Category: နိုင်ငံရေး / တိုက်ပွဲ

စစ်ကောင်စီက ပွန်ချောင်းတံတားကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၂၀၊ ၂၀၂၄ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်-ဟိုနမ့်ပွန်ချောင်း တံတားကိုစစ်ကောင်စီက လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲများဖြစ်ပွားနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ကယနေ့တွင်ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်- ဟိုနမ့်ပွန်ချောင်း တံတားကို ယနေ့မနက် ဆယ်နာရီခွဲအချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့်ဗုံး ၃ လုံးကြဲချခဲ့ပြီး ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသည်။ ” ဒီမနက် ၁၀ နာရီခွဲမှာ စစ်ကောင်စီက အများပြည်သူသွားလာနေတဲ့…

ရွာငံစစ်ဆေးရေးဂိတ် အလစ်ငိုက်တိုက်ခိုက်ခံရပြီး ရဲ ၅ ဦးသေဆုံး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၆၊ ၂၀၂၄ ရွာငံမြို့အထွက်ရှိ စစ်ဆေးရေးဂိတ်ကို တော်လှန် ရေးတပ်ဖွဲ့များ အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲ ၅ ဦးသေဆုံးခဲ့ကြောင်းဒေသခံတစ်ဦးထံမှ သိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့ အထွက်ရှိ စစ်ဆေးရေးဂိတ်ကို နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေခင်းအချိန်က တော်လှန်ရေးတပ်ဖွဲ့များ အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ” ရွာငံမှာလည်း တန်ဆောင်တိုင်ရှိတယ်၊ တချို့ကလည်း တောင်ကြီးတန်ဆောင်တိုင်ပွဲကိုလာတာပေါ့၊ သွားသွားလာလာနဲ့ အရမ်းရှုပ်နေတုန်း…

TNLA အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲ စစ်အင်အား ၁၀၀၀ ကျော်သင်တန်းဆင်းပွဲကျင်းပ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၄၊ ၂၀၂၄ တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)၏ အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲကို တအာင်းတပ်မတော် ထိန်းချုပ်နယ်မြေတစ်နေရာတွင် နိုဝင်ဘာလ (၉)ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း TNLA က နိုဝင်ဘာလ ၁၃ ရက်နေ့တွင်ထုတ်ပြန်ထားသည်။ အဆိုပါ အမျိုးသား အထူးတိုက်ခိုက်ရေးသင်တန်းတွင် အမှတ်စဥ်(က)နှင့် (ခ) ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းကာလအတွင်း စစ်ဆင်ရေးနှင့် ရှေ့တန်းတွင် တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့်ရှိစေရန်…

စစ်ကောင်စီ၏ တရားမဝင် သန်းခေါင်စာရင်း ကောက်ယူမှု မအောင်မြင်ကြောင်း GSCB ထုတ်ပြန်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၃၊ ၂၀၂၄ ရွေးကောက်ပွဲအတွက် စစ်ကောင်စီမှ သန်းခေါင်စာရင်း ကောက်ယူမှုသည် နိုင်ငံရေးအရ ထွက်ပေါက်ရှာနိုင်ရေးအတွက် ရှေးပြေးလုပ်ငန်းစဉ် တစ်ခုအဖြစ် လုပ်ဆောင်ခြင်း ဖြစ်ပြီး အောင်မြင်မှု မရှိကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု(GSCB)က နိုင်ဝင်ဘာ(၁၂)ရက်က သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီသည် (၂၀၂၄)ခုနှစ် သန်းခေါင်စာရင်းကောက်ယူသည့်ရက်ကို မူလ အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်အတွင်း သတ်မှတ်ခဲ့သော်လည်း မူလရက်ထက် (၁၅)ရက်တိုးပြီး အောက်တိုဘာလကုန်ထိ…

နောင်ချိုနှင့် မိုးကုတ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၂၀)ဦး သေဆုံး၊ (၂၄)ဦး ထိခိုက်ဒဏ်ရာရ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၃၊ ၂၀၂၄ နောင်ချို နှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၀ ဦးသေဆုံးပြီး ၂၄ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက် နောင်ချိုနှင့် မိုးကုတ်မြို့နယ်တွင် နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လယ် (၂း၄၃)နာရီအချိန်၌ စစ်ကောင်စီတပ်မှ နောင်ချိုမြို့မစျေးရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀)ဗုံး…

စစ်ကောင်စီကို သတင်းပေးသံသယရှိသူ နှစ်ဆယ်ကျော်ကို (MNDAA) ခေါ်ယူစစ်ဆေး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၁၃၊ ၂၀၂၄ လားရှိုးမြို့တွင် MNDAA ထိန်းချုပ်ပြီးနောက် စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုတွင် သတင်းပေး သံသယရှိသူ (၂၆)ဦးကို MNDAA မှ ခေါ်ယူစစ်ဆေးမှု လုပ်နေကြောင်း နိုဝင်ဘာ(၁၂)ရက်တွင် သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း လေကြောင်း တိုက်ခိုက်မှုတွင် စစ်ကောင်စီကို သတင်းပေးမှု သံသယရှိသူကို တွေ့ရှိခဲ့ရာမှ ခေါ်ယူစစ်ဆေးမှု ပြုလုပ်ရန် ခေါ်ဆောင်သွားပြီး…

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီး

ခမ်းသားငေါဝ်း နိုဝင်ဘာ ၅၊ ၂၀၂၄ နောင်ချိူမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် အများအပြား ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်းနိုဝင်ဘာလ၅ရက်နေ့တွင်PSLF/TNLAထုတ်ပြန်ချက်အရသိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိူမြို့နယ် မြောင်ဇီးရွာ၌ နိုဝင်ဘာလ (၄) ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် (၃)ကြိမ်တိုင်တိုင်လာရောက်ဗုံးကြဲချတိုက်ခိုက်ပြီး လက်နက်ကြီးပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ အနောက်ဘက်ခြမ်းရှိ ဒေသခံနေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်းဆိုထားသည်။ အလားတူ ယမန်နေ့၊…

ရပ်ရွာလုံခြုံရေးအတွက်ဟုဆိုကာ PNO၏တပ်သားစုဆောင်းခံရသူများ ရှေ့တန်းတွင်ကျဆုံးမှုရှိနေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၅၊ ၂၀၂၄ ညောင်ရွှေမြို့နယ်၊ ဘန့်ပြင်ကျေးရွာအုပ်စုတွင် ရပ်ရွာလုံခြုံရေးအတွက်ဆိုကာ PNOပြည်သူ့စစ်တပ်သားသစ်စုဆောင်းခံရသူများသည် ရှေ့တန်းစစ်မြေပြင်တွင် ကျဆုံးမှုရှိနေကြောင်း နိုဝင်ဘာလ(၅)ရက်နေ့တွင် ဒေသခံတစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ဘန့်ပြင်ကျေးရွာအုပ်စု၊ လွယ်လုံကျေးရွာတွင် နိုဝင်ဘာလ(၁)ရက်နေ့မှစပြီး စစ်ကောင်စီ၊ PNOပြည်သူ့စစ်နှင့်‌ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲထဲတွင် PNOပြည်သူ့စစ်က ရပ်ရွာလုံခြုံရေးအတွက်ခေါ်ဆောင်ခံရသူများ ကျဆုံးမှုများရှိနေသည်။ “သူတို့ကစစ်သားမဟုတ်ပါဘူး၊ အရင်ကရွာအတွက်ကာကွယ်ဖို့ဆိုပြီး PNO ကအခြေခံစစ်သင်တန်းခေါ်တက်တာ၊ နောက်ပိုင်းစစ်ဖြစ်တော့…

ညောင်ရွေမြို့နယ်၊ လွယ်လုံကျေးရွာတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေ

ခမ်းသားငေါဝ်း နိုဝင်ဘာ ၅၊ ၂၀၂၄ ညောင်ရွေမြို့နယ်၊ ဘန့်ပြင်ကျေးရွာအုပ်စု လွယ်လုံကျေးရွာတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်း ရှေ့တန်းမြေပြင်သတင်းရင်းမြစ်တစ်ဦးထံမှသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် ဘန့်ပြင်ကျေးရွာအုပ်စု လွယ်လုံကျေးရွာတွင် နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ၊ PNA တို့အကြားတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။ ” တိုက်ပွဲက ပြင်းထန်နေဆဲပဲ ၊ စစ်ကောင်စီဘက်က လေယာဥ်၊ဒရုန်းတွေနဲ့ကြဲတယ်၊ လွယ်လုံရွာမှာတိုက်ပွဲ ဖြစ်ပေမယ့် စစ်ကောင်စီက…

လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းထပ်မံတိုက်ခိုက်

ခမ်းသားငေါဝ်း နိုဝင်ဘာ ၅၊ ၂၀၂၄ လားရှိုးမြို့နယ် မယ်ဟန်ရွာကို စစ်ကောင်စီမှ ယနေ့မနက်တွင် ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံထံမှ သိရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ် မယ်ဟန်ရွာကို ယနေ့ နံနက် (၁)နာရီကျော်အချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့် (၂)ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ” ရွာကလူတချို့က ဗုံးကြောက်လို့ လားရှိုးမြို့ဘက် ရှောင်လာကြတာ…