ပို့မှူး ကိုအုပ်သိန်းနှင့် တပ်သား ကိုအောင်သက်ခိုင်တို့သည်…

လားရှိုးမြို့တွင် စစ်ဘေးရှောင်ရန်ဒေသခံပြည်သူများ ထွက်ပြေးလာစဥ် ကားထောင်ချီပိတ် မိနေ

ခမ်းသားငေါဝ်း ဇူလိုင် ၁၀၊ ၂၀၂၄ လားရှိုးမြို့တွင် စစ်ဘေးရှောင်ဒေသခံပြည်သူများ အလုံးအရင်းထွက်ပြေးနေရပြီး ကားထောင်ချီပိတ်မိနေကြောင်း စစ်ဘေးရှောင်လာသူတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ဒေသခံအမြောက်အများထွက်ပြေးတိမ်းရှောင်ရကာ ကားထောင်ချီပိတ်မိနေသည်။ ”အမတို့က ၇ ရက်နေ့ကတည်းစထွက်လာတာ၊ လမ်းမှာကတိုက်ပွဲဖြစ်နေတယ်ဆိုလို့ စစ်တပ်ဖက်ကပေးမထွက်ဘူး၊ အဲ့မှာတနေကုန်စောင့်နေရတယ်၊ အရမ်းဒုက္ခရောက်တာပဲ၊ ကားတွေလည်းထောင်ချီပြီးပိတ်မိနေတယ်၊ ၈ ရက်နေ့ မနက် ၄ နာရီလောက်တစ်ခါပြန်သွားတန်းစီတယ်၊ ၈ နာရီကျော်လောက်မှ မြို့ပြင်ဂိတ်ကနေ…

စီးပွားရေးဆိုင်ရာဥပဒေမူကြမ်းများကို KNU စီးပွားရေးကော်မတီကဦးဆောင်ပြီး ခရိုင်အဆင့်နှင့်တိုင်ပင်ဆွေးနွေးပွဲများပြုလုပ်နေ

ခမ်းသားငေါဝ်း ဇူလိုင် ၉ ၊ ၂၀၂၄ ကရင်ပြည်နယ် ကော်သူးလေးနယ်မြေတွင် ကျင့်သုံးမည့် စီးပွားရေးဆိုင်ရာ ဥပဒေမူကြမ်းများကို KNU စီးပွား‌ရေးကော်မတီမှ ဦးဆောင်၍ ခရိုင်နှင့် ဗဟိုအဆင့်တွင် တိုင်ပင်ဆွေးနွေးပွဲများပြုလုပ်ကြောင်း KNU ဗဟိုမှ ဇူလိုင်လ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ ကေအန်ယူဗဟိုစီးပွားရေးကော်မတီမှ ဇွန်လ (၂ ) ရက်နေ့မှ (၂၈) ရက်နေ့အထိ (၅)ရက်တာ ကြီးမှူးကျင်းပသည့်…

စစ်ကောင်စီတပ်စခန်း(၃)ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး နောင်ချို၊သီပေါနှင့် မိုးကုတ်မြို့တို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်းTNLAထုတ်ပြန်

ခမ်းသားငေါဝ်း ဇူလိုင် ၉ ၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း(၃)ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး နောင်ချို၊သီပေါနှင့် မိုးကုတ်မြို့နယ်တို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း TNLA က ဇူလိုင်လ (၈)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ယမန်နေ့ မနက်ပိုင်း (၄း၄၄)အချိန်တွင် တအောင်းတပ်မတော်TNLA၊ MDY PDFပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ ဒုံးတပ်(၆၀၆)တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇူလိုင်လ(၇)ရက်နေ့ ညနေပိုင်းတွင် တအောင်းတပ်မတော် TNLAမှ…

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၃ ရက်တိုက်ပွဲအတွင်းအရပ်သား ၅၀ နီးပါးသေဆုံး

ခမ်းသားငေါဝ်း ဇူလိုင် ၈ ၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲ ၁၃ ရက်အတွင်း အရပ်သား ၄၉ ဦးသေဆုံးခဲ့ပြီး ၆၇ ဦီးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က ဇူလိုင် ၇ ရက်ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။ ဇူလိုင်လ ၇ ရက်နေ့တွင် မိုးကုတ်မြို့ အနောက်ပိုင်း ဘောလုံးကျေးရွာ၌ စစ်ကောင်စီလက်နက်ကြီးတစ်လုံးကျ ရောက် ပေါက်ကွဲမှုကြောင့်…