Category: ဒေသသတင်း/ ရိုးရာ

စစ်ကောင်စီဦးဆောင်ကျင်းပသည့် အင်းလေးဖောင်တော်ဦးဘုရားပွဲကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်

ခမ်းသားငေါဝ်း အောက်တိုဘာ ၂၂၊ ၂၀၂၃ စစ်ကောင်စီဦးဆောင်ကျင်းပသည့် ဖောင်တော်ဦးဘုရားပွဲကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် မနေ့က တက်ရောက်ခဲ့ကြောင်း အင်းဒေသခံအမျိုးသားတစ်ဦးမှသိရသည်။ စစ်ခေါင်းဆောင်တက်ရောက်သည့် အင်းလေး ဖောင်တော်ဦးဘုရားပွဲကိုစစ်ကောင်စီက လုံခြုံရေးတင်းကြပ်စွာချထားခဲ့ကြောင်း သိရသည်။ “ဘုရားကြွတဲ့အပေါ်မူတည်ပြီးတော့ ဒီနိုင်ငံတော်အဆင့် အကြီးအကဲတွေကတော့ ဖောင်တော်ဦးဘုရားကို…

အင်းလေးဖောင်တော်ဦးဘုရားပွဲ ယခင်နှစ်အတိုင်းစည်ကားမြဲဟုဆို

ခမ်းသားငေါဝ်း အောက်တိုဘာ ၁၅၊ ၂၀၂၃ ယခုနှစ် စစ်ကောင်စီ ဦးဆောင်ကျင်းပသည့် အင်းလေးဖောင်တော်ဦးဘုရားဒေသစာရီကြွချီပွဲသည် ယခင်နှစ်အတိုင်း ပွဲတော်လာပြည်သူများစည်ကားနေကြောင်း ပွဲသွားသူအမျိုးသားတစ်ဦးထံမှသိရသည်။ ဖောင်တော်ဦးဘုရားသည် ယနေ့ နံနက် ၄ နာရီအချိန်၌ ဖွင့်ပွဲအခမ်းအနားစတင်ပြီး ၇ နာရီအချိန်တွင် အင်းတိန်ကြေးပေါခုံကျောင်းကို…

စားဝတ်နေရေးအတွက် စိုက်ရသည့် ဘိန်းခင်းများ ဖျက်ဆီးခံရမည်ကို စိုးရိမ်ကြောင်း ဒေသခံများပြော

ခမ်းသားငေါဝ်း စက်တင်ဘာ ၂၄၊ ၂၀၂၃ စစ်အာဏာသိမ်းပြီးနောက် လွိုင်လင်မြို့အနောက်ဘက်ရှိတောင်ပေါ်ဒေသများတွင် ဘိန်းစိုက်ပျိုးမှုများလာပြီး ယခင်နှစ်ကလို ဘိန်းခင်းများဖျက်ဆီး ခံရမည်ကိုစိုးရိမ်ကြောင်းဒေသခံများထံမှသိရသည်။ ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းကဘိန်းပန်းပွင့်ချိန်တွင် အဆိုပါဒေသရှိ ဘိန်းခင်းပုံများအွန်လိုင်းတွင်ပျံ့နှံ့ခဲ့ပြီး ဘိန်းခင်းအကုန်လုံးနီးပါးဖျက်ဆီး ခံခဲ့ရကြောင်းဆိုသည်။ “အဲ့ချိန်က လက်ကမြင်းထပြီးပုံရိုက်ပြီးလိုင်းပေါ်တင်လိုက်လို့တဲ့ အဲ့နဲ့ရဲတွေ စစ်သားတွေက…

တိုက်ပွဲကြောင့်နေရပ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် နန်းနိမ့်ရွာဒေသခံများ နေရပ်ပြန်လာနိုင်ပြီဟုဆို

ခမ်းသားငေါ၀်း စက်တင်ဘာလ ၄၊ ၂၀၂၃ တိုက်ပွဲ ကြောင့်နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည့် ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်‌ ကျေးရွာရှိ ဒေသခံ​ပြည်သူများသည် မိမိနေအိမ်သို့ပြန်လာပြီး စိုက်ပျိုးလုပ်ကိုင် နေကြပြီဖြစ်ကြောင်းစက်တင်ဘာလ ၄ ရက်နေ့ကသိရသည်။ နန်းနိမ့်ကျေးရွာဒေသခံများသည် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ်ရှိ ပင်ခွန်…

နန်းတုတ်တွင် PNO ပအိုဝ်းပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

ခမ်းသားငေါဝ်း ဩဂုတ် ၂၉၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင်းနေထိုင်သည့် စစ်ကောင်စီလက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ် အဖွဲ့ဝင်တစ်ဦး အယ်ဝေး က ဩဂုတ်လ ၂၈ ရက်နေ့တွင် ပစ်သတ်ခံခဲ့ရကြောင်း ခမ်းသားငေါဝ်း သတင်းရင်းမြစ်ထံမှ သိရပါသည်။ ၄င်းသည်…

ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီပွဲအား ရပ်ဝေး/ရပ်နီးမှ ပြည်သူများလာရောက်ဖူးမျှော်နိုင်ကြောင်း ဖိတ်ခေါ်

ခမ်းသားသငါဝ်း ဩဂုတ် ၂၄၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ညောင်ရွှေမြို့နယ်၊အင်းလေးဒေသရှိ ဖောင်တော်ဦးဘုရားရုပ်ရှင်တော်မြတ်ကြီးအား (၂၁)ဌာန ဒေသစာရီကြွချီပွဲကျင်းပမည်ဖြစ်ပြီး ရပ်ဝေး/ရပ်နီးမှပြည်သူများလာရောက်ဖူးမျှော်ကြရန် ဖိတ်ခေါ်ထားပါသည်။ နှစ်ပေါင်း ၄၀၀ ကျော်ရှိပြီဖြစ်သည့် ဒေသစာရီကြွချီပွဲအား ရိုးရာမပျက်အစဥ်အလာထိန်းသိမ်းသည့်အနေဖြင့် ၃နှစ်ကြာမကျင်းပဖြစ်ရာမှ ယခုနှစ်တွင်ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ” ဒေသခံပြည်သူတွေကလည်း စိတ်ထဲပီတိဖြစ်တာပေါ့ဗျာ၊…

ဖောင်တောင်ဦးဘုရားရုပ်ရှင်တော်မြတ်ကြီးအား ရိုးရာမပျက်(၂၁)ဌာန အပူဇော်ခံကြွရောက်သွားမည်

ခမ်းသားငေါဝ်း ဩဂုတ် ၁၀၊၂၀၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊အင်းလေးဒေသရှိ ဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်ကြီးအား ရိုးရာမပျက် (၂၁)ဌာနသို့ ဒေသစာရီကြွချီအပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။ နှစ်ပေါင်း ၄၀၀ ကျော်ရှိပြီဖြစ်သည့် ဒေသစာရီကြွချီပွဲ ရိုးရာအစဥ်အလာအား ထိန်းသိမ်းသည့်အနေဖြင့် ယခုနှစ်တွင်ပြန်လည်ကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ်တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ”…

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) ဖွဲ့စည်းတည်ထောင်ကြောင်း အသိပေး

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၉၊၂၀၂၃ ဓနုလူငယ်များနှင့် ဒေသတွင်းရှိပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ​စုပေါင်း၍ ညီနောင်တိုင်းရင်းသားလက်နက်ကိုင်ဒေသအခြေစိုက်တစ်နေရာတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)ကို ဖွဲ့စည်းတည်ထောင်ပြီးဖြစ်ကြောင်း ဇူလိုင်လ၂၉ ရက်နေ့တွင် ထုတ်ပြန်အသိ‌ပေးပါသည်။ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦးသည် ဘုံရန်သူစစ်ကောင်စီအုပ်စုကို အမြစ်ဖြတ်ချေမှုန်းရန် နှင့် ဘုံရည်မှန်းချက်တူညီသည့် မည်သည့်အဖွဲ့အစည်းမဆိုပူးပေါင်းတော်လှန်သွားမည်​ဖြစ်ကြောင်းဆိုပါသည်။ ”…

ဈေးကွက်တွင် နာနတ်သီး ဈေးကောင်း‌သလောက် စိုက်ပျိုးသူထံတွင် ဈေးကောင်းမရ

ခမ်းသားငေါဝ်း ဇူလိုင်လ ၂၀၊၂၀၂၃ ယခုနှစ်ရာသီထွက် နံနက်သီးများသည် ဈေးကွက် နှင့်စားသုံးသူများထံအ‌ရောက်တွင် ဈေးကောင်းလျက်ရှိပြီး မြေပြင်၌ စိုက်ပျိုးလုပ်ကိုင်‌နေသည့်တောင်သူများထံတွင် ဈေးကောင်းမရ‌နေကြောင့် သိရပါသည်။ ယခုအချိန် တောင်ကြီးမြို့ပေါ် နှင့် ဈေးကွက်များတွင် နာနတ်သီး အကြီးတစ်လုံးကို – ၆၅၀…

စစ်ကောင်စီလေကြောင်းတိုက်ခိုက်သဖြင့် စစ်ရှောင်ပြည်သူများထိုင်နယ်စပ်သို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေရ

ခမ်းသားငေါဝ်း ဇူလိုင်လ ၁၃၊၂၀၂၃ ထိုင်း- မြန်မာနယ်စပ်ရှိ ဒေါနိုးကူစစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက ဇူလိုင်လ ၁၂ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်သဖြင့် စစ်ရှောင်အများအပြား ထိုင်းနယ်စပ်သို့ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ” အခြေနေက ရှုပ်ထွေးနေတော့ စစ်ရှောင်အရေအတွက် အတိအကျမသိရသေးဘူး၊ နေရာလည်း…